Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 11, 2015

“ လူတိုင်းဟာ ဘ၀မှာ ဘယ်တော့မှ လောကဓံ အချိုချည်းပဲ မရပါဘူး။ အခါးကိုလည်း ယူလိုက်ပါ။ မြိုချလိုက်ပါ။ အခါးကလည်း ဆေးဘက်ဝင် ပါတယ်။ ”


*▬*▬*▬*▬*▬*▬*▬*▬*▬*▬*▬*▬*▬
“ လူတိုင်းဟာ ဘ၀မှာ ဘယ်တော့မှ လောကဓံ
အချိုချည်းပဲ မရပါဘူး။ အခါးကိုလည်း ယူလိုက်ပါ။
မြိုချလိုက်ပါ။ အခါးကလည်း ဆေးဘက်ဝင်
ပါတယ်။ ”
▬*▬*▬*▬*▬*▬*▬*▬*▬*▬*▬*▬*▬*
မေး - ရွေးကောက်ပွဲရလဒ်တွေအပေါ် အစ်ကိုတို့ ၈၈
မျိုးဆက်ရဲ့ သဘောထားအမြင်လေး ပြောပြပါ။
.
❖ ဖြေ- ရွေးကောက်ပွဲရလဒ်ဆိုရင် ၁၉၈၈ ခုနှစ်ကို ပြန်
သတိရမိတယ်။ အဲဒီတုန်းက လူတွေက လမ်းပေါ်ထွက်တယ်။
ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြတယ်။ အခု ဘာကွာ
လဲဆိုရင် မဲရုံကို သွားကြတာပဲ။ လူတွေက အိမ်ကနေထွက်
လာကြတာပဲ။ အသံတိတ်နည်းနဲ့ပေါ့။ ကိုယ့်ရဲ့ဆန္ဒတွေ
ပြကြတာပဲ။ နောက်တခု ဟိုတုန်း ကတော့ သွေးစွန်းကြ
တာပေါ့။ အခုပွဲကတော့ သွေးစွန်းတာ မဟုတ်ဘူး။
လက်တွေမှာ ခရမ်းရောင်မှင် တွေနဲ့စွန်းပြီး ကျန်ခဲ့တယ်။
ဒါတွေက သမိုင်းတွေပဲ။ အဲဒီသမိုင်းဟာ ကျွန်တော်တို့
အားလုံးအတွက် အကောင်းဆုံး ရလဒ်ကို ဆောင်ကြဉ်း
ပေးခဲ့တယ်။ အဲဒီရလဒ်ကို ဘယ်လိုသယ်ဆောင်သွား
မလဲ။ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့
အပိုင်းကို ပြောတဲ့အခါ ရလဒ်ကတော့ တာဝန်အကျေဆုံး
အကောင်းဆုံးရလဒ်ပါပဲ။
▬*▬
မေး- ရွေးကောက်ပွဲကာလတွေမှာရော ပြည်သူတွေ
အနေနဲ့ ဘာတွေ သိထားသင်လဲ။
.
