Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 11, 2015

ဂန့်ဂေါမဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဦးလှဆွေနှင့် တွေ့ဆုံခြင်း


“ကျွန်တော် နိုင်ငံရေးလောကကို ကျောခိုင်းတော့မယ်ဗျ”
--------------------------------------

ဂန့်ဂေါမဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဦးလှဆွေနှင့် တွေ့ဆုံခြင်း

Voice : ခုရွေးကောက်ပွဲအပြီး ရလဒ်က ထွက်ပြီးပြီပေါ့။ အဲ့တော့ အန်ကယ့်အနေနဲ့ နိုင်ငံရေးလောကကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ်လို့ ရည်မှန်းထားလဲဗျ။

UHS : ကျွန်တော် နိုင်ငံရေးကို စိတ်ကုန်သွားပြီဗျ။ စိတ်ကုန်သွားတာ ဘာလို့လဲဆိုတော့ ကျွန်တော်က စစ်သားဆိုတော့ ကျွန်တော့်ပုံစံကလည်း စစ်သားပုံစံ ဖြစ်နေတယ်။ ကျွန်တော်က ငါ မှန်တာလုပ်ရင် ငါ့ကို လူတွေက ထောက်ခံရမယ်။ ငါလည်း မှန်တာလုပ်သေးတယ် ငါ့ကိုမထောက်ခံဘူး။ ကျွန်တော်က မကြိုက်ဘူး။ အေး အဲဒါဆိုရင် မင်းတို့ ငါ့ထက်တော်တဲ့သူကို မင်းတို့ ရွေးချယ်တယ်။ အဲလူလုပ်တာပဲ ယူပေါ့။ ကျန်စစ်သားက စောလူးမင်းကိုခိုးသလို မင်းဆိုးမင်းညစ် လက်ထဲ ခွေးသေဝက်သေ ကျန်ရစ်ခဲ့ပေတော့လို့ ပစ်ထားခဲ့တာလေ။
အဲ ကျွန်တော့်ကို ဂန့်ဂေါနယ်က မရွေးချယ်ခဲ့ဘူး။ ကျွန်တော့်ရွာမှာ ကျွန်တော်နိုင်တယ်။ ကျွန်တော် ပြိုင်ဘက်က ရွာခံလူ။ ကျွန်တော်က ဧည့်သည်လို ပြိုင်ရတယ်။ ဒါပေမဲ့ သူနေတဲ့ရွာမှာ ကျွန်တော် နိုင်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြူးလွင်ကို နိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှုံးခဲ့တယ်လို့ ပြောချင်တယ်။ မဲလာဆွယ်တဲ့ ရာဇာနေဝင်းတို့၊ ဗေလုဝတို့က ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးပါ၊ ဗိုလ်ချုပ်အောင်ဆန်းကို မဲပေးပါ၊ NLD ကို မဲပေးပါလို့ မဲဆွယ်ခဲ့တာ။ ပြူးလွင်ကို မဲပေးပါလို့ တစ်ယောက်မှမပြောဘူး။ ဒါကြောင့်မို့ ကျွန်တော်သည် ပြူးလွင်ကို သူတို့ရွာမှာ နိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ရှုံးခဲ့တယ်လို့ ပြောတာ။ ဒီအတွက် ကျွန်တော် ဂုဏ်ယူတယ်။
ဒါပေမဲ့လို့ ဂန့်ဂေါ တစ်နယ်လုံးက မဲတွေပေါင်းတော့ ကျွန်တော်ရှုံးတယ်။ ရှုံးတဲ့အတွက်ကြောင့် ကျွန်တော်က ပုဆိုးလေး ဖုန်ခါပြီး ထသွားမယ်။ အဲဒါကြောင့် စောလူးမင်းကို ကျန်စစ်သားကယ်သလိုကို ခွေးသေဝက်သေ သေလို့ပြောပြီး ပစ်ချထားခဲ့မှာ။

