ခင်နှင်း ကြည်သာ added 3 new photos.
ချင်းမြောက်ပိုင်းသို့ ခရီးထွက်မည်ဆိုပါက
===========================
===========================
ချင်းပြည်နယ် မြောက်ပိုင်းက ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇန်တို့ကို ကားနဲ့ သွားမယ်ဆိုရင်တော့ မုံရွာ- ဂန့်ဂေါလမ်းအတိုင်း လာနိုင်ပါတယ်။ လမ်းကြမ်းပေမယ့် သွားလို့ရနေပါပြီတဲ့။ လေယာဉ်ဆိုရင်တော့ ကလေးမြို့အထိ လေယာဉ်စီးပြီးမှ ကလေးမှတဆင့် ဟားခါး- ဖလမ်း- တီးတိန်လမ်းခွဲကနေ မြို့အသီးသီးရှိ မြေပြိုဒုက္ခကို ရင်ဆိုင်နေရတဲ့ တိုင်းရင်းသား ဆွေမျိုးများဆီ သွားနိုင်ပါတယ်။
ကျွန်မက တီးတိန်မြို့နဲ့ တွန်းဇန်မြို့များစီ ရောက်ခဲ့လေတော့ တီးတိန်မြို့ရှိရာ လမ်းခွဲကနေ လာခဲ့ပြီဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ၆၂၅၀ ပေရှိတဲ့ သိုင်းငင်းရွာလေးကို လွန်လာခဲ့ရင်တော့ လမ်းဟောင်းတွေ ပြိုခဲ့ပြီဖြစ်တာကြောင့် ယာယီလမ်းသစ်ကို ဖြတ်ရမှာပါ။
ယာယီလမ်းက မြူအလွန်ထူထပ်ပြီး နာမည်ကျော် ကနေဒီတောင်ကိုလည်း မြင်ရမှာပါ။ ဒီလမ်းက နေအနည်းငယ်ထွက်နေပြီး ခြောက်သွေ့နေရင်တော့ ဖြတ်သန်းရမြန်ဆန်ပေမယ့် မိုးအနည်းငယ်ကျရင်ကို ဗွက်နစ်နိုင်တာရယ် အသွားအပြန်ကားတွေ ရှောင်တိမ်းဖို့ စောင့်ရတာရယ်ကြောင့် ယာယီလမ်း ၈ မိုင်ခန့်ကို ဖြတ်သန်းချိန်က ၄ နာရီမှ ၆ နာရီခန့်အထိ ကြာမြင့်တတ်ပါတယ်။ ဒါကြောင့် လမ်းခရီးအတွက် အနွေးထည်၊ ခြုံထည်၊ ဦးထုပ်၊ ဓါတ်မီး၊ ရေ၊ မုန့်ခြောက်တို့ကို တစ်ပါးတည်းယူဆောင်ထားသင့်ပါတယ်။
ချင်းတောင်တန်းက မြူဆိုင်းတတ်တာကြောင့် ရေခိုးရေငွေ့များနဲ့ လမ်းသားများက စိုစွတ်နေတတ်ပြီး တောင်တန်းတွေဆီက စိမ့်ထွက်နေတဲ့ တောင်ကျရေတွေကြောင့် တောင်တက်လမ်းတွေဟာ ဗွက်တွေ ရေတွေနဲ့ ချော်နေတတ်ပါတယ် ဒါကြောင့် ကားမောင်းပြီးကိုယ်တိုင်တက်မယ်ဆိုတာထက် မောင်းနေကျတဲ့ ဒေသခံတွေရဲ့ အကူအညီကို ယူသင့်ပါတယ်။
သေချာပေါက်ကတော့ ချင်းတောင်တန်းဆီ မတက်ခင် ရာသီဥတုကို လေ့လာထားသင့်ပြီး ဒေသ သဘာဝနဲ့ ဒေသခံတွေရဲ့ စကားကို သေချာနားထောင်သင့်ပါတယ်။
( ဆက်ပါဦးမည်)
( ဆက်ပါဦးမည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။