Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, June 5, 2014

" အကြံ ကုန်တော့ ဂဠုန် တွေ တိုင်းပြည် ဖျက် ပြီ "

" အကြံ ကုန်တော့ ဂဠုန် တွေ တိုင်းပြည် ဖျက် ပြီ "
**************************************************************
အမှန်ပြောရရင်တော့ ..PR ( proportional Representation System ) ပီအာရ်- လို့ခေါ်တဲ့စံနစ်ဟာ ရွေးကောက်ပွဲအနိုင်ရလာမဲ့ပါတီကြီးတခုကိုတမင်ရည်ရွယ်ချက်ရှိရှိနဲ့တရားဝင်လွှတ်တော်ထဲမှာကန့်လန့်လုပ်ဖို့နဲ့..အစိုးရဖွဲ့လာမဲ့အနိုင်ရပါတီကြီးရဲ့လုပ်
ငန်းစဉ်တွေ၊ စီမံကိန်းတွေကိုမအောင်မြင်အောင်၊ ဘာသာရေး လူမျိုးရေး တွေနဲ့ ဒီမိုကရေစီစံနစ်ဆိုတာ "ပရမ်းပတာ" ဗရုတ်သုတ်ခ-လို့ ပြည်သူတွေမြင်လာအောင်
လုပ်ဖို့သက်သက်ပါပဲ။

ဒီလိုနည်းက ၁၉၆၂ -ခုနှစ် တော်လှန်ရေးကောင်စီအမည်နဲ့ စစ်တပ်က အာဏာ
သိမ်းပြီးတက်လာတဲ့ ဗိုလ်နေ၀င်းရဲ့ လုပ်နည်းလုပ်ဟန်ပဲဖြစ်တယ်။

ဗိုလ်နေ၀င်းလဲ မဆလ ပါတီထောင်ပြီးတော့ ပါလီမန်ဒီမိုကရေစီဆိုတာ ၀ရုန်းသုန်း
ကား စံနစ်ဖြစ်ပြီး ဖယ်ဒရယ်ပြည်ထောင်စု ဆိုတာ ခွဲထွက်ရေး ဆိုတဲ့ ဒီမိုကရေစီကို
အပုတ်ချ မကောင်းပြောတဲ့နည်းတွေနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ထောင်ပြီး တပါတီ အာဏာရှင်အဖြစ်တိုင်းပြည်ကို ( ၂၆ ) ကျော် အုပ်စိုးနိုင်ခဲ့လို့ပဲဖြစ်တယ်
ဆိုတာကို စစ်တပ်က ကောင်းကောင်းသိထားပါတယ်။
မြန်မာနိုင်ငံလောက်တိုင်းရင်းသားပေါင်းစုံနေထိုင်ပြီး၊လူမျိုးစုံဘာသာစုံကိုးကွယ်ကြ
တဲ့နိုင်ငံကမ္ဘာမှာတောင်ရှာကြည့်ရင်မရှိသလောက်ပဲဖြစ်တယ်ဆိုတာ တွေ့ရမှာပါ၊
ယခင်ကာလ ( NDF ) ပါတီက ဒေါ်ခင်ဝိုင်းကြည် အဆိုပြု ခဲ့ဘူးတဲ့ ပီအာရ် PR စံနစ်ကို ကျင့်သုံးဖို့ တင်ပြထားတဲ့အဆိုကို မှတ်တမ်းတင် သဘောမျိုး ထားခဲ့ပေမဲ့ ယနေ့ချိန်ခါမှာတော့ အရှိန်မြှင့်လာတဲ့ -NLD နဲ့ + ၈၈- မျိုးဆက် တို့ရဲ့ နိုင်ငံရေး ထိုးစစ်ကို ခုခံဖို့နဲ့ တန်ပြန်ဖျက်ဆီးဖို့အတွက် လက်ရှိအာဏာရ ကြံ့ဖွတ်ပါတီကြီးက တကျော့ပြန်ခေါင်းထောင်လာတဲ့ NDFပါတီက ဒေါ်ခင်ဝိုင်းကြည်ရဲ့ ယခင်အဆို PR ပီအာရ်စံနစ်ကျင့်သုံးဖို့ကိစ္စ ထပ်မံတင်ပြခြင်းကိုလက်ခံပြီး အမျိုးသားလွှတ်တော်
မှာဆွေးနွေးအတည်ပြုနိုင်ဖို့လုံးပမ်းလာတာကိုမြင်ရမှာပဲဖြစ်ပါတယ်။
ထို့အတူ ...အရေးကြုံရင်ထုတ်သုံးဖို့အတွက် (မဘသ) အမျိုးဘာသာကာကွယ်စောင့်