Voice : အခု အန်ကယ်ရဲ့ မဲရလဒ်က NLD အမတ်လောင်းနဲ့ မဲဘယ်လောက် ကွာနေတာလဲဗျ။

UHS : ကျွန်တော် ကွာခြားတဲ့ မဲအနေအထား အသေးစိတ် တွက်ချက်တဲ့အထဲ ကျွန်တော်မပါဘူးဗျ။

Voice : ခုလာမယ့် အစိုးရသစ် ငါးနှစ်သက်တမ်း ပြီးရင်ရော နိုင်ငံရေးလောကထဲ ပြန်ဝင်မယ်လို့ စိတ်ကူး ရှိလားခင်ဗျ။

UHS : ကျွန်တော် နိုင်ငံရေးလောကကို ကျောခိုင်းမယ်။

Voice : အဲလိုဆိုရင် အန်ကယ်က နိုင်ငံ့တာဝန်ကို စစ်တပ်မှာလည်း ပြန်တမ်းဝင် အရာရှိတစ်ယောက် အနေနဲ့ ထမ်းဆောင်ခဲ့ဖူးတာလည်း ရှိခဲ့ဖူးတယ်။ ခု အခြေအနေမှာကျတော့ ဒီပြည်သူတွေ အတွက်ကို လှည့်မကြည့်ချင်တော့တဲ့ သဘောလား ခင်ဗျ။

UHS : တစ်ခုရှိတယ်။ ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ အကယ်၍သာ ကျွန်တော် ဝန်ကြီးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရုံးခန်းကို ဂိတ်ပေါက်ဝမှာ ထားမယ်လို့ တွေးထားဖူးတယ်။ ဝန်ကြီးဌာနတွေကို ဘယ်သူဝင်မှာလဲ၊ ဝင်ခဲ့စမ်း။ ဘယ်သူ့ကိုတွေ့မလဲ၊ ဘယ်ညွှန်မှူးကိုတွေ့မလဲ၊ ပြော။ ပြီးရင် အဆင်ပြေ မပြေ ငါ့ကိုပြော။ အဲ လာတွေ့တဲ့သူကို ရှာ။ ဘာပါလဲ ဘာမှမပါဘူးဆို သွားတွေ့။ ဘာပြန်ပြောလဲ ငါ့ကိုပြော ဆိုပြီးတော့မှ ကျွန်တော်က ရစ်တဲ့ညွှန်မှူးတွေ ဝန်ထမ်းတွေကို ပညာပေးမလို့။ ကျွန်တော် ဝန်ကြီးကိုယ်တိုင် ဂိတ်ပေါက်ဝမှ ထိုင်ပြီဆိုတော့ အလုပ်က ဖြစ်ပြီပေါ့။ ခုခေတ်က ဝန်ကြီးမသိဘဲ အောက်မှလုပ်နေတာတွေ အများကြီးပဲ။ အဲလိုမျိုး ကျွန်တော် စိတ်ကူးယဉ်ဖူးတယ်။ အဲလိုမျိုး ဝန်ကြီးဌာနကို အောက်ခြေကစပြီး ကြပ်မတ်လိုက်ရင် အဲဝန်ကြီးဌာနက အချိန်တိုအတွင်းမှာ တိုးတက် မှန်ကန်သွားလိမ့်မယ်လို့ မြင်မိတယ်။ ဒါပေမဲ့ ကျွန်တော် ဒါမျိုးလုပ်ခွင့် မရခဲ့ဘူးပေါ့။

Voice : သဘောက အန်ကယ့်အနေနဲ့ လုပ်ပိုင်ခွင့်၊ အာဏာအခွင့်အရေး ရမှ ပြည်သူကို ပြန်ကြည့်လို့ရမယ် ဆိုတဲ့ သဘောကို ပြောတာလားခင်ဗျ။

