Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 12, 2015

အင်္ဂလိပ်စာလောက အလွဲများ အပိုင်း (၂)



အင်္ဂလိပ်စာလောက အလွဲများ အပိုင်း (၂)
=======================

အင်္ဂလိပ်စာ လေ့လာသူတွေ သင်တန်းကို ရောက်လာပြီဆိုတာနဲ့ မေးတတ်တဲ့ မေးခွန်းတွေက ဘာစာအုပ်တွေသင်လဲ? ဘယ်လို Course မျိုးနဲ့သင်လဲ? Level ဘယ်နှစ်ခုရှိလဲ ဆိုတာတွေပါ။ Course ဆိုတာက ဘာသာရပ်တစ်ခုခုကို တတ်မြောက်အောင် သင်ယူဖို့အတွက် အသုံးပြုတဲ့ အကြောင်းပြုချက် တစ်ခုပါ။ သင်ရိုးဆိုတာထက် သင်နည်းစနစ် (Teaching Method/ Teaching Methodology) တွေက အဓိကကျပါတယ်။ ဒီလိုပြောလို့ သင်ရိုးက အဓိကမကျဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ သင်ရိုး ဘယ်လောက်ပဲ ကောင်းကောင်း သင်ကြားရေးနည်းစနစ် မမှန်ရင် သင်ယူသူကို အရည်အသွေးတက်ဖို့ သိပ်မလွယ်လှပါဘူး။


သင်တန်း တစ်ခုခုနဲ့ တစ်ခု၊ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း ပြဋ္ဌာန်းထားတဲ့ သင်ရိုးတွေ တူကြမှာ မဟုတ်ပါဘူး၊ တူညီတဲ့စာအုပ်တွေလည်း ရှိကောင်း ရှိပါမယ်။ အရေးကြီးတာက အဲဒီသင်ရိုးကို အကြောင်းပြုပြီး ဘယ်လောက် လေ့ကျင့်ပြီး ဘယ်လောက် သင်ယူရရှိတယ်ဆိုတဲ့ အချက်ပါ။ ဒါပေမယ့် တစ်ချို့ချို့သော သင်တန်းကြေငြာတွေမှာ “Oxford Course အတိုင်း သင်ကြားသည်၊ Cambridge Course အတိုင်း သင်ကြားသည်၊” ဆိုတာမျိုးတွေလည်း ရှိတော့ လေ့လာသူတွေက ဘယ်လို Course နဲ့သင်တာလဲ ဆိုတဲ့ မေးခွန်းကို မေးတတ်ကြတာဖြစ်ပါတယ်။