ရှောက်ရေးဆိုသူတွေရဲ့ တင်ပြထားချက်ကိုလဲသမ္မတ ဦးသိန်းစိန်ဟာ လက်ခံထားတာ
ကိုလဲ သတိရှိရှိနဲ့ ကြည့်နေကြဖို့လိုအပ်ပါတယ်။
ဒေါ်ခင်ဝိုင်းကြည် ရဲ့ ယခင်အဆို ပီအာရ် PR - ကို ဘာကြောင့်ပြတ်ပြတ်သားသား မပယ်ချ ခဲ့တာလဲဆိုတာကတော့ ကြံ့ဖွတ်ပါတီဟာ လိုအပ်လာရင်ထုတ်သုံးဖို့အတွက်
တမင်ရည်ရွယ်ချက်ရှိရှိကိုမှတ်တမ်းသဘောမျိုးပဲထားခဲ့ပြီးယနေ့နိုင်ငံရေးအခင်းအကျင်းနဲ့အခြေအနေဟာကြံ့ဖွတ်ပါတီရဲ့လာမဲ့၂၀၁၅- ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်
နလန်မထူနိုင်ဘူးဆိုတာကိုရိပ်စားမိလာတဲ့အချိန်မို့ ယခင်NDF-ပါတီ ဒေါ်ခင်ဝိုင်းကြည်
ရဲ့မှတ်တမ်းသဘောမျိုးထားခဲ့တဲ့ PR-ပီအာရ် - ကို( NDF ) ပါတီနဲ့ညှိ ပြီးဆွဲထုတ်လာတဲ့
သဘောပဲ၊
လက်ရှိ ကြံ့ဖွတ်ပါတီကစိတ်ကြိုက်သွားခဲ့တဲ့အနိုင်ရတဲ့ပါတီအစိုးရဖွဲ့တဲ့စံနစ်ကနေပြောင်းဖို့
လုပ်လာတဲ့အကြောင်းရင်းကတော့ကြံ့ဖွတ်ပါတီကိုလူထုဟာ စိတ်ထဲအသဲထဲကနေ
အော့နှာလုံးနာနေကြပြီဆိုတာကိုကွက်ကွက်ကွင်းကွင်းသိနေကြလို့ပါပဲ။
ပြည်နယ်တွေကနေရွေးကောက်ခံရတဲ့တချို့ သော အဖွဲ့ကွဲနေတဲ့ တိုင်းရင်းသားပါတီ
ငယ်တွေဟာ ပေါင်းတဲ့ပါတီတွေကပေါင်းသွားကြပြီး သူ့ပြည်နယ်နဲ့သူ ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်နိုင်ကြတဲ့အနေအထားရှိကြတာကိုတွေ့ရသလို...
တချို့ သောတိုင်းရင်းသားပါတီတွေကတော့..အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဒေါင်ဒေါင်မြည် အမာခံမဟာမိတ် တိုင်းရင်းသားပါတီတွေဖြစ်နေကြတာကို ကြံ့ဖွတ်ပါတီဟာ သွေးပျက်စရာမြင်ကွင်းတခုကို မြင်လိုက်ရ သိလိုက်ရလို့ပဲဖြစ်
ပါတယ်။
နောက် - ကျန်တဲ့ဗမာအမျုားစုဒီမိုကရေစီအမည်ခံလူထုစိတ်မ၀င်စားတဲ့နိုင်ငံရေးလုပ်စားမဲ့
ပေါတောတော၊ကြောင်တောင်တောင်ပါတီငယ်တွေဟာဟိုပေါင်းရမလို ဒီပေါင်းရ
မလိုဘ၀ကနေ မြောင်းထဲရောက်တော့မယ်ဆိုတာကို သိလို့ပဲဖြစ်တယ်။
ဒီအချက်ကိုကြံ့ဖွတ်ပါတီက ကောင်းကောင်းသဘောပေါက်တဲ့အတွက်လူထုထောက်ခံမှု့မရှိတဲ့ဗမာပါတီငယ်တွေကို နောက်ကွယ်ကနေငွေကြေးပိုင်းအရရောထောက်ပံ့ပေးပြီး ( ဖျက်မြင်း) သဘောမျိုးနဲ့ နိုင်ငံရေးကစားလာမှာပဲဖြစ်ပါတယ်။
ပီအာရ် PR - စံနစ်ရဲ့ သဘောကတော့ အနိုင်ရ ပါတီဆိုတာမရှိတော့ပဲ "မဲ" အရေ
အတွက် အချိုးအစားအရနဲ့ လွှတ်တော်ထဲအကုန်ဝင်ရမယ်ဆိုတဲ့သဘော၊
လွှတ်တော်ထဲအကုန်ဝင်ရရင်.....