Voice : မဟုတ်ဘူးဗျ။ ကျွန်တော်သာ ဝန်ကြီးဖြစ်ခဲ့ရင် ကျွန်တော် အဲလိုလုပ်မှာလို့ ပြောတာ။ ဆိုလိုတာ ကတော့ အခု ကျွန်တော်တို့ ထောက်ပြနေတာတွေ အများကြီးရှိတယ်လေ။ ကျွန်တော် ကိုယ်တိုင်လည်း အခုလည်း ထောက်ပြနေတာပဲ။ ကျွန်တော်ကတော့ နိုင်ငံရေးလောကကို မလုပ်တော့ဘူး။ ဘာခေါ်မလဲ အခုဟာက တကယ် လုပ်နိုင်ကိုင်နိုင်တဲ့သူကို ရွေးတာမှ မဟုတ်တာ လူတွေကလေ။ သူတို့က လုပ်နိုင်တဲ့သူကို မဲထည့်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို မဲထည့်တာ။ ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်ထဲလာမှာ မဟုတ်ဘူးဗျ။ သူတို့ရဲ့ခံစားချက်ကလည်း အရင် အစိုးရအဆက်ဆက်က လူကြီးတွေ အကျင့်ပျက် ခြစားတာတွေကို သူတို့မြင်လာခဲ့လို့ စိတ်ကုန်နေတာပေါ့နော်။ ဒါကြောင့် NLD မဲနိုင်သွားတယ်လို့ ကျွန်တော် ယုံကြည်တယ်။
အစိုးရကို မကြည်ညိုတဲ့သူတွေမှ NLD ရောက်တာကိုးဗျ။ ဘယ်လိုများ ပြောင်းလဲလာမလဲ ဆိုတာ ကျွန်တော် ရိုးရိုးပြည်သူတစ်ယောက် အနေနဲ့ ကျွန်တော်ကြည့်မယ်။ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ ကျွန်တော်မကြည့်ဘူး။ ဘာမှလဲမဝေဖန်ဘူး။ ဝေဖန်စရာလည်း မလိုဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ထဲထဲဝင်ဝင် မပတ်သက်တော့ဘူး။

Voice : ခုလွှတ်တော်အဟောင်း ဆိုပါတော့။ အဲဒီမှာ အန်ကယ့်အနေနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာ ရှိတယ်။ ခုလာမယ့် လွှတ်တော် အစိုးရသစ်မှာ တစ်ပါတီတည်း အတိုက်အခံ ပြန်ပြီးပြောမယ့် သူတွေရော ရှိလာနိုင်မယ်လို့ ထင်လားဗျ။

UHS : မြင်တယ်ဗျ။ သူတို့ NLD ကနိုင်တဲ့သူတွေကို ကြည့်လိုက်ရင် ခံစားချက်ကြီးတွေနဲ့ ပြောလိမ့်မယ်။ မယုံရင်ကြည့်။ ခံစားချက်ကြီးတွေကိုးဗျ။အရေးကြီးတာက အဲဒါတွေကို မျှဉ်းပိတ်လိုက်ပြီး တိုင်းပြည်တိုးတက်ရေးကိုပဲ လုပ်ဖို့ လိုတယ်ဗျ။ ဒါပေမဲ့ ကျွန်တော် မြင်ပါတယ် လာမယ့်လွှတ်တော် (အစိုးရသစ်)ဟာ ကွာလတီပိုင်းဆိုင်ရာ မြင်တွေ့ရမယ့် ပုံစံကို ပူပန်မိတယ်။

Voice : တစ်ခုရှိသေးတယ်ဗျ။ ဂန့်ဂေါနယ်မှာ အန်ကယ်က နိုင်ရမယ်ဆိုတဲ့ စိတ်ကို ထားခဲ့တယ်။ မနိုင်ခဲ့ရင် နိုင်ငံရေးအစား ဘာသာရေးကို လုပ်တော့မယ်ဆိုတဲ့ စိတ်ကူးထားတာမျိုးရော ရှိလားဗျ။

