ဖအေတစ်လှည့် သားတစ်လှည့်
-------------------------- -------------
တစ်ခါတုန်းက ဆင်းရဲတဲ့ စကော့တလန်လယ်သမား " ဖလင်မင်း " လို့ခေါ်တဲ့ လယ်သမားတစ်ဦးရှိသတဲ့။ တစ်နေ့တော့ လယ်သမားရဲ့ လယ်ကွင်းအနောက်က သစ်တောထဲကနေ ကောင်လေးတစ်ယောက်ရဲ့ အော်သံကြားတဲ့အတွက် လယ်သမားဟာ အပြေးသွားကြည့်ပါတယ်။ ကောင်လေးတစ်ယောက်ဟာ သဲနွံအိုင်တစ်ခုထဲကို နစ်နေပြီးတော့ တအိအိနဲ့ နစ်မြုပ်နေပါတယ်။ လယ်သမားလဲ ခက်ခက်ခဲခဲနဲ့ ကလေးကို ကယ်တင်လိုက်ပါတယ်။
နောက်တစ်နေ့မှာတော့ ၀တ်ကောင်းစားလှတွေ ၀တ်ဆင်ထားတဲ့ ဂုဏ်သရေရှိလူကြီးတစ်ဦးဟာ လယ်သမားအိမ်ကိုရောက်လာပါတယ် ။ ပြီးတော့ လယ်သမားကို " မင်းငါ့သားကို ကယ်လိုက်တဲ့အတွက် မင်းလိုချင်တာပေးမယ် ဘာလိုချင်လဲပြော " လို့မေးလိုက်ပါတယ်။
ဆင်းရဲတဲ့ လယ်သမား ဖလင်မင်း ကတော့ ခတ်ပြတ်ပြတ်ပါပဲ။
" ကျွန်တော်ပိုက်ဆံလိုချင်လို့  သူ့ကိုကယ်လိုက်တာမဟုတ်ဘူး " လို့ပြန်ဖြေလိုက်တယ်။ အဲဒီအခါမှာ ထိုလူကြီးက လယ်သမားသားကိုတွေ့သွားတယ်။ ပြီးတော့မေးလိုက်တယ်
" ဒါမင်းရဲ့သားလား "
ဖလင်မင်းကလဲ " ဟုတ်ပါတယ် " လို့ဖြေလိုက်တယ်။
အဲဒီအချိန်မှာထိုလူကြီးက " ကောင်းပြီ။ မင်းကိုကျေးဇူးဆပ်တဲ့ အနေနဲ့ မင်းသားကို အကောင်းဆုံး ကျောင်းမှာ ကျောင်းတက်စေပြီး ပညာဆုံးခန်းတိုင်တဲ့အထိ သင်ပေးမယ် ဘယ်လိုလဲ " လို့မေးလိုက်တော့ လယ်သမားလဲ သဘောတူလိုက်တယ်။
လယ်သမားရဲ့ သားကလေးဟာ ကျောင်းပညာမှာ ထူးချွန်ပြီးတော့ နောက်ဆုံး အဆင့်မြင့်ဆုံးဖြစ်တဲ့ လန်ဒန်က စိန့်မေရီ ဆေးကျောင်းမှာ တက်ခွင့်ရပြီးတော့ ဒေါက်တာဖြစ်သွားပါတယ်။ သူ့နာမည်ကတော့ ဆာအလက်ဇန္နားဖလင်မင်း ဖြစ်ပြီးတော့ ပင်နယ်စလင်ကို စတင်တွေ့ရှိသူလဲဖြစ်ပါတယ်။
နှစ်နဲနဲကြာပြီးတဲ့ နောက်မှာ သူ့ကျေးဇူးရှင် လူကြီးလူကောင်းရဲ့ သားဟာ နမိုးနီးယားရောဂါနဲ့ သေလောက်တဲ့ဝေဒနာကို ခံစားနေရတဲ့အချိန်မှာ ဖလင်မင်းဟာ သူတီထွင်ထားတဲ့ ပင်နယ်စလင်ဆေးနဲ့ ကုသပေးခဲ့ပါတယ်။ သူ့ကို အကူအညီပေးခဲ့တဲ့ ဂုဏ်သရေရှိလူကြီးကတော့ " လော့ဒ် ရန်ဒေါ့ဖ် ချာချီ" ဖြစ်ပြီးတော့ ဖလင်မင်းကုပေးလိုက်တဲ့ သူ့သားကတော့ တစ်ချိန်မှာ နိုင်ငံ့အကြီးအကဲဖြစ်လာမယ့် " ဆာဝင်စတန်ချာချီ " ပဲဖြစ်ပါတယ်။
