(ဧည့်သည် အယ်ဒီတာစကား)
ကနေ့ခေတ်ကမ္ဘာက ၂၁ ရာစုဆိုတာအဓိပ္ပာယ်များစွာပြည့်ဝနေပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာလည်း ပါတယ်။ မီဒီယာ ဆိုတာလည်းပါတယ်။ Image ဆိုတာ လည်းပါတယ်။ PERSONALITY
ဆိုတာလည်းပါတာပေါ့နော်၊ ဒါတွေအားလုံးပြည့်စုံမှရင်ပေါင်တန်းနိုင်မှ ၂၁ရာစု လူသားတစ်ယောက်ဖြစ်မှာ ဖြစ် ပါတယ်။ ခေတ်နော က်ပြန် ဆွဲသလား ခေတ်ရှေ့ကိုသွားသလားဆိုတာ ပြောမနေတော့ပဲ ခေတ်နဲ့အမီလိုက်သလားဆိုတာပဲ ပြောဖို့အရေးကြီးပါတယ်။ ခေတ်မီတယ် ဆိုတာဟာ တကယ့်ကို ဖြစ် သင့် တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။
သပ်သပ်ရပ်ရပ်ဝတ်စားဆင်ရင် ခြင်းကလည်း ခေတ်မီတာဖြစ်ပါတယ်။ နှုတ်ခွန်းချိုသာစကား ပြောခြင်းကလည်း ခေတ်မီခြင်းဖြစ်ပါတယ်။ ဝန်ဆောင်မှုကောင်း ကောင်းပေးနိုင်ခြင်းကလည်း ခေတ်မီခြင်းဖြစ်ပါတယ်။ သုတ၊ ရသစုံလင်စွာ လေ့လာခြင်းဟာလည်း ခေတ်မီခြင်းဖြစ်ပါတယ်။
သူတစ်ပါးကို ကူညီတာ၊ ညှာတာတာဟာလည်း ခေတ်မီခြင်းဖြစ်ပါတယ်။ နောက်တစ်ခါ ကမ္ဘာကြီးပူနွေးနေ တာကို ဝိုင်းဝန်းလျှော့ချပေးတာ၊ပတ်ဝန်း ကျင်ကိုထိန်းသိမ်းပေး တာ လူသားဆန်တာဟာလည်းခေတ် မီတာဖြစ်ပါတယ်။ဒါကြောင့် မို့ လို့ကိုယ့်ရဲ့လုပ်ကိုင်ဆောင်ရွက် နေတဲ့အလုပ်တွေထဲက တစ်ခု ဖြစ်တဲ့သပ်ရပ်စမတ်ကျစွာ ဝတ် ဆင်ခြင်းကို၂၁ရာစုလူသား တစ်ယောက် မြို့ပြလူနေမှုပုံစံနဲ့ နိုင်ငံကိုကိုယ်စားပြုခြင်းဖြစ်တယ်လို့ဖော်ကျူးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခေတ်နဲ့ အညီရင်ပေါင် တန်းမယ် ဆိုရင် ကျွန်မတို့ နိုင်ငံမှာရှိတဲ့ လူငယ် လူကြီးအားလုံးကလည်း ဝတ်စားဆင်ယင်မှု သပ်ရပ်စမတ် ကျဖို့လိုပြီလို့လည်း မမိုးက ပြော ချင်ပါတယ်။ ဒီလိုအသေးဖွဲ လေးထက် ဒီ ထက်ကြီးမားတဲ့ အချက်တွေ ပြောစရာမရှိဘူး လားဆိုတော့ ရှိပါတယ်။ ဒါက တော့ မမိုးရဲ့အပိုင်းကဏ္ဍကနေ မမိုး ပြောတာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာဆိုရင် စင်ကာ ပူနိုင်ငံသမ္မတက သူ့နိုင်ငံက တက္ကစီမောင်းတဲ့သူတွေကိုတောင် အသပ်ရပ်ဆုံးဝတ်ဖို့ သူပြောပါတယ် ဘာကြောင့်လဲဆို တော့ နေ့စဉ် CUSTOMER