UHS : မရှိဘူးဗျ။ ကျွန်တော် အခု အသက် ၅၅ နှစ်လေ။ ကျွန်တော်က စီးပွားရေးက ဘာမှမရှိဘူး။ ကားတစ်စီးတောင် ကျွန်တော်မပိုင်ဘူး။ ကိုယ်ပိုင်ကား တစ်စီးတောင် ကျွန်တော်မရှိဘူး။ ဒီရွေးကောက်ပွဲမှာ တာဝန်ပေးတယ်၊ ကြိုးစားတယ်၊ မအောင်မြင်ဘူး။ နောက်ထပ် ငါးနှစ်ဆိုရင် ကျွန်တော် အသက် ၆၀ ဖြစ်ပြီ။ ဥပမာ - ကြံ့ခိုင်ရေးပါတီက နုတ်ထွက်သင့်ရင် နုတ်ထွက်ရမယ်။ နုတ်ထွက်ပြီး အရန်အင်အားနေရာမှာ နေမယ်။ ကိုယ့်ဘာကို စီးပွားရေးလေး ဘာလေး လုပ်ပြီးတော့မှ ကျွန်တော်ရဲ့မိသားစု စားဝတ်နေရေးကို လုပ်မယ်။ ကျွန်တော်က ဘာမှရှိတဲ့အကောင် မဟုတ်ဘူးလေ။ ကိုယ်ပိုင်ကားတောင် တစ်စီးမှ မရှိတော့ ခင်ဗျားစဉ်းစား ကြည့်ပေါ့နော်။

Voice : အန်ကယ် အခုစီးနေတဲ့ ဖားပြုပ် (ပါဂျဲရိုကား) က ပြန်အပ်ရမယ့် သဘောလားခင်ဗျ။

UHS : မဟုတ်ဘူးဗျ။ ဒါက ဖားပြုပ်က ပတ္တမြားနဂါး ဦးနေဝင်းထွန်းက ပတ္တမြားနဂါး ဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူးမို့လို့ ကျွန်တော့်ကို ပေးတာလေ။ ဖောင်ဒေးရှင်းမှာ အကျိုးအမြတ် မယူဘူးဆိုရင် လုပ်မယ်ဆိုတော့ အတွင်းရေးမှူး လုပ်ခဲ့တာ။၊ အဲဒါကြောင့် ကျွန်တော့်ကိုပေးထားတာ။ ကျွန်တော် အတွင်းရေးမှူး လုပ်နေသရွေ့ ပေးထားတာ။ ကျွန်တော့်ကားမဟုတ်ပါဘူး။

Voice : ပြီးတော့ ကျွန်တော်တို့ သိရှိရသလောက် ဆိုရင် လက်ရှိလွှတ်တော်ထဲမှာ တော်တော်များများ ဝေဖန်ပြောဆိုခဲ့တဲ့ အန်ကယ်တို့လို အမတ်တွေ မပါတော့ဘူး ဆိုတော့ လုပ်ဆောင်ချက်တွေ စည်ကားနေမယ် လို့ရော ထင်လားဗျ။

UHS : ဒီလိုတော့ရှိတယ်။ မည်သည့်ကိစ္စမဆို ဒေါ်အောင်ဆန်းစုကြည် ကပဲ ထိန်းချုပ်မယ် ဆိုတော့ လွှတ်တော်ကြီးဟာ အသက်ဝင်မယ်လို့ မထင်ဘူး။ အကုန်လုံး လက်ညှိုးထောင်ခေါင်းညိတ် ဖြစ်သွား မယ်။