တစ်ဦးနဲ့တစ်ဦး အမှီသဟဲပြုရင်း နေထိုင်သွားကြတဲ့ တကယ့်မိတ်ဆွေ တွေလဲဖြစ်ကြပါတယ်။
Credit:မောင်စိုင်း
--------------------------
တစ်ခါတုန်းက ဆင်းရဲတဲ့ စကော့တလန်လယ်သမား " ဖလင်မင်း " လို့ခေါ်တဲ့ လယ်သမားတစ်ဦးရှိသတဲ့။ တစ်နေ့တော့ လယ်သမားရဲ့ လယ်ကွင်းအနောက်က သစ်တောထဲကနေ ကောင်လေးတစ်ယောက်ရဲ့ အော်သံကြားတဲ့အတွက် လယ်သမားဟာ အပြေးသွားကြည့်ပါတယ်။ ကောင်လေးတစ်ယောက်ဟာ သဲနွံအိုင်တစ်ခုထဲကို နစ်နေပြီးတော့ တအိအိနဲ့ နစ်မြုပ်နေပါတယ်။ လယ်သမားလဲ ခက်ခက်ခဲခဲနဲ့ ကလေးကို ကယ်တင်လိုက်ပါတယ်။
နောက်တစ်နေ့မှာတော့ ၀တ်ကောင်းစားလှတွေ ၀တ်ဆင်ထားတဲ့ ဂုဏ်သရေရှိလူကြီးတစ်ဦးဟာ လယ်သမားအိမ်ကိုရောက်လာပါတယ်
ဆင်းရဲတဲ့ လယ်သမား ဖလင်မင်း ကတော့ ခတ်ပြတ်ပြတ်ပါပဲ။
" ကျွန်တော်ပိုက်ဆံလိုချင်လို
" ဒါမင်းရဲ့သားလား "
ဖလင်မင်းကလဲ " ဟုတ်ပါတယ် " လို့ဖြေလိုက်တယ်။
အဲဒီအချိန်မှာထိုလူကြီးက " ကောင်းပြီ။ မင်းကိုကျေးဇူးဆပ်တဲ့ အနေနဲ့ မင်းသားကို အကောင်းဆုံး ကျောင်းမှာ ကျောင်းတက်စေပြီး ပညာဆုံးခန်းတိုင်တဲ့အထိ သင်ပေးမယ် ဘယ်လိုလဲ " လို့မေးလိုက်တော့ လယ်သမားလဲ သဘောတူလိုက်တယ်။
လယ်သမားရဲ့ သားကလေးဟာ ကျောင်းပညာမှာ ထူးချွန်ပြီးတော့ နောက်ဆုံး အဆင့်မြင့်ဆုံးဖြစ်တဲ့ လန်ဒန်က စိန့်မေရီ ဆေးကျောင်းမှာ တက်ခွင့်ရပြီးတော့ ဒေါက်တာဖြစ်သွားပါတယ်။ သူ့နာမည်ကတော့ ဆာအလက်ဇန္နားဖလင်မင်း ဖြစ်ပြီးတော့ ပင်နယ်စလင်ကို စတင်တွေ့ရှိသူလဲဖြစ်ပါတယ်။
နှစ်နဲနဲကြာပြီးတဲ့ နောက်မှာ သူ့ကျေးဇူးရှင် လူကြီးလူကောင်းရဲ့ သားဟာ နမိုးနီးယားရောဂါနဲ့ သေလောက်တဲ့ဝေဒနာကို ခံစားနေရတဲ့အချိန်မှာ ဖလင်မင်းဟာ သူတီထွင်ထားတဲ့ ပင်နယ်စလင်ဆေးနဲ့ ကုသပေးခဲ့ပါတယ်။ သူ့ကို အကူအညီပေးခဲ့တဲ့ ဂုဏ်သရေရှိလူကြီးကတော့ " လော့ဒ် ရန်ဒေါ့ဖ် ချာချီ" ဖြစ်ပြီးတော့ ဖလင်မင်းကုပေးလိုက်တဲ့ သူ့သားကတော့ တစ်ချိန်မှာ နိုင်ငံ့အကြီးအကဲဖြစ်လာမယ့်
တစ်ဦးနဲ့တစ်ဦး အမှီသဟဲပြုရင်း နေထိုင်သွားကြတဲ့ တကယ့်မိတ်ဆွေ တွေလဲဖြစ်ကြပါတယ်။
Credit:မောင်စိုင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။