Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 1, 2015

အားလုံးပြောင်းလဲပြီးပြီ လို့ပြောတဲ့ သမဒကြီးကို ဒါလေးပဲမေးချင်တယ်ဗျာ...


အားလုံးပြောင်းလဲပြီးပြီ လို့ပြောတဲ့
သမဒကြီးကို ဒါလေးပဲမေးချင်တယ်ဗျာ...

(1)
အစိုးရက ဒီမိုကရေစီအစိုးရလို့..
ဘာဖြစ်လို့ပြောတာလဲ...
သမ္မတ-ကာချုပ်နဲ့ လွှတ်တော်ဥက္ကဌ တို့ရဲ့
Line up ကို ဘယ်သူအတည်ပြုတာလဲ?

(2)
ခရိုနီတွေနဲ့ ကင်းပြီလား..အာမခံလား..?
အခွင့်ထူးတွေကိုမပေးတော့ဘူးလား?
သေချာပါသလား ?

(3)
အာဏာရှင်အနွယ်တွေကို အကာကွယ်မပေးဖူးဆိုတာ
သေချာသလား...?
ဖိုးလပြည့်က ရဲကိုပါးခေါ်ရိုက်တာ ဘာဖြစ်လို့အရေးမယူသလဲ?
ပြည်သူတွေကဦးသန်းရွှေဘက်အာရုံမလှည့်အောင်
ဘယ်လောက်အထိ အာရုံပြောင်းနေကြသလဲ?

(4)
ဖုန်းတွေဈေးကျသွားတဲ့ကိစ္စက သမဒကြီးဘာသာ
အသိစိတ်ဓာတ်နဲ့လုပ်တာလား ဒါမှမဟုတ်
ပြည်သူတွေဆီက တောင်းဆိုလာကြလို့လား?
ဝေဘန်သံတွေ ဆူညံလာလို့မဟုတ်ဘူးလား?

(5)
ပြည်သူတွေဆီက အသံထွက်မှာ..
ကမြောသောပါး လိုက်လုပ်တာချည်းပဲမဟုတ်လား..
ကိုယ့်အသိစိတ်ဓာတ် ကိုယ့် ဆင်ခြင်မှုနဲ့လုပ်ခဲ့တာ..
ဘာများရှိနေလို့လဲ ?

(6)
မြို့လည်ခေါင်မှာ..မူးယစ်ဆေးတွေ
ကြောက်ခမန်းလိလိမိတဲ့ကိစ္စမျိုးတွေကို..
ဘာဖြစ်လို့ အမြစ်မလှန်ရဲကြသလဲ..
လူမသိသူမသိ လမ်းကြောင်းကြီးတွေ
ပြည်တွင်းမှာ ပေါက်နေပြီမဟုတ်လား..?
ဘယ်သူတွေနဲ့ပတ်သက်လို့ အရေးမယူရဲတာလဲ?

(7)
အဂတိလိုက်စားမှုတွေနဲ့ ဇီးသီးဗန်းမှောက်တာတွေကို..
ဘာဖြစ်လို့ အရးမယူရဲတာလဲ..
ဘယ်သူတွေပါဝင်ပတ်သက်နေလို့လဲ..
အရေးယူလိုက်ရင် နေပြည်တော်တစ်ခုလုံး
ဘာမှမကျန်တော့တာကို
သိနေလို့လား ?
မဲဆွယ်တဲ့အနေနဲ့ လွှတ်ပေးထားတာလား?

(8)
ရွေးကောက်ပွဲနီးမှာ အစိုးရဌာနတွေ...
ရှိတဲ့မြေတွေကိုအကုန်ဘာလို့ရောင်းစားနေကြတာလဲ..
ရိုးသားမှုရှိတယ်လို့ယူဆပါသလား..?

(9)
တိုင်းပြည်ရဲ့ရောက်နေတဲ့အဆင့်တွေ
ဘာလို့ကျဆင်းနေသလဲ..?
မတိုးတက်မှန်းသိသိချည်းနဲ့ ဘာကိုတိုးတက်တယ်လို့
ပြောနေကြရသလဲ..?