Voice : ကျွန်တော် တစ်ခုမေးချင်တာက နိုင်ငံရေးကို အန်ကယ်က ဆုတ်ခွာမယ်။ ပါတီက နုတ်ထွက်သင့်ရင် နုတ်ထွက်မယ်လို့ ပြောထားတဲ့ အတွက်ကြောင့်မို့ ဒီနိုင်ငံအတွက် တစ်ဖက်က အကျိုးပြုတဲ့ ဥပမာ- စာရေးတဲ့ အလုပ်မျိုး၊ ထောက်ပြဝေဖန်တာမျိုး အခြားတစ်ဖက် တစ်လမ်းက ကူပေးမယ့် အစီအစဉ်ရော ရှိလားခင်ဗျ။

UHS : ကျွန်တော် Mood ဝင်လာရင်တော့ စာရေးမယ်။ ကျွန်တော် Eleven ကလွဲပြီး ကျန်တဲ့ဟာတွေမှာ ရေးမယ်။

Voice : လက်ရှိက အန်ကယ် ဘာစီးပွားရေး လုပ်မယ်လို့ ဆုံးဖြတ်ထားလဲဗျ။

UHS : ကျွန်တော့်ကို ကမ်းလှမ်းတဲ့ကုမ္ပဏီတွေ ရှိတယ်။ အမည်တော့ မပြောတော့ဘူး။ လတ်တလော သုံးခုရှိတယ်။ ထိတ်ထိတ်ကြဲ ကုမ္ပဏီကြီး သုံးခုပေါ့။ ဒါရိုက်တာအဖွဲ့ထဲမှာ ဦးလှဆွေပါရင် တော်ပြီ။ တစ်လကို သိန်း ၂၀ ပေးပါ့မယ်။ ကားတစ်စီးနဲ့ ကုလားထိုင် တစ်လုံးနဲ့။ ဟုတ်ကဲ့ ကျွန်တော် စဉ်းစားပါရစေလို့ ပြောထားတယ်။ မပြောပါရစေနဲ့ ဘာလို့လဲဆိုတော့ ကျွန်တော်က ငြင်းရမှာမို့ပါ။ ကျွန်တော် အေးအေးချမ်းချမ်းနဲ့ စိုက်ပျိုးရေးလေး လုပ်ထားတာလေး ရှိတယ်လေ။ ကိုယ့်ဘာကို ဂန့်ဂေါမှာ ယာခင်းလေး စိုက်ပျိုးပြီးတော့ စားမယ်။ ကျွန်တော့် ယာခင်း ဒီနှစ်မှာ နှမ်းတင်း ၃၀၀ ထွက်တယ်။ တစ်တင်းကို ၃၂၀၀၀ နဲ့ရောင်းရတယ်။

Voice : နောက်ဆုံးတစ်ခု မေးချင်ပါတယ်။ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မဲနိုင်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှုံးတယ်လို့ တရားဝင် ပြောထားပြီဆိုတော့။ သူရဦးရွှေမန်း ဘာကြောင့်ရှုံးတာလဲ သုံးသပ် ကြည့်ပါဦး။

UHS : ကျွန်တော်တို့ပြိုင်ရတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြိုင်ရတာလေ။ ဒေါ်အောင်ဆန်းစုကြည်တောင် ဗိုလ်ချုပ်အောင်ဆန်း မပါရင် မပြီးဘူး။ ဗိုလ်ချုပ်အောင်ဆန်းပုံ သွင်းကို သွင်းထားမှ ဖြစ်မှာကိုး။ ဆိုလိုတာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပြိုင်လို့ ကျွန်တော်တို့ ရှုံးရတယ်ပေါ့။ ဦးရွှေမန်းက သူမွေးတဲ့ ရပ်ကွက်မှာ မဲရုံမှာ နိုင်သင့်တယ်လို့ ကျွန်တော်က ယုံကြည်တာပေါ့နော်။ ဒါပေမဲ့ သူ့ကို ဒီရပ်ကွက်ကတောင် မယုံကြည်ဘူး ဆိုရင်တော့ ရှုံးပျော်တာပေါ့။

(အောင်ထက်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။