Oxford Course ဖြစ်စေ၊ Cambridge Course ဖြစ်စေ ဘာသာစကား တစ်ခုတတ်မြောက်ဖို့ လိုအပ်ချက်တွေကို အစီအစဉ်တကျ၊ စနစ်တကျ ပြဋ္ဌာန်းထားတာပါ။ အဲဒီမှာလွဲတတ်တာက လေ့ကျင့်တဲ့ ပုံစံတွေပါ။ ဥပမာ - Conversation တစ်ခုကို ဆရာက ရှင်းပြမယ်၊ Listening ဖွင့်ပြမယ်၊ Grammar Point တွေရှင်းပြမယ် စသည် ဆရာက ပြောစရာရှိတာတွေ ပြောပြီးတဲ့အခါ အဲဒီ Conversation ကို ၂-ယောက်စီ တွဲပြီး လေ့ကျင့်စေပါတယ်၊ အဲဒီလို လေ့ကျင့်တဲ့အခါ ကျောင်းသား အများစုက စာအုပ်ကို ကြည့်ပြီးတော့ တစ်ယောက် တစ်ခေါက်လောက် ပြောပြီးရင် ရပ်ထားလိုက်ကြပါတယ်။ ဒါအပြင် လေ့ကျင့်တဲ့အခါမှာလည်း စကားပြောတာနဲ့ မတူဘဲ ငယ်ငယ်တုန်းက စာကျက်သလို အော်ကြီးဟစ်ကျယ်နဲ့ စာအုပ်ကိုကြည့်ပြီး ပြောတတ်ကြပါတယ်။ တကယ် လုပ်ရမှာက စကားပြောတဲ့ ပုံစံအတိုင်း ဖြစ်အောင် Conversation ကို စနစ်တကျ လေ့ကျင့် ရမှာဖြစ်ပါတယ်။ Conversation ကို ရသွားပြီဆိုရင် နောက်တစ်ဆင့်က အသံထွက်တွေ မှန်အောင် Linking Sound လို့ခေါ်တဲ့ အသံအချိတ်အဆက်တွေ မှန်အောင်၊ စကားလုံး တစ်လုံးချင်းမှာ ရှိတဲ့ Word Stress တွေမှန်အောင်၊ ဝါကျတစ်ကြောင်းလုံးကို Sentence Stress တွေမှန်အောင်၊ ဝါကျပုံစံအလိုက် Intonation တွေ မှန်အောင် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ အဲဒီလို လေ့ကျင့်တဲ့အခါ အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းက မူရင်း native speaker ပြောတာကို နားထောင်ပြီး အတတ်နိုင်ဆုံး တူအောင် လိုက်ဆိုလေ့ကျင့်သင့်ပါတယ်။ အဲဒီအချိန်မှာ အသံထွက်တွေကို ကိုယ်ထွက်တတ်သလို မထွက်ဘဲ၊ ကိုယ်ထွက်လေ့ရှိတဲ့ အသံထွက်တွေကို မေ့ထားပြီး နားက ကြားတဲ့ အတိုင်း လိုက်ဆို လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုက Level ကိစ္စပါ၊ သင်တန်းကို လာတဲ့အခါ တစ်ချို့သော လေ့လာသူတွေက အပြင်မှာ သင်တန်းတက်ဖူးတာမျိုးဖြစ်ဖြစ်၊ ကိုယ်တိုင်လေ့လာထားရင်ပဲ ဖြစ်ဖြစ် Basic က စပြီးတော့ မတတ်ချင်ကြတာမျိုးလည်း ကြုံရပါတယ်။ ဘယ် Level ကပဲ စတက်တက် အရေးကြီးတာက ကိုယ့်လေ့လာတဲ့ Level ကို Course ကို ကျေကျေညက်ညက်နဲ့ စနစ်တကျ ဖြစ်ဖို့လိုပါတယ်။ ခက်တာက မသိဘူးလား ဆိုတော့လည်း သိတယ်၊ တကယ်သိလား ဆိုတော့လည်း သေသေချာချာ မသိဘူး ဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရတတ်ပါတယ်။ တစ်ချို့ချို့သော လေ့လာသူတွေက ကျောင်းတုန်းကလိုပဲ အတန်းတစ်ခု အောင်သွားရင် တတ်သွားတယ်လို့ ထင်သလိုမျိုး Language လေ့လာတဲ့အခါလည်း Level တစ်ခုတက်သွားရင် တတ်သွားတယ်လို့ ထင်မိတတ်ကြပါတယ်။ အဲဒါလည်း မှားယွင်းတဲ့ အယူအဆ တစ်ခုပါ။

