Myat Soe added 2 new photos — with Maung Maung Soe and12 others.
9/11 နောက်ကွယ် က အမျိုးသမီး ခေါင်းဆောင် “မယ်လိုဒီဂျုံး- Melody Jones
လွန်ခဲ့တဲ့ (၁၄) နှစ် က ဒီနေ့လိုအချိန်မှာပါ။ အမေရိကန်နိုင်ငံ နယူယောက်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုးံကြီး (၂)ခုကို မူဆလင် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှု့ တွေကြောင့် အဲဒီနေရာမှာဘဲ နယူးယောက်မြို့ကြီး က မီးသတ်သမား ၃၄၃ ယောက် အပါအ၀င် အပြစ်မဲ့ပြည်သူပေါင်း၂၇၅၃ ဦးသေဆုံးခဲ့ကြရတယ်။ ဒီအကြောင်းတွေကို နိုင်ငံတကာ သတင်းဌာနတွေ၊သတင်းစာတွေ၊ စာစောင်တွေ၊ဂျာနယ်တွေ၊ အင်တာနက်စာမျက်နှာတွေ က ဖော်ပြခဲ့တာကြောင့် အားလုံးသိရှိပြီးဖြစ်ကြပါလိမ့်မယ်။
ဒါပေမဲ့ နိုင်ငံတကာနှင့် တချို့ လူတော်တော်များများ မသိခဲ့တာက ၂၀၀၁ ခုနှစ် စက်တင်ဘာအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း အခက်အခဲပေါင်းစုံအကြားမှာ ရဲရင့်ပြတ်သားစွာ ဦးဆောင်မှုပေး နိုင်ခဲ့သော အမေရိကန်စီးပွာရေးခေါင်းဆောင်တွေ နှင့် စီပွားရေးနယ်ပယ်မှာ လူသိများလာခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင် ကောင်း “မယ်လိုဒီဂျုံး” အကြောင်းပါဘဲ။
သူမ ဟာ ချော်တယ်၊လှတယ်ဆိုပေမဲ့ သူမ ဦးဆောင်ဖြေရှင်းခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံ တွေဟာ မကြုံဘူး အောင်ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရလို့ လည်း အမေရိကန်စီးပွာရေးခေါင်းဆောင်တွေ နှင့် စီပွားရေးနယ်ပယ်မှာ တမဟုတ်ခြင်း နာမည်ကျော်ကြားလာခဲ့တယ်။
သူမဟာ 9/11 အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ အချိန်မှာ အာမခံကုမ္ပဏီကြီးတခုဖြစ်တဲ့ ( Aon Corporation) အေအွန်လို့ခေါ်တဲ့ အမေရိကန်ရှိ ချီကာကို မြို့ အခြေစိုက်ကုမ္ပဏီရဲ့ အလုပ်သမားရေးရာ အဆင့်မြင့်တာဝန်ထမ်းဆောင် နေတဲ့ အချိန်ဖြစ်တယ်။ သူမဟာ အေအွန်ကုမ္ပဏီရဲ့ အကြီးအကဲ တယောက်လည်းဖြစ်တယ်။
မူဆလင် အစွန်းရောက် အကြမ်းဖက်သမားတွေ ယူနိုင်တက်အဲယားလိုင်း ၇၆၇ စီးနင်းပြီး ဝေါ်ထရိတ်စင်တာအဆောက်အအုံးကြီးကို အကြမ်းဖက်တိုက် ခိုက်ခဲ့စဉ်မှာ သူမဟာ ချီကာကိုမြို့ ကုမ္ပဏီရဲ့ ဌာနချုပ်မှာ ကျင်းပမဲ့ အစည်းအဝေးကိုတက်ရောက်ဖို့ သွားနေတုန်း ရှိပါသေးတယ်။