❖ဖြေ- အဲဒီမေးခွန်းအတွက် ကျေးဇူးတင်ပါတယ်။ မီဒီယာ
တွေရဲ့ အခန်းကဏ္ဍကိုလည်း ထုတ်ဖော်ပြီး ချီးကျူးပါရစေ။
အမှန်တရား ပေါ်ပေါက်ရေးအတွက် အပင်ပန်းခံခဲ့ကြတယ်။
အမုန်းလည်း ခံခဲ့ကြတယ်။ အားလုံးက စိုးရိမ်ကြတယ်။
နှစ်ပေါင်းများစွာ ပေးဆပ်လာခဲ့တဲ့ဟာဆိုတော့ အတိမ်း
အစောင်း မခံချင်ကြဘူး။ ဒီနေ့ဆင်ခြင်ရမယ်။ စောင့်ထိန်း
ရမယ်ဆိုတာ အားလုံးဟာ ထောင်ချောက်များစွာ ကျန်နေ
လို့ပါ။ ရလဒ်ကောင်းကို သယ်ဆောင်သွားတဲ့နေရာမှာ ဂရု
ဓမ္မပြုကြရမယ်။ မကျေနပ်စရာကောင်းတဲ့ မသမာမှုတွေ
ပေါ်လာလိမ့်မယ်။ အဲဒီအခါ ဘယ်လိုဖြေရှင်း မလဲဆိုတဲ့
ကိစ္စပဲ။ စိတ်လိုက်မာန်ပါ ဖြေရှင်းလိုက်ရင် ထောက်ချောက်
တွေထဲ ရောက်သွားလိမ့်မယ်။ ငုံ့မနေရဘူး။ ဥပဒေကြောင်း
အရ ရင်ဆိုင်ကြရလိမ့်မယ်။
သက်ဆိုင်တဲ့ ကာယကံ ရှင်တွေက ဥပဒေကြောင်းအရ
ရင်ကို ရင်ဆိုင်ကြရမယ်။ သေချာတာကတော့ တိုင်းပြည်မှာ
အနိုင်ရတဲ့ခေါင်း ဆောင်က ဆုံးဖြတ်ချက်ကို ပေးမှာပဲ။
လမ်းပြလိမ့်မယ်။ အဲဒီအခါမှ အားလုံး တညီတညွတ်ထဲ
လိုက်ပါတာ ကောင်းလိမ့်မယ်။ မိမိသဘောထားဆန္ဒ
တခုတည်းနဲ့တနေရာမှာ တုံ့ပြန်မှုတွေ ပြင်းထန်သွားမှာကို
ကျွန်တော်တို့တွေလည်း စိုးရိမ်သောက ဖြစ်တယ်။
▬*▬
မေး - အာဏာလွှဲပြောင်းရေးကာလမှာ ပြည်သူတွေအနေနဲ့
ဘယ်အချက်တွေ သတိထားဖို့လိုလဲ၊ အနိုင်ရပါတီတွေဘက်
ကရော ဘာတွေ ဆောင်ရန်ရှောင်ရန် လိုအပ်လဲ။
.
❖ဖြေ- အနိုင်ရရှိသွားတဲ့ ကိုယ်စားလှယ်တွေရယ် အဲဒီပါတီရဲ့
အဓိက အလုပ်တွေက တွေ့ဆုံဆွေးနွေးရေးကို အရင်သွား
မှာပါ။ ကမ်းလှမ်းမှုလည်း ပြုထားတယ်။ အဲဒါက မလွဲမသွေ
ဖြစ်ရမယ်။ အဲဒီတွေ့ဆုံဆွေးနွေးရေး ကသာလျှင် ရှေ့ခရီး
အတွက် အာမခံချက်တွေ ထွက်လာလိမ့်မယ်။ အဲဒီက
ထွက်လာတဲ့ သဘောတူညီချက် တွေက ပြည်သူအားလုံး
ဝမ်းသာသွားစေမယ်။ ရှင်းရှင်းလင်းလင်း သိသွားစေမယ့်
လမ်းတွေ ဖြစ်လာလိမ့်မယ်။
ပြည်သူလူထုဘက်က ဒီရလဒ်ကို အတိမ်းအစောင်းမခံဘဲနဲ့
ဆက်ထိန်းဖို့ဆိုတာ ကျွန်တော်တို့ဘက်က နှလုံးရည်တိုက်ပွဲက
မပြီးသေးဘူးပေါ့။ အဲဒီကိစ္စကိုပါပဲ။ ဥာဏ်အမျှော်အမြင်နဲ့
ကျွန်တော်ကတော့ အခုအခြေ အနေကို ကြိုက်တယ်ဗျာ။
ပြည်သူလူထု တယောက်နဲ့တယောက် ထိန်းကြတယ်။
လူအုပ်ကြီးကိုလည်း ထိန်းလို့ ရလာတယ်။ အလွန်အကျွံ
အောင်ပွဲ မခံနဲ့ဆိုလည်း တယောက်နဲ့တယောက် ထိန်း
လိုက်တာနဲ့ကို ရတယ်ဗျ။ ဒီလောက်ကောင်းတဲ့ လူထုကို
ရထားပြီးပြီဗျာ။ ဆက်ပြီးတော့ လူထုဟာ ဥာဏ်အမျှော်
အမြင်၊ အပြန်အလှန် ထိန်းကျောင်းခြင်းနဲ့သာ သွားပါ။
ခေါင်းဆောင်ရဲ့စကားကိုသာ နားထောင်ပါလို့ တိုက်တွန်း
ချင်တယ်။
▬*▬
မေး- သမ္မတ၊ ကာချုပ်၊ လွှတ်တော်နာယကနဲ့ ဒေါ်အောင်ဆန်း
စုကြည်တို့ တွေ့ဆုံမယ်လို့ ပြုလုပ်နေတဲ့အပေါ် အမြင်လေး
ပြောပေးပါ။
.