တွေနဲ့ ထိတွေ့နေရ တယ့်နေရာမှာ ဒီတက္ကစီသမား တစ်ယောက်ရဲ့ Customer တွေဟာ အောက်ခြေလူတန်းစား ကနေပြီးတော့ အလယ်အလတ် တန်းကနေ အဆင့်မြင့်ထိဖြစ်နိုင် ပါ တယ် နောက်ပြီးတော့ သူတို့ နိုင်ငံကိုလာ ရောက်လည်ပတ်တဲ့ နိုင်ငံခြားငွေတွေ ကိုတိုးစေတဲ့ တိုးရစ်(စ်)တွေလည်း ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်မို့လို့ တက္ကစီ သမားတွေ ဟာ ခေါင်းးအစခြေ အဆုံးသပ်သပ်ရပ်ရပ် စမတ် ကျကျဖြစ်ဖို့လိုတယ်ဆိုတာမျိုး ကို လူကြီးက၊နိုင်ငံတော်အကြီး အကဲက ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တက္ကစီ သ မားတွေ ကုတ်အင်္ကျီဝတ်ရမယ်ဆို တာမျိုးပေါ့ ။
ပုံမှန်အားဖြင့် ဆိုရင်တော့ ကားမောင်းနေတဲ့ လူတွေဟာပူတဲ့ အခါကျတော့ တစ်ထပ်တည်း ဝတ်ထားတာမျိုးရှိ မယ်။ တစ်ခါတလေကျတော့လည်း နွမ်းပါးပြီးတော့ အနံ့ အသက် မကောင်းတဲ့ အင်္ကျီမျိုးဝတ်ထား တာလည်း ရှိရင်ရှိမယ်။ ဒါကြောင့် မို့လို့ ကိုယ့်ရဲ့ ယာဉ်ကိုရော ကိုယ်ကိုယ်တိုင်ကိုရော သန့်သန့်ရှင်းရှင်းရှိစေဖို့ ညွှန်း တာပေါ့နော်။
နောက်တစ်ခါကျတော့ အမှိုက်ပေါ့နော်။အမှိုက်တွေ ဘာတွေဆိုလို့ရှိရင်လည်း စင်ကာပူနိုင်ငံမှာ စံပြုစရာတစ်ခုက ဒါနေရာတိုင်းမှာလည်း အမှိုက် ပစ်လို့မရဘူး။ အမှိုက် ပစ်ပြီးတော့ ညစ်နွမ်းစေတဲ့ အရာမျိုးနဲ့ ကွမ်းတံတွေးလိုအရာမျိုး၊ပီကေ လိုမျိုးအရာမျိုးတွေ မရှိရဘူး ပေါ့။ ဟိုကပ်ဒီကပ်ဖြစ်စေမယ့်အရာမျိုးပေါ့။ ဒါကလည်းပဲ တစ်ဦး ချင်း စီက လိုက်နာလိုက် တဲ့ အခါကျတော့ သပ်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်သွားတာပေါ့။ ဒါကြောင့်မို့လို့ အမှိုက်ကစ ပြာဿဒ် မီးလောင်ဆိုတာမျိုး ကြားဖူးပါလိမ့်မယ် နည်းန ည်းေ လးကနေ အမှိုက်ပုံကြီးဖြစ်သွားတော့ မီးလောင်ကျွမ်းနိုင်တဲ့လောင်စာ အထိဖြစ်သွားနိုင်တာ။ ဒီမှာ ဆိုရင်လည်း မြောင်းထဲတွေမှာ ကြုံရင်ကြုံသလိုအမှိုက်ပစ် သွား တာေ ပ့ါနော်။ဆီးထုပ်ဘာ ညာစားပြီးရင်လည်းလမ်းဘေးမှာ ပစ်လိုက်တာပေါ့။ကိုယ် ဒီလိုအကျင့် မရှိခင်တုန်းက ဆိုရင်လည်း ၊မမိုးတို့ ငယ်ငယ်တုန်း ကဆိုရင်လည်း ဒီ လိုမျိုး ရှိ တာပဲလေ။