ခရီးသွားနေစဉ် မှာပဲ သူမရဲ့ ဖုန်းထဲ မက်ဆေ့ခ်ျတခုဝင်လာတယ်။ ဖုန်းထဲဝင်လာတဲ့ သတင်း ကို ဖတ်ကြည့်လိုက်စဉ် သူမ သိလိုက်ရတာ ကတော့ နယူးယောက်မြို့ ရှိ ဝေါ်ထရိတ်စင်တာ၏ ဒုတိယမြောက်အဆောက်အဦး အဆင့် ၈၄ ထပ်ရှိ သူမ ကုမ္ပဏီရဲ့ ဒုတိယဌာနချုပ် ရုံးခန်းဟာ အကြမ်းဖက် တိုက်ခိုက်ခံလိုက်ရတဲ့ အထဲ ပါသွားပြီ ဆိုတာပါဘဲ။
နယူးယောက်မြို့ ရှိ သူမ ကုမ္ပဏီရဲ့ ဒုတိယဌာနချုပ် မှာ တာဝန်ထမ်းဆောင်နေကြသော အေအွန် အလုပ်သမားပေါင်း ၁၁၀၀ ကျော်ရှိသလို၊ ကုမ္ပဏီ၏ အရေးကြီးသော သတင်းအချက်အလက်တွေ စုဆောင်း သိမ်းဆည်း ထားတဲ့ နေရာလည်း ဖြစ်တယ်။
ဒါကြောင့်မို့ ကုမ္ပဏီစီးပွားရေး လုပ်ငန်းတွေ ဟာ တကမ္ဘာလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပျက်ဆီးသွားပြီ ဆိုတာသိလိုက်ရ တယ်။ အဲဒီ ဒုတိယဌာနချုပ်ဟာ ကမ္ဘာမြို့ကြီးများရှိ စီးပွားရေးလုပ်ငန်းတွေနှင့် နေ့စဉ် ဆက်သွယ် ဆောင်ရွက်နေတာဖြစ်လို့ တမ္ဘာလုံး နှင့်လုံးဝအဆက်အသွယ် ပြတ်သွားခဲ့သလို၊ အေအွန် အလုပ်သမားပေါင်း ၁၇၅ ယောက်လုံး တနေ့တည်းသေဆုံးသွားတာကြောင့်၊ ကုမ္ပဏီ၏လုပ်ငန်းတွေ ချက်ခြင်း ရပ်တန့် သွားပြီးလို့ ဆိုတာ သိလိုက်ရတယ်။
သူမ နေရာမှာ ဘာဆက်လုပ်မလည်း၊ ဘာတွေလုပ်ခဲ့တယ် ဆိုတာ စီးပွားရေးနယ်ပယ်မှာ လူတိုင်းသိချင်ခဲ့ကြတယ်။
အမေရိကန် နိုင်ငံရေးလောက နှင့် စီးပွားရေးနယ်ပယ် မှာ ခေါင်းဆောင်တွေဟာ Executive Experience ၊ Corporate Experience တွေ ရှိကြသူတွေ ဖြစ်ကြတယ်။ ဒီလို ခေါင်းဆောင်တွေကြား က သူမ ဟာ ဘာလို့ ပေါ်လွှင်ထင်ရှားလာခဲ့ရသလဲ? သူမ နေရာမှာ ဘာဆက်လုပ်မလည်း၊ ဘာတွေလုပ်ခဲ့တယ် ဆိုတာ စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် မှာ လူတိုင်းသိချင်ခဲ့ကြတယ်။
သူမဟာ 9/11 အကြမ်းဖက်ခံခဲ့ပြီး၊ နာရီအနည်းငယ်အတွင်း ကုမ္ပဏီရဲ့ crisis-response Team ကိုချက်ခြင်းဖွဲ့ခဲ့တယ်။ သူမဟာ တခါတရံ (၂၄) ရီလုံးလုံး မအိပ်မနေ ဒီအဖွဲ့ကို ဦးဆောင်ခဲ့တယ်။ တခြား ပြိုင်ဖက် ကုမ္ပဏီ တွေ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက် ပြီး၊ ထိတွေ့ ပူးပေါင်းဆောင်ရွက်မှု တွေ လုပ်ခဲ့တယ်။ သူမဟာ ကုမ္ပဏီရဲ့ ဒုတိယဌာနချုပ် ရှိ ကျန်ရစ်သော အလုပ်သမားတွေ ကို နေရာပြန်ချပြီး၊ လုပ်ငန်းတွေ (၁) လအ တွင်း တမ္ဘာလုံးနှင့်ဆက်လက်ပြီး ချက်ချင်း ပြန်လည် လည်ပတ်နိုင်အောင်ပြုလုပ်ပေး ခဲ့တယ်။
သူမဟာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေရဲ့ ချက်ခြင်းလိုအပ်ချက်တွေ၊ ရည်ရှည် နစ်နာကြေးတွေ၊ သေဆုံးသွားသူတွေရဲ့ ကလေးငယ်များရဲ့ ပညာရေး၊ ကလေးငယ်များရဲ့ အနာဂတ်အရေးတွေ၊ မိသားစုဝင်တွေရဲ့ စိတ်ရောဂါခံးစားနေရမှုတွေကို အလျင်မြန်ဆုံးနှင့်အထိရောက်ဆုံး အားပေးကူညီ ထောက်ပံ့ခဲ့တယ်။ သူမရဲ့ အနှစ်နှာခံ ဦးဆောင်မှုပေးပြီး ဆောင်ရွက်ချက်တွေကြောင့် ဘီလီယံပေါင်း များစွာစီးပွားရေး လုပ်ကိုင်နေတဲ့၊ သူမရဲ့ အာမခံကုမ္ပဏီကြီးဟာ (၁) လအတွင်း အောင်အောင်မြင်မြင် ပုံမှန်ပြန်လည် လည်ပတ်နိုင်ခဲ့တယ်။ သူမရဲ့ စွမ်းစွမ်းတမန်လုပ်ဆောင်ခဲ့မှု တွေဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း အမေရိကန် စီးပွားရေးနယ်ပယ်မှာ စီးပွားရေးခေါင်းဆောင်းကောင်းတဦးအနေနှင့် ထင်ရှားလာပြီး၊ သူမရဲ့အောင်မြင်ခဲ့တဲ့ စွမ်းဆောင်ချက်တွေ ဟာလည်း အတုယူစရာ အဖြစ် ကျော်ကြား လာပါတော့တယ်။
ခေါင်းဆောင်မှုဆိုတာ တိုက်ပွဲပေါ် မှာ မူတည်တယ်၊ Leadership is not about position, it is about action ဆိုသည့် အတိုင်း တိုက်ပွဲပေါ် က အောင်မြင်မှု ရလာဒ်တွေနဲ့ အတူ သူမ ဟာ အမေရိကန်စီးပွားရေးလောက မှာ အသိအမှတ်ပြု လေးစားခြင်း ခံလာခဲ့ရတယ်။
9/11 အကြမ်းဖက်ခံခဲ့ရမှု ၁၄ နှစ် ကြာသွားသော်လည်း အရေးပေါ် ကာလ မှာ တည်ငြိမ်၊ ပြတ်သားစွာ ဆုံးဖြတ်ချက်တွေ ချခဲ့တဲ့ သူမ ရဲ့ လုပ်ဆောင်ချက်တွေ၊ ဦးဆောင်ခဲ့မှုတွေ ၊ စီမံခန့်ခွဲသွားမှုတွေ ကို ဒီနေ့ အမေရိကန် တက္ကသိုလ် ရှိ စာသင်ခန်းတွေမှာ သင်ကြားပေးနေပါပြီ။
အမျိုးသမီးတွေဦးဆောင်မှု အခွင့်အရေး နည်းပါးသော၊ အမျိုးသမီးတွေဦးဆောင်မှုကို လက်မခံနိုင်သော၊ တန်ဖိုးမထားတက်သော၊ ရန်သူလိုဆက်ဆံနေသော စစ်အာဏာရှင် များအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ “မယ်လိုဒီဂျုံး” လို Executive Experience ၊ Corporate Experience အတွေ့အကြုံ အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးခါင်းဆောင် ကောင်း များ ပေါ်ထွက် လာပါစေလို့ ။ ။
-မြတ်စိုး-
(အမေရိကန်နိုင်ငံ၌ ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက် နေ့ တွင် မူဆလင် အစွန်းရောက် အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြ သော အပြစ်မဲ့ပြည်သူများ၏ မိသားစုများနှင့်အတူထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းပါကြောင်း။ ။)


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။