❖ဖြေ- လက်ခံတယ်ဆိုတာ အရင်တုန်းကတော့ မဖြစ်ခဲ့ဘူးပေါ့။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ တလျှောက်လုံးကို သူ
တောင်းဆိုလာတာ။ အခုကတော့ တချက်ကို ထောက်ပြချင်တာ
Legitimacy ရွေးချယ်တင်မြှောက် လိုက်တဲ့ တရားဝင်ဖြစ်မှု။
အဲဒီအချက်ကိုတော့ ဘယ်သူမဆို လေးစားရလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်နေရာမှာ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။
ပြည်လုံးကျွတ်ကြီး တခဲနက် ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့
ကိုယ်စားလှယ်ဖြစ်နေတယ်။ အဲဒီ တချက်ကိုတော့ လေးစား
ရမယ်။ အပြည့်အ၀ရထားတဲ့ လူကိုမှ စကားမပြောဘူးဆိုရင်
ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်သောအခါမှ ချောမွေ့တဲ့
ပြောင်းလဲမှုဆိုတာ ဘယ်တော့မှ မဖြစ်ဘူး။ ဘယ်ဂါထာ
ရွတ်ရွတ် မဖြစ်ဘူးဗျာ၊ ဘယ်လို ကတိပေးပေး မလာနိုင်
ဘူးဗျာ။ အဲဒီတော့ သက်သေပြပါ ဒီမိုကရေစီကို လေးစားတယ်
ဆိုတဲ့အချက်ကို ပြဖို့လိုတယ်။ တွေ့ကြရလိမ့်မယ်။ တွေ့တဲ့
အခါမှာလည်း ကျွန်တော်တို့က ဘာမှ ၀င်စွက်ဖက်မှာ
မဟုတ်ဘူး။ အဲဒီက သဘောတူညီချက် ရဖို့ လိုတယ်။
နောက်ပိုင်းကျလို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ထွက်လာ
မယ့် မူဘောင်တွေရှိတယ်။ ဘယ်လို ချောချောမွေ့မွေ့နဲ့
တယောက်နဲ့တယောက် တာဝန်လွဲကြမလဲဆိုတဲ့ အပိုင်းတွေ
ရှိတယ်။
▬*▬
မေး - ရွေးကောက်ပွဲမှာ အနိုင်ရပါတီအနေနဲ့ အစိုးရဖွဲ့နိုင်
ခဲ့ရင် ၈၈ မျိုးဆက်အနေနဲ့ ဘယ်လိုအပိုင်းကနေ ကူညီ
သွားမလဲ။
.
