Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 9, 2015

အစာ အဆိပ်နှင့် ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင်


အစာ အဆိပ်နှင့် ကူးစက်ရောဂါများ မဖြစ်ပွားလိုလျှင်
==================================

ဈေးမှဝယ်လာသော သားစိမ်း ငါးစိမ်းများတွင် ရောဂါဖြစ်စေနိုင်သည့် ဘက်တီးရီးယားပိုးများ ပါရှိနေနိုင်သည်။ သားငါးများကို နူးနူးနပ်နပ်ချက်ပြုတ်လိုက်သည့်အခါ ယင်းဘက်တီးရီးယား တို့သည် သေဆုံးသွားသည်က များ၏။ နူးနနူးနပ်နပ်မချက်ပြုတ်ဘဲ စားသုံးမိလျှင်မူ ဘက်တီးရီးယားပိုးများကြောင့် ရောဂါအမျိုးမျိုး ရရှိနိုင်ပါသည်။

တချို့သော ဘက်တီးရီးယားပိုးများသည် အသားငါးထဲတွင် အကောင်ဘ၀၊ အကောင်သဏ္ဌာန် (Vegetative Form) ရှိနေခြင်းမဟုတ်ဘဲ မျိုးအောင်းစေ့ (Spore) ဘ၀နှင့် ရှိနေတတ်လေသည်။ ဘက်တီးရီးယားပိုးများကို အကောင်ဘ၀ (Vegetative Form) တွင် အပူပေး၍သတ်ရန် လွယ်ကူးသော်လည်း မျိုးအောင်းစေ့ (Spore) များသည် အသား၊ ငါးကို တော်ရုံတန်ရုံ အပူပေး၍ ချက်ပြုတ်ရုံနှင့် သေမသွားတတ်ပါ။ အသား၊ ငါးကို ချက်ပြုတ်ပြီး ချက်ချင်းမစားသောက်ဘဲ ကြာရှည်စွာထားမိပါက အပူချိန်တဖြည်းဖြည်းကျလာနေစဉ် မျိုးအောင်းစေ့ (Spore)ဘ၀မှ အကောင်ဘ၀ (Vegetative Form) သို့ ပြောင်းလဲလာပြီး ရောဂါဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် အသား၊ ငါးများကို စားသုံးလျှင်—

အမဲသား၊ ဆိတ်သား၊ ကြက်၊ ဘဲ၊ ငန်း၊ စသည့် အသားအမျိုးမျိုးကို စားသုံးသည့်အခါ အသားများ ကို အတုံးကြီးကြီးတုံး၍ ချက်ပြုတ်လျှင် ပို၍ဂရုစိုက်ဖို့လို၏။ အမဲသား၊ ၀က်သားတုံးများကို အတုံးကြီးကြီးတုံး၍ ချက်လျှင် အသားတုံး၏ အတွင်းအကျဆုံး အပိုင်းတွင်ရောက်အောင် ချက်ပြုတ်မှသာ စိတ်ချရလေသည်။

ခရုကမာ (Shellfish, Oyster)တို့သည် ကောင်းစွာ မချက်ပြုတ်ဘဲ စားလျှင် အန္တရာယ်ပေးနိုင် သည့်အစာများ ဖြစ်ပါသည်။ ခရုကမာအခွံကို သေသေချာချာ ပွတ်တိုက်ဆေးကြောပြီးမှ အိုးထဲထည့်ရပါမည်။ ချက်ပြီး ခရုကမာများကို မချက်ရသေးသည့် ခရုကမာကောင်အစိမ်းများ လှီးဖြတ်တုံးတစ်သည့်နေရာတွင် လှီးဖြတ်ခြင်း မပြုသင့်ပေ။ ခရုကမာဟင်းကို နေ့ဖို့ည စာ ချန်ထားလျှင် အန္တရာယ်များသဖြင့် စား၍ကုန်နိုင်ရုံသာ ချက်စားပြီး၊ မကုန်လျှင် သွန်ပစ်သင့်ပါသည်။

အသား ငါးတို့ကို အပူရှိန်ပြင်းပြင်းပေးပြီး မြန်မြန်ကျက်အောင်ချက်ပြုတ်ခြင်းသည် စိတ်အချရဆုံး ဖြစ်၏။ ဆီပူနှင့်ကြော်ခြင်း၊ အတုံးသေးသေးတုံးပြီး ကျက်အောင် မီးကင်ခြင်း၊ မီးအုံးခြင်း၊ လေဖိအားပြင်းပြင်းနှင့် ပေါင်းခြင်း (Steaming under pressure) စသည်တို့ဖြစ်ပေသည်။

လေဖိအားသုံး ပေါင်းအိုးများဖြင့် သားငါးများကို အချိန်တိုတိုအတွင်း ကျက်အောင်ချက်ပြုတ်နိုင်၏။ လေဖိအားနှင့် အပူချိန်ကို တပြိုင်နက်တွဲ၍သုံးသော ဤနည်းတွင် ဘက်တီးရီးယားများသာမက ယင်းတို့၏ မျိုးအောင်းစေ့ (Spore) များကိုပင် ပျက်စီးအောင် ဖျက်ဆီးသတ်ဖြတ်နိုင်လေသည်။