တစ်ခုခုကို တတ်မြောက်ဖို့ဆိုတာ ကျေညက်ဖို့လိုပါတယ်။ ဥပမာ - ပြောရမယ်ဆိုရင် ကျွန်တော် ဟာ ဆရာကြီးဦးမြကြိုင် ကျောင်းမှာ မတတ်ခင် ပုသိမ်မှာ အင်္ဂလိပ်စာကို တစ်နှစ်လောက် လေ့လာခဲ့ ပါတယ်။ ဒါပေမယ့် ပြောတော့လည်း သေသေချာချာ မပြောတတ်၊ ရေးတော့လည်း သေသေချာချာ မရေးတတ်ခဲ့ဘူး၊ နည်းနည်းပါးတော့ ဖတ်တတ်တယ်၊ သူများ ပြောရင် နည်းနည်းပါးပါး နားလည်တယ်။ ဒီလိုနဲ့ ပုသိမ်ကနေ ရန်ကုန်ကို ရောက်လို့ ဆရာကြီး ဦးမြကြိုင် ကျောင်းမှာ စတက်တဲ့အခါ Basic Level ကို ၈ လောက်နီးပါး ဆက်တိုက်တက်ပြီး သေသေချာချာ လေ့ကျင့်လိုက်တဲ့အခါ အင်္ဂလိပ်လို သွက်သွက် လက်လက် ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင် လာပါတယ်။ ပြီးတော့မှ Intermediate Level ကို ဆက်တက်တဲ့ အခါ အလွယ်တကူ လေ့လာနိုင်ခဲ့တယ်။ ပြောချင်တာက ကျွန်တော်တို့က စာမကျေဘဲ အတန်းတက်တဲ့ အခါ အရင်ကစာလည်း မရ နောက်စာလည်း မလိုက်နိုင် ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ လျော့ကျလာပြီး လေ့လာရင်းနဲ့ လမ်းခုလပ် မှာ ရပ်တန့်သွားတတ်ကြပါတယ်။

ဆိုပါတော့ Basic Level က သုံးလ ကြာတယ်ဆိုရင် သုံးလပြည့်တဲ့အချိန်မှာ နောက်ထပ် Level တစ်ခု တက်ဖို့ထက် လက်ရှိလေ့လာနေတဲ့ Level ကို သေသေချာချာ ကျေကျေညက်ညက် တတ်မြောက်ဖို့ အရေးကြီးပါတယ်။ Level ဘယ်နှစ်ခု အထိ တက်လို့ ပြီးသွားပြီဆိုတာထက် ဘယ် Level ကို ဘယ်လောက် အထိ ကျေညက်အောင် လေ့လာလေ့ကျင့်ပြီး ဘယ်လောက်အထိ အသုံးချနိုင်ပြီ ဆိုတာက အရေးကြီး ပါတယ်။

ဒီတစ်ပတ်အတွက် သတိထားရမယ့် လွဲတတ်တဲ့ အလွဲတွေကို အချုပ်ပြန်ပြောရရင် ဘယ်လို Course တွေနဲ့ သင်ဖူးတယ်၊ Level ဘယ်လောက်အထိ သင်ဖူးတယ် ဆိုတာထက် ကိုယ်လေ့လာဖူးတဲ့ Course တွေ Level တွေကို ဘယ်လောက်အထိ ကျေညက်အောင် လေ့လာပြီး အသုံးပြုနိုင်တယ် ဆိုတာ အရေးကြီးတယ်ဆိုတာကို ပြောရင်း နားပါဦးမယ် … ။
နောက်တစ်ပတ်မှာ Language လေ့လာသူတွေ အယူအဆလွဲတတ်တဲ့ Grammar နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာလောက အလွဲများကို ဆက်လက်ရေးပါဦးမယ် … ။

အောင်ကိုဦး (UMK)
Be the Best !

Acuity English Language Center
-------------------------------------------
အမှတ်-၆၄/A၊ အောင်သစ္စာလမ်း၊ (၁) ရပ်ကွက် ၊ လှိုင်မြို့နယ်။
(ဘူတာရုံလမ်း မှတ်တိုင်အနီး)
ဖုန်း - 09 421752568 , 09 252585085

နေ့စဉ် အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ သင်ခန်းစာများ၊ ဆောင်းပါးများ ဖတ်ရှုလိုပါက Page ကို Like လုပ်ပြီး Get Notification ကို အမှန်ခြစ်ထားပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။