Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 14, 2015

ဂုဏ်ထူး



ထိုနေ့က မေမေနဲ့ ဖုန်းပြောဖြစ်တယ်။မေမေက ကျွန်တော့ကို ရည်းစားမထားဖို့၊ အိမ်ထောင်မပြုဖို့ တတွတ်တွတ်မှာနေတယ်။
အိမ်ထောင်ဆိုတာ ဘယ်အချိန်ပြုပြုရကြောင်း၊ ကျွန်တော့်အသက်ငယ်သေးကြောင်း၊ အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုပ်ထိုး ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့် အမျိုးတွေ ဖြစ်ကြောင်းဖုန်းထဲကနေဆုံးမနေတယ်။
မေမေ့ရင်ထဲက စိုးရိမ်သောကတွေ သားတို့မောင်နှမရှစ်ယောက်နဲ့ သာမြောက်လိုက်ရင်တော်တော်များမှာဘဲလို့ ကျွန်တော်ခံစားမိတယ်။ ဪ….. မေမေရယ်။



” မေမေ … ဟိုတစ်နေ့က သားသူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်။သူက သားကို မိန်မယူဖို့
အတင်းတိုက်တွန်နေတယ် မေမေ။သား သူ့စကားကို စဉ်းစားကြည့်မိတယ်။သူပြောတဲ့ မိန်းမအဖော်မွန်ဆိုတာ လိုတာတော့မှန်ပါတယ်။ဒါပေမယ့် အခုမှကျောင်းပြီးလို့
စလုံရေစရတဲ့ဘဝက ကိုယ်ယူမယ့်မိန်းမအတွက် ဘယ်လိုမှ ခင်ပွန်းကောင်းမဖြစ်နိုင်ဘူးလို့ စဉ်းစားမိတယ် မေမေ။အကယ်၍ အခုအချိန်မှာ
မိန်းမယူလိုက်ရင် အမေတို့အတွက် သားမိုက်ကြီးဖြစ်ရဦးမယ်။သုံးဖက်လုံးနိုင်တဲ့ win-win-win မဟုတ်ဘဲ သုံးဖက်လုံး ရှုံးတဲ့ lost-lost-lost
ကိစ္စကို ခုချိန်မှာ မမတွေးတာ အကောင်းဆုံးလို့ စဉ်းစားမိခဲ့တယ် မေမေ….”

” သားအတွေး မှန်တယ် ”
တစ်ဖက်ဖုန်းမှ မေမေက ကျွန်တော့်စကားကို ထောက်ခံလိုက်တယ်။
“သားသူငယ်ချင်းကို ပြန်ပြောဖြစ်ခဲ့တဲ့ စကားတွေ မေမေ့ကို
ပြောပြချင်တယ်…..မေမေနားထောင်မယ်မလား….”
” နားထောင်ရမှာပေါ့သားရဲ့ …..သားက သားသူငယ်ချင်းကို
ဘယ်လိုစကားတွေ ပြောခဲ့တာတုန်း ”
” ဒီလို မေမေရဲ့…..သားကသူ့ကို …..သူငယ်ချင်း မင်းသေသေချာချာ စဉ်းစားကြည့်နော်…..မင်းတို့ငါတို့တွေက မိဘတွေမွေး
လို့ လူဖြစ်ခဲ့ကြတယ်….မိဘတွေ ကျွေးလို့ ကြီးပြင်းခဲ့ကြ
တယ်….မိဘတွေ ကျောင်းထားပေးလို့ ပညာတတ်တွေ ဖြစ်
လာခဲ့ရတယ်….မိခင်ဆိုရင် ငါတို့ရဲ့ကိုယ်ဝန်ကို စလွယ်ကတည်းက
သင်္ချုင်္ိင်းကုန်းကို မျက်စောင်းထိုးခဲ့ရတာ အကြိမ်ကြိမ်….
ငါတို့ကြီးပြင်းလာတော့လည်း ငါတို့ဝတ်ဖို့၊စားဖို့၊နေဖို့
အတွက်ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ခဲ့ရတာ ငါတို့တွေရဲ့အဖေ

…..အခုငါတို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ မိဘ
တွေတာဝန်ကျေခဲ့ပြီ….အခု မိတွေ အိုမင်းမစွမ်းတဲ့အချိန်….
ငါတို့ကတလှည့်ပြန်ပြီး တာဝန်သိရမယ့်အချိန်….ကျေးဇူးပြန်ဆပ်
ရမယ့်အချိန်….ဒီအချိန်ရောက်မှ ကိုယ့်အပေါ်ကျေးဇူးများစွာ
ရှိနေတဲ့ မိဘကိုမလုပ်ကျွေး မပြုစုဘဲ ကိုယ်အပေါ် ကျေးဇူးမရှိ
တဲ့သူစိမ်းတစ်ယောက်ကို လုပ်ကျွေးရင် မသင့်တော်ဘူးလို့ထင်
တယ်….ကိုယ့်မှာအလုပ်အကိုင်ကအတည်တကျရှိပြီး အချိန်အတိုင်းအတာတစ်ခုအထိ မိဘကိုလည်း
လုပ်ကျွေးပြုစုခဲ့ပြီးတဲ့အချိန်မှ မင်းပြောတဲ့ အဖော်မွန်အကြောင်း စဉ်းစားတော့မယ်…..

အခုအချိန်မှာတော့အဖော်မွန်ရှာပြီး တာဝန်တွေကို ခေါင်းရှောင်သွားဖို့သတ္တိ ငါ့မှာ
မရှိသေးဘူး….လောလောဆယ် ငါ့စိတ်ထဲမှာရှိတဲ့ အဖော်မွန်က ငါ့ရဲ့ မိဘဘဲ….
…………………………………………………………………………………

ငါငယ်ငယ်လေးတုန်းက ကမ္ဘာကြီးလောက် ချစ်ခဲ့တဲ့၊ ပင်လယ်ကြီးလောက် ချစ်တယ်လို့ပြောခဲ့တဲ့ ငယ်ချစ်ဦးလေး ‘မေမေ ‘
ကို အဖော်မွန်ကောင်းရှာပြီး လမ်းမခွဲရက်သေးပါဘူး “လို့
ပြောခဲ့တယ် မေမေ။
ကျွန်တော့်စကားဆုံးတော့ ဆို့နစ်သောလေသံ
ဖြင့် မေမေ့ထံမှ သာဓု၊သာဓု၊သာဓု ဆိုသောစကားနှင့်အတူ ကျွန်တော်ငယ်စဉ်မှ ယနေ့အချိန်ထိ
မေမေ မပြောဖူးသော စကား
လေးသုံးလုံးကို ထိုနေ့က ကြည်နူးဝမ်းသာစွာ ကြားခဲ့ရတယ်။
မေမေ ကျွန်တော့်ကို ပြောလိုက်တဲ့စကားက “သားလိမ္မာ “တဲ့။
ဆယ်တန်းမှာထွက်တဲ့ ဂုဏ်ထူးလေးဘာသာထက် ထိုနေ့ကမေမေ
ပေးတဲ့ “သားလိမ္မာ ” ဂုဏ်ထူးကို ပို၍မက်မောမိခဲ့တာ အမှန်ပါ။

Credit : လူဗိုလ်ဟူသည်

 SearchMyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။