ဒါပေမဲ့ လူကြီးတွေက သင်တယ်။ ကျောင်းကသင်တယ်၊ ဆရာမကသင်တယ်ဆိုတော့ ကိုယ်က နိုင်ငံကြီးသား နိုင်ငံ ကြီးသူဖြစ်ချင်ရင် ဒီစည်းကမ်း ဓလေ့တွေကို လိုက်နာ သင့်တာပေါ့။ အဲ့ဒီတော့ တစ်ခါတလေ အမှိုက်ပုံးမရှိဘူးဆိုရင်ပေါ့ ၊ဒါလည်း ကျွန်မတို့ကလည်း နိုင်ငံခြားမှာနေတဲ့ မောင်တွေ ဆီကနေ ပြန်သင်ရတာပေါ့။ သူတို့က အမှိုက် တစ်ခုကိုရထားပြီ၊ ကိုင်ထားပြီဆိုရင် အမှိုက်ပုံး ကို ရအောင်မေးတယ် မမိုးတို့က မြန်မာတွေဆိုတော့ ခပ်လွယ်လွယ်ပဲ ပြောလိုက်တယ်ရပါတယ်။
အဲ့ဒီထောင့်နေရာ တံမြက်စည်းထောင်ထားတဲ့နေရာမှာပဲ ပစ်ချခဲ့လိုက်ပေါ့။ ဒါပေမဲ့ သူတို့က ဘယ်လိုမှ dust bin လို့ ခေါ်တဲ့အမှိုက်ပုံးကို မတွေ့ မချင်းမပစ်ပါဘူး။ ကိုင် ထားပါတယ်။ အဲ့ဒီတော့ မမိုးတို့ထက် ငယ်တဲ့သူတွေတောင်မှ တစ်ခြားနိုင်ငံမှာ၊မွေးဖွားကြီးပြင်းရတဲ့အခါမှာ ဒီလိုစနစ်တွေရှိတယ်ဆိုတော့တို့ အိမ်သားတွေ လည်း ပြင်ကြ ရမယ်ဆိုပြီး အမေက အမြဲတမ်းပြောပါတယ်။အဲ့ ဒါနဲ့မမိုးတို့ဆိုရင်လည်းငယ်ငယ်ကတည်းက အမှိုက်တစ်ခုကို ကိုင်ထားပြီးရင် ပစ်စရာနေရာ မရှိရင်ကိုယ်လွယ်ထားတဲ့ လွယ်အိတ်ထဲပဲ ပြန်ထည့်လိုက်တယ်။
တစ်ခါတလေကျရင် အမှိုက်ပစ်ရမယ့် နေရာဝေးနေတယ်ဆိုရင် ကိုယ့်ဟာကိုယ်ပဲ ပလတ်စတစ်ပဲဖြစ်ဖြစ် တစ်ခုခုထဲ ပြန်ထည့်ထားလိုက်တယ်။ လူတော် တော်များများက အမှိုက်လွှတ်ပစ်ရမယ့် အရာဆိုရင် ပြန်မသယ်သွားချင်ဘူး။ ကိုယ်သုံးသွားတဲ့ တစ်ရှူးတောင်မှ ကုန်သွားတဲ့ ထမင်းဘူးထဲပြန်ထည့်သွာရင်ရတာပဲ။အိမ်ကျ ထမင်းဘူး ဆေး ရင်လွင့်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ ကိုယ်စားတဲ့စားပွဲပေါ်မှာပဲ ဒီအတိုင်းထားခဲ့ လိုက်ကြတယ်။