(10)
ဦးသန်းရွှေခေတ်ကထက် အခုလက်ထက်မှာဘာဖြစ်လို့..
သယံဇာတတွေကိုပိုထုတ်ရတာလဲ..?
သယံဇာတထုတ်ခံရတဲ့ဒေသတွေရဲ့ဆိုးဝါးမှုတွေကို..
ဘာဖြစ်လို့ သွားမကြည့်တာလဲ?
ပတ္တမြား၊ ကျောက်စိမ်းနဲ့ သစ်တွေဓာတ်ငွေ့တွေရောင်းရတဲ
ပမာဏအမှန်တွေကို ပြည်သူတွေကိုထုတ်ပြန်တာရှိသလား?
ဦးပိုင်ရဲ့ အမြတ်တွေကို အာဏာရှင်ဟောင်းတွေဆီပေးရတာ
မရှိဘူးဆိုတာ သေချာလို့လား?
ချင်းတွင်းမြစ်ကြီးမှာ ဓာတုအဆိပ်ဓာတ်များနေတာ..
အင်းလေးကန်ကြီးခမ်းခြောက်တော့မှာ..
တောင်သမန်အင်းကြီးမှာ ငါးတွေသေနေတာ..
အဲဒါတွေဟာ ဘယ်သူ့မှာတာဝန်ရှိသလဲ?
အခုတစ်နိုင်ငံလုံးရေကြီးတာတွေက..
သစ်တောပြုန်းတီးမှုကြောင့်ဖြစ်တယ်ဆိုရင်..
ဘယ်သူ့မှာတာဝန်ရှိသလဲ..
အရင်အစိုးရမှာတာဝန်ရှိတယ်ဆိုရင်..
အရင်အစိုးရလက်ထက်က
ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့.
ပြည်သူကို တာဝန်ခံခဲ့ဖူးသလား?

(11)
သမ္မတရုံးဝန်ကြီးတွေနဲ့ အစိုးရ၀န်ကြီးတွေ
သက်တမ်းကုန်ခါနီး..
အပြိုင်အဆိုင် လုပ်စားသွားခဲ့တဲ့ ခွင်ကြီးတွေကို..
ဘာဖြစ်လို့ ရူးချင်ယောင်ဆောင်နေတာလဲ...?

(12)
NLD ကို ကွန်မြူနစ်ဘက်ယိမ်းသယောင်
လမ်းကြောင်းပေးစကားကိုကျတော့ ဆိုတတ်ပြီး
ကွန်မြူနစ်တရုတ်ကိုကျတော့ ကမ္ဘာသိ ဒူးထောက်နေတာကို
ကျတော့ ဘာဖြစ်လို့ မ၀န်ခံတာလဲ ?

(13)
သမဒကြီး နိုင်ငံတကာပတ်ချေးထားတဲ့..
ပိုက်ဆံပေါင်းများစွာကို ပြန်ဆပ်ဖို့အတွက်..
ဘာ Plan များ စီစဉ်ထားပါသလဲ ?

(14)
မဲစာရင်းမှားနေတဲ့ကိစ္စတွေနဲ့ လူသိရှင်ကြားဖြစ်နေတဲ့
ကော်မရှင်ရဲ့ အားနည်းချက်တွေနဲ့
ပတ်သက်ပြီး သမ္မတကြီးတို့ပါတီနဲ့ ရွေးကောက်ပွဲအတွက်
တာဝန်ရှိသင့်သလောက်ရှိနေတဲ့သမဒကြီးပါးစပ်ကရော
ဘာလို့အသံမထွက်တာလဲ?
ကော်မရှင်ကို သမဒကြီးခန့်အပ်တာမဟုတ်ဘူးလား?
ဒါမှမဟုတ်မှားလေကောင်းလဲ ပဲလို့ ယူဆနေလို့လား?
ဒီလိုမျိုးမသိချင်ယောင်ဆောင်နေတာ သမဒကြီးတို့ရဲ့
စရိုက်နဲ့ ကာရိုက်တာကို ကမ္ဘာသိဖေါ်ပြနေသလိုမဖြစ်နေဖူးလား?

(15)
တိုင်းပြည်ကအမှန်တကယ်ပြောင်းလည်းနေတယ်လို့
လိပ်ပြာသန့်သန့်နဲ့ တကယ်ကို ပြောရဲလို့လား..?

( Pa Yit)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။