အသား ငါးများကို ချက်ပြုတ်ရာတွင် အပူချိန် မည်မျှရောက်အောင် ပေးနိုင်သည်ဆိုသောအချက်က အရေးအကြီးဆုံး ဖြစ်ပေသည်။ လုံလောက်သည့် အပူချိန်ပေး၍ ကျက်အောင်၊ နူးနပ်အောင် ချက်နိုင်မှ အန္တရာယ်ကင်းမည်ဖြစ်၏။ မကျက်တကျက် ချက်ထားသော အသား ငါး ကိုမှ စားလိုသည်ဆိုလျှင် ရောဂါပိုးကင်းသည့် တိရစ္ဆာန်၏ လတ်ဆတ်သောအသား၊ ရောဂါပိုးကင်း၍ လတ်ဆတ်သော ငါးဖြစ်ကြောင်း သေချာဖို့လိုပါသည်။ (ခရု၊ ကမာကဲ့သို့ သတ္တ၀ါများတွင် ရောဂါပိုးကင်းသည်ဟု မည်သို့မှ တပ်အပ်သေချာစွာ မပြောနိုင်ပါ)။

အပူချိန်လုံလုံလောက်လောက်နှင့် ကျက်အောင်ချက်ထားသောအသားသည် အညိုရောင် ဖြစ်ရပါမည်။ အသားတုံး၏ အတွင်းပိုင်းသည် အညိုရောင်သို့ မပြောင်းသေးဘဲ နီမြဲနီနေလျှင် မကျက်သေးကြောင်း သိနိုင်၏။ Salmonella နှင့် Clostridium perfringens ဘက်တီးရီးယားများကြောင့် အစာလမ်းကြောင်း ရောဂါဖြစ်ခြင်း၊ လူအမြောက်အမြား တပြိုင်နက် အစာအဆိပ်သင့်ခြင်းတို့ ဖြစ်ပွားရာတွင် မကျက်တကျက် ချက်ထားသော အမဲသားကို စားသောက်မိခြင်း-မသန်ရှင်းသော ချက်ပြုတ်အသုံးဆောင်ပစ္စည်းများဖြင့် ချက်ပြုတ်ခြင်း-ဘက်တီးရီးယားပိုးဝင်နေသည့် အချိန်ကြာ ထားသည့် ငါးငါးများ ကြောင့် ဖြစ်သည် အကြောင်းရင်းဖြစ်တတ်ပါသည်။

အသား ငါး စားခြင်းနှင့် သန်ကောင်ရောဂါများ
------------------------------------------------
ကလေးကို အသား၊ ငါး ကျွေးလျှင် သန်ကောင်ရောဂါရတတ်သည်ဟု ကလေးမိဘ အတော်များများက အထင်မှားနေကြပါသည်။ သူတို့သိထားသော သန်လုံးကောင် (Ascaris) များကို အသား၊ ငါး စားခြင်းကြောင့် ရရှိခြင်းမဟုတ်ပေ။ ရေလောင်းအိမ်သာ၊ တွင်းနက်အိမ်သာ စသည့် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်သာများ မသုံးစွဲခြင်း၊ တကိုယ်ရေ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကူးစက်ခြင်းသာဖြစ်လေသည်။

အသား၊ ငါးတို့ကို နူးနပ်အောင် ချက်စားခြင်းဖြင့် ထိုအစာများမှ ရရှိနိုင်သော အဓိက အာဟာရဓာတ်ဖြစ်သည့် ပရိုတင်းများ ပျက်စီးလျော့နည်း မသွားပါ။ တနည်းပြန်ပြောရလျှင် အသား၊ ငါးတို့ကို အစိမ်း သို့မဟုတ်-မကျက်တကျက် စားခြင်းဖြင့် ထူးထူးခြားခြား အာဟာရတန်ဖိုး တက်မလာပါ။ ရောဂါရနိုင်သည့် အန္တရာယ်သာ ပို၍များပါသည်။
(ထို့အတူ ကြက်ဥအစိမ်းကို ဖောက်သောက်ခြင်းသည် ကြက်ဥကို ကြော်စားခြင်း၊ ပြုတ်စားခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။
အလားတူပင် နွားနို့ကို မကျိုဘဲ အစိမ်းသောက်ခြင်းသည် ကျက်အောင် ကျို၍သောက်ခြင်းနှင့် အာဟာရတန်ဖိုး မကွာခြားပါ။ ရောဂါရဖို့ အန္တရာယ်သာ ပိုများပါသည်။)
မြန်မာလူမျိုးတို့၏ ဓလေ့အတိုင်း အသား၊ ငါးတို့ကို နူးနပ်အောင် ချက်ပြုတ်ပြီးမှစားခြင်း၊ ထမင်းဟင်းများကို ပူပူနွေးနွေး စားသုံးခြင်းတို့သည် ကျန်းမာရေးရှုထောင့်မှကြည့်လျှင် ကောင်းမွန်လှသဖြင့် ဆက်လက်ကျင့်သုံးသင့်ကြောင်း ပြောလိုပါသည်။ မြန်မာမိသားစုအများစု၏ မီးဖိုချောင်အခြေအနေ ပတ်ဝန်းကျင်အခြေအနေတို့နှင့်လည်း ကိုက်ညီသည့်စနစ်ဖြစ်ပါသည်။

Ref;
ပေါက်ခေါင်းသတင်း
Source: ဒေါက်တာလှကြည် (Lifestyle ၂၀၀၁-ခု ဖေဖော်ဝါရီလ)
Rachanok Min Burma

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။