နောက် အလွယ်တကူသုံးတဲ့ ပစ္စည်းတွေရှိတယ်။ ကော်ဘူးတွေကော်ခွက်တွေပေါ့နော် အဲ့ဒါတွေဆိုလို့ရှိရင် တစ်ခါသုံးဆိုတာမှန်တယ်။ ပြီးရင် အမှိုက် ဖြစ် သွား တာ ပဲေ ပါ့နော်။ ဒါပေမဲ့ အဲ့ဒီအမှိုက်တွေကလည်း ဘယ်နေရာမှာ ပဲပုံပုံ မပျော်ဝင်တော့တဲ့ ၊မပျက်စီးတော့တဲ့အ ရာတွေ ဖြစ် တယ်။ဒီလိုအမှိုက်မျိုးတွေသာ ဆိုရင်လည်း ကိုယ့်ရဲ့ ကမ္ဘာကြီးအတွက်၊ မြန်မာပြည်အတွက် အကြီးစားကြီးတွေ ဖြစ်သွားတာပေါ့။
အဲ့ဒီတော့ အမှိုက်နဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ် သန့်ရှင်းသပ်ရပ်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မမိုးကတော့ မမိုးတို့ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေ တစ်ယောက်ကို တစ်ေ ယာက် အလေးထားစေချင်ပါတယ်။ ခုဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံက ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အသစ်ကြီးဆီကိုသွားနေ တယ်ဆိုတဲ့အခါ ကျတော့ စိတ်သ စ် လူ သစ်အတွေးခေါ်သစ်နဲ့ ဟောင်းနေတဲ့ ပတ်ဝန်းကျင်ကိုလည်း သစ်လွင်အောင်သန့်စင် ဆေးကြောဖို့လိုတာကိုး။ အဓိက ကတော့ကိုယ့်နိုင်ငံကိုလာတဲ့ ဧည့် သည်တွေအ တွက်ပြဖို့သာမကပဲ နိုင်ငံအတွင်းမှာနေတဲ့လူတွေ၊ မြို့ပြမှာနေတဲ့သူတွေ ကိုယ်တိုင် ခံစားမိအောင်လုပ်ဖို့လိုပါတယ်။ အဲ့ဒီတော့အမှန် တကယ့် ဟောင်းနေ လို့ ပြုပြင် တယ်ဆိုတာ ကောင်းတဲ့ အလုပ်ပါ။ ကြာရှည်လည်း ခံတာပေါ့နော်။
ဒါကြောင့် ဒီမြို့ပြရဲ့သန့် ရှင်းသပ်ရပ်မှုတွေ အမှိုက်တွေမရှိအောင် မြို့တော်ရဲ့ စည်ပင် ဖွံ့ဖြိုးမှုတွေအတွက် မြို့တော်သူတွေမြို့တော်သားတွေ တစ်တပ် တစ်အားပါဝင် တယ်ဆိုတာ သိပ် ကောင်းပါတယ်။ အခုဆိုရင် အမှိုက်တွေကောက်တဲ့ ကိစ္စတွေ လိုက်လုပ်နေကြတယ်။ သူများ တွေက ပြောတယ်။ လူအားနဲ့ တစ်စစီ လိုက်ကောက်နေ လည်း ပစ်တဲ့လူက ပစ်နေတယ်။ ဘယ်လိုနိုင်မှာလဲ ပြောကြတယ်။ မဟုတ်ဘူးကျွန်မကရှင်းပြတယ် ဒါဟာလူအားနဲ့ ဒီလိုလုပ်ရင် တစ်ယောက်ချင်းစီ၊တစ်ဦးချင်း စီတာ ဝန်ကျေရင်ရတယ်ဆိုတာကို လုပ်ပြနေတဲ့ လှုပ်ရှားမှုဖြစ်တယ်။