❖ဖြေ- မေးခွန်းကိုက တသက်လုံး လုပ်ခဲ့တဲ့အလုပ်တွေ ထင်ဟပ်
နေပါပြီ။ ကျွန်တော်တို့က ကူညီမှာ ကျွန်တော်တို့က ကွက်လပ်
ဖြည့်ဖို့ပဲ။ အဓိကတော့ အပြောင်းအလဲက ဘာအရေးကြီးလဲ
ဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးပဲ။
ဒါက ပြောလာတာကြာပြီ။ မရသေးဘူး။ အမှန်အတိုင်းပဲ။
ရွေးကောက်ပွဲရလဒ် အဲဒီကနေ ဖက်ဒရယ်ပြည်ထောင်စုလည်း
သွားရမယ်။ ဒီမိုကရက်တစ် နိုင်ငံတော်လည်း ဖြစ်ရမယ်။ အဲဒီ
၂ ခုအတွက် တိုင်းရင်းသားတွေ၊ တိုင်းပြည်အကျိုးပြုကြတဲ့
ပုဂ္ဂိုလ်ကြီးတွေ မျက်နှာချင်းဆိုင် ထိုင်ရမယ်။ ကျွန်တော့်တဦး
တယောက်အမြင်ကိုပြောရရင် ကျွန်တော်ပါဖို့က အဓိက
မဟုတ်ဘူး။ တိုင်းပြည် အောင်မြင်သွားဖို့ပဲ အရေးကြီးတယ်။
ကျွန်တော်တို့က လူစုဆို စုပေးမယ်။ ခုံခင်းဆို ခင်းပေးမယ်။
နောက်ဆုံး လုံခြုံရေးစောင့်ပေးမယ်။ အရေးကြီးတာ အောင်မြင်
ဖို့ပဲ အရေးကြီးတယ်။ အခန်းကဏ္ဍဆိုတာ နေရာအတွက်
ကျွန်တော်တို့မှာ အရေးမပြီးဘူး။ တိုင်းပြည်ရဲ့ အပြောင်းအလဲဟာ
ညင်ညင်သာသာနဲ့ အကောင်းဘက်ကို ရသွားဖို့ စိတ်ဝမ်း
မကွဲဘဲနဲ့ သစ္စာရှိတဲ့ လူကြီးလူကောင်းပီသတဲ့ အပြောင်း
အလဲမျိုး လွဲပြောင်းယူမှုတွေ ဖြစ်ဖို့ပဲ ရည်စူးတယ်။
▬*▬
မေး - အာဏာလွဲပြောင်းရေးကာလမှာ တခုခုကြောင့်
တိမ်းစောင်းခဲ့မယ်ဆိုရင် ၈၈ မျိုးဆက်အနေနဲ့ ဘယ်လို
လုပ်ဖို့ ရှိလဲ။
.
❖ဖြေ- ကျွန်တော်တို့က အတိမ်းအစောင်း မခံတဲ့နည်းလမ်းကိုသာ
ရအောင်ရှာမှာပါ။ ကျွန်တော်တို့က ဘာမဆို လက်နက်မကိုင်၊
အကြမ်းမဖက်တဲ့ နည်းတွေပဲ ရွေးချယ်ခဲ့တယ်။ နောက်ကိုလည်း
ဒီနည်းကိုပဲ ရွေးချယ်မယ်။ ပြည်သူလူထု လိုက်ပါနိုင်တဲ့နည်းလည်း
ဖြစ်ရမယ်။ ဒါက ဘယ်တော့မှ မပြောင်းလဲဘူး။ ဒီအတိုင်းပဲ
သွားမယ်။ အားလုံး သဘောတူညီမျှတပြီး အခွင့်အရေး တန်းတူ
ညီမျှမှုကို သွားချင်ပါတယ်။ ကျွန်တော် ယုံကြည်ထား ပါတယ်။
ဒီနေ့ အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေဘက်ကလည်း ငါတို့
အလှည့်ရောက်ပြီ၊ ငါတို့ပြန်ပြီး ထုချ လိုက်မယ်ဆိုတဲ့ ပုံစံမျိုး
မရှိပါဘူး။ သူတို့စာနာစိတ်နဲ့ သွားကြမှာပါ။ လုပ်တဲ့အလုပ်တိုင်း
တရားမျှတတဲ့ အလုပ်တွေပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
▬*▬
မေး - အခုရွေးကောက်ပွဲနဲ့ ၉၀ ရွေးကောက်ပွဲအခြေအနေ
လေးကို အတွေ့အကြုံလေး ပြောပေးပါ။
.
