ကျန်းမာသန်စွမ်းပြီး တက်တက်ကြွကြွ ရှင်သန်နေထိုင်တာ ဒီလောက်ခဲယဉ်းတာတော့ မဟုတ်ပါဘူး။ မဖျားမနာ ရှိနေစေမယ့် ရိုးရှင်းပြီး အံ့မခန်းဖွယ် နည်းလမ်းတချို့ ရှိပါတယ်။
၁။ ပေါင်းခံချွေးထုတ်ခြင်း
ပုံမှန်
လက်သည်း၊ ခြေသည်း အလှပြင့်မယ့်အစား ပေါင်းခံချွေးထုတ်မယ့်
အချိန်ဖြစ်ပါတယ်။ ချွေးထုတ်တာက အဆိပ်အတောက်များ ဖယ်ရှားနည်း တစ်ခုတည်းသာမက
ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းများ ပွင့်စေပြီး အအေးမိခြင်းမရှိဘဲ
အသက်ရှူ ပိုမိုလွယ်ကူစေပါတယ်။ ဒါ့အပြင် အအေးမိခြင်း ဖျားနာခြင်းများ
လျော့ပါးစေပါတယ်။
၂။ စိုထိုင်းမှု ထိန်းသိမ်းပေးခြင်း
ခြောက်သွေ့တဲ့လေထုက
စိတ်ကျဆေးတစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေအတွက် ရှင်သန်ဖို့
ကောင်းမွန်တဲ့ ဝန်းကျင်တစ်ခု ဖြစ်စေပါတယ်။ ခြောက်သွေ့တဲ့နေရာ သို့မဟုတ်
အဖျားကို တိုက်ခိုက်ချေမှုန်းဖို့အတွက် စိုထိုင်းမှုဖြစ်စေပြီး နေရထိုင်ရ
အမှန်တကယ် ပိုကောင်းစေပါတယ်။
၃။ အနမ်းချွေခြင်း
ကိုယ့်ချစ်သူနဲ့
နမ်းဖို့ သူ/သူမ အအေးမိတဲ့အချိန်မှာ စိတ်မပါ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သို့သော် နှစ်ဦးလုံး ကျန်းမာသန်စွမ်း ရှိနေချိန်မှာ အဲဒီအခွင့်အရေးကို
လက်လွတ်ဆုံးရှုံးမခံကြပါနဲ့။ မိမိလက်တွဲဖော်နဲ့ တံထွေးများ ဖလှယ်ကြတဲ့အခါ
ကိုယ်ခံအား ကောင်းလာစေတဲ့ ပိုးမွှားများ ဖြစ်ပေစေပါတယ်။
၎။ သီချင်း နားထောင်ပါ
သီချင်းနားထောင်ခြင်းမှာ
ကျွန်ုပ်တို့ မသိနိုင်တဲ့ အကျိုးကျေးဇူးများစွာ ရရှိပါတယ်။ စိတ်ဖိစီးမှု
လျော့ချပေးတယ်။ မှတ်ဥာဏ် ပိုကောင်းစေပြီး ကိုယ်ခံအားလည်း
ပိုမိုတိုးမြင့်ပေးပါတယ်။
၅။ ပလုတ်ကျင်းပါ
လည်ချောင်းနာကျင်မှု
ပျောက်ကင်းစေအောင် ဆားရည်နဲ့ ပလုတ်ကျင်းဖို့ အကြံပြုခံရဖူး ကြမှာပါ။
ဒီနည်းက အဆင်ပြေပါတယ်။ ရေဘုံဘိုင်ခေါင်းနဲ့ ပလုတ်ကျင်းခြင်းကလည်း
အအေးမိခြင်းကို ကင်းဝေးစေကြောင်း လေ့လာမှုများက ရှာဖွေတွေ့ရှိထားပါတယ်။Ref: TOI
Trend Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။