ဒီ activity တို့ ၊ကမ်ပိန်းတို့ဆိုတာ ရှေ့ကလုပ်ပြတဲ့လူ မရှိရင် မနိုးထတဲ့အတွက်ကြောင့်မို့လို့ ဒါဟာလုပ်ပြနေတာ။ အခုလုပ်ပြနေတဲ့ လူရှိတာကိုတောင် နိုးထရမယ့်အစား အပြစ်ပြော နေကြတယ်။ အဆိုးဘက်ကပဲ ပြောနေကြတယ်။ ဒီတိုင်းပြည်ဘယ်လိုတိုးတက်မလဲ။ ဒါကြောင့်မို့လို့ကိုယ်ကိုယ် တိုင်လုပ်ပါ။ ကိုယ်ကိုယ်တိုင် အိမ်ထောင် ဦးစီးဖြစ်တယ်ဆို ရင်ကိုယ်ကိုယ်တိုင်လုပ်ပါ။ ကိုယ့်သားသမီးတွေပါလာ အောင်လုပ်ပါ။ကိုယ်ကသား သမီး ဖြစ်တယ်ဆိုရင်လည်း ကိုယ် ကိုယ်တိုင်လုပ်ပါ။ ကိုယ့် အိမ် ကလူတွေ နားလည်လာအောင် ကျွန်မတို့ဆိုလို့ ရှိရင်လည်း အဲ့ ဒီအဖွဲ့အစည်းမှာ အချိန်ပေးပြီး သွားမပါနိုင်ဘူး။ ဒါပေမဲ့ ကျွန်မ တို့ စိတ်အားဖြင့်လည်း အား ပေး တယ်။ လူအားဖြင့်လည်း အားပေးတယ်။ဒီလို နှုတ်အား ဖြင့်လည်းထောက်ခံတယ်။ ကျွန်မတို့ရဲ့ကလေးတွေကို ကျွန်မတတ်နိုင်တဲ့ဘက်က သင်ကြား ပို့ချတဲ့အခါ မှာ လည်းဒါ က ကောင်းမွန်တဲ့ လူမှုရေးအလုပ် ဖြစ်တယ်။နှမ်းတစ်စေ့တည်းနဲ့ ဆီမဖြစ်နိုင်ဘူးလို့ ဘယ်တော့မှ မခံယူပါနဲ့။ နှမ်းတစ်စေ့တစ်စေ့ စီပေါင်းရင် ဆီဖြစ်လာတာဖြစ် တဲ့အတွက် အခုဒီနှစ်မှာ ဒီအ လုပ်ကိုလုပ်တဲ့လူအယောက် တစ်ရာရှိတယ်ဆိုရင်နောက် တဖြေးဖြေးနဲ့တစ်ရာကနေ တစ်ထောင်ဖြစ်လာလိမ့်မယ်။ ဘယ်အရာမဆိုကူးစက် တယ် ပြန့် ပွားတယ်လေ။ ဒီအတိုင်းနေရင်းနဲ့တောင်ကူးစက်ပြန့်ပွားမှုရှိနေတာပဲ။
အဲ့ဒီတော့ မကောင်းတဲ့ အလုပ်တွေတောင်မှ ဒီလောက် ကူးစက်တာ ပြန့်ပွားတာ မြန် တယ်ဆိုရင် ကောင်းတဲ့အလုပ် ဆိုရင် ဒီထက်ပိုမြန်ရမယ်။ ဒါကြောင့်မို့လို့ ကောင်း တဲ့ ဘက်ကို တွေးပြီးတော့ ကောင်းတာလေးကို လုပ်ဖို့ အတွက် နည်းနည်းလေးကနေ ဖြစ်ဖြစ်စပြီးလုပ်ပါလို့မမိုးအနေ နဲ့ ပြောကြားရင်း ဧည့်သည် အယ်ဒီတာစကားကို အဆုံး သတ်လိုက်ရပါတော့တယ်။
တင်မိုးလွင်
http://www.popularmyanmar.com/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။