❖ဖြေ- ၉၀ နဲ့ ပတ်သက်ရင် ဘာကိုသတိရလဲဆိုတော့ ကျွန်တော့်
မျက်စိထဲမှာ ထောင်တံခါးကြီးက ပွင့်လာပြီးတော့ တယောက်
ပြီးတယောက် တန်းစီဝင်လာပြီး အသံတွေ ကြားနေရတယ်။
မေးလိုက်ရင် ဘယ်မြို့နယ်က ရွေးချယ်ခံအမတ်ပါဆိုပြီး ဖြစ်
နေတယ်။ အဲဒီတုန်းက လွှတ်တော် ကျင်းပမယ့်နေရာက
လွဲခဲ့တယ်ပေါ့။ ဒီအဖြစ်မျိုးက သမိုင်းမှာ အင်မတန် အကျည်း
တန်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့လူတွေအတွက် အင်မတန်ကို သမိုင်း
ကြောင်း မလှပါဘူး။ ဒီကနေ ဒီအချိန်ဟာ လူကြီးလူကောင်း
တို့ရဲ့ ပွဲသိမ်းဖို့တော့ လိုပါတယ်။ အရှုံးကို ရင်ဆိုင်ရတဲ့လူတွေ
ကိုလည်း အကြံပေးချင်တယ်။ ယူချင်လည်း ရတယ်။ ပယ်ချင်
လည်း ရတယ်။ လူတိုင်းဟာ ဘ၀မှာ ဘယ်တော့မှ လောကဓံ
အချိုချည်းပဲ မရပါဘူး။ အခါးကိုလည်း ယူလိုက်ပါ။ မြိုချလိုက်ပါ။
အခါးက ဆေးဘက်ဝင်ပါတယ်လို့ အကြံပေးချင်ပါတယ်။
▬*▬
မေး - နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောပေးပါဦး အစ်ကို။
.
❖ဖြေ- မဲဆန္ဒရှင်ပြည်သူတွေကို တလေးတစား အသိအမှတ်ပြု
ချင်တယ်။ ဒီပွဲဟာ နှလုံးရည်အရ စွမ်းရည်ပြိုင် ကြတဲ့ ပွဲဖြစ်တယ်။
လူတွေဟာ အဓိကနဲ့ သာမညကို ခွဲခြားတတ်ပါလားဆိုတာ
သွားတွေ့တယ်။ ပြည်သူက တကယ်တန်ဖိုးရှိတဲ့ အလုပ်တွေကို
လုပ်ခဲ့တယ်။ သူတို့ပေးတဲ့တန်ဖိုးကို ဆက်ပြီး အမြတ်တနိုး
သယ်ဆောင် သွားဖို့ပဲ။ အနိုင်ရတယ်ဆိုတဲ့ လူတွေဟာ
တကယ်တော့ ခူးခပ်ပြီးသား ထမင်းပွဲကို ရတာမဟုတ်ပါဘူး။
ကျွန်တော်တို့ ပျက်စီးယိုယွင်းခဲ့တဲ့ အဆောက်အအုံကြီးကို
တာဝန်ခံပြီး ပြင်ဆင်ကြရမှာပါ။ အားရော၊ ဥာဏ်ရော မွေးကြပါ။
ပြည်သူက ၀ီရိယအား အပြည့်အ၀ စိုက်ခဲ့တယ်။ ဥာဏ်အား
အပြည့်အ၀ စိုက်ခဲ့တယ်။ ဒါကြောင့် ကံဆိုတဲ့ အလုပ်က
ကောင်းခဲ့တာပါ။
▬*▬
[ ပြည်တွင်း၌ ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍
ရလဒ်များ၊ ရွေးကောက်ပွဲလွန် ကာလများနှင့် ပတ်သက်၍ ပြည်သူများ
သတိထားပြုသင့်သည့် ကိစ္စရပ်များ၊ အာဏာလွှဲပြောင်းမှု အခြေ
အနေများနှင့် ပတ်သက်၍ လိုအပ်ချက်များ စသည်တို့ကို
ကိုမင်းကိုနိုင်အား News Watch (စောင့်ကြည့်ဂျာနယ်)မှ
မေးမြန်းသည်များအပေါ် ဖြေကြားချက်မှ ကောက်နှုတ်ထားပါသည်။ ]
.
Credit to : News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။