၂၀၁၀-ရွေးကောက်ပွဲကာလက ဘယ်နေရာမှ အနိုင်မရခဲ့ပဲ ဘေးထိုင်ဘုပြောနေတဲ့
ဦးသုဝေ ပါတီ လိုမျိုး၊ နေမျိုးဝေ ပါတီလိုမျိုးပါတီတွေနဲ့၊
နိုင်ငံရေးကိုနကန်းတလုံး နားမလည်ပဲ နိုင်ငံရေးဆိုတာ.ညစ်ပတ်တဲ့နိုင်ငံရေးလို့ လူသာမန်တွေမြင်လာအောင်(Deposit) ငွေ(၅)သိန်းတင် ပြီးကျပ်မပြည့်တဲ့နိုင်ငံရေးအတွေးအခေါ်မရှိတဲ့၊လူမျိုးတွေပါ နိုင်ငံရေးထဲမှာ ၀င်ပါလာနိုင်အောင်လို့ ဆွဲတင်ချင်တဲ့ နည်း ပဲ ဖြစ်တယ်၊
( ဥပမာ ) ပေးရရင်
ဒေါ်စုကိုတလျှောက်လုံးအပုတ်ချတိုက်ခိုက်လာတဲ့ငါးမင်းဆွေ..ခေါ်..နွားမင်းဆွေ
တို့လိုလူမျိုးတွေ၊မကြာသေးခင်က ဒေါ်စုကို ရင့်သီးရိုင်းစိုင်းစွာပြောဆိုပြီး မြန်မာ့
တပ်မတော်ရဲ့ဖခင်စစ်စစ်နဲ့၊တိုင်းပြည်လွတ်လပ်ရေးအတွက်အသက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုပါ စော်ကားပုတ်ခတ်ပြောဆိုခဲ့တဲ့ တပ်ကုန်းက ဦးစန်းလွင်- လို့ခေါ်တဲ့အဖိုးကြီးလိုလူမျိုးတွေကလဲပါတီထောင်ပြီးလွှတ်တော်ထဲရောက်လာနိုင်
တဲ့စံနစ် ဖြစ်လို့ပဲဖြစ်တယ်။
သူတို့အတွက်ပါတီထောင်ဖို့လိုအပ်တဲ့ငွေကိုကြံ့ဖွတ်ပါတီက နောက်ကွယ်ကနေထောက်ပံ့ပေးထားမှာဖြစ်တယ်ဆိုတာကတော့မြေကြီးလက်ရိုက်မလွဲပဲသေချာတဲ့အခင်းအကျင်း
တခုပဲဖြစ်ပါတယ်။
လက်ရှိအာဏာရ ကြံ့ဖွတ်ပါတီဟာတိုင်းပြည်ကို တိုးတက်ကြီးပွားအောင်လုပ်ချင်စိတ်၊
လုပ်ပေးချင်တဲ့စေတနာမရှိဘူးဆိုတာ- ကြံ့ဖွတ်ပါတီအစိုးရ ရဲ့ ပြီးခဲ့တဲ့ ( ၃ ) နှစ်ကျော် ကာလသက်တမ်းက သက်သေအဖြစ်ကျနော်တို့တွေ့မြင်ခဲ့ကြရပါပြီ။
အမှန်စင်စစ် PR - ပီအာရ်စံနစ်ဟာ ကျနော်တို့ လို တိုင်းရင်းသားစုံလူမျိုးစုံတဲ့ တိုင်းပြည်
အတွက်တော့ ( ဗရုတ်သုတ်ခ ) ကိုသာဖြစ်စေပြီးတိုင်းပြည်ဘာမှဖြစ်မလာနိုင်ဘူးဆို
တာ အသေအချာ ပြောလို့ရပါတယ်။
ဒါကြောင့်ကျနော်တို့ဟာပီအာရ်PR - စံနစ်ကျင့်သုံးခြင်းကို ပြင်းပြင်းထန်ထန်
ကန့်ကွက်ရမှာဖြစ်ပါတယ်။
ဒီမိုကရေစီစံနစ်သာလျှင် တိုင်းသူပြည်သားတို့ရဲ့ဘ၀အာမခံချက်ကိုပေးနိုင်မှာဖြစ်တဲ့အ
တွက် ကျနော်တို့ဟာအနိုင်ရတဲ့ပါတီသာလျှင်အစိုးရဖွဲ့သည့်စံနစ်ဖြင့် ဒီမိုကရေစီတိုင်း
ပြည်ဖြစ်အောင် ကျိုးစားအားထုတ်ရမှာဖြစ်ကြောင်းတင်ပြရင်းဖြင့် -
(ကုလအတွင်းရေးမှုးချုပ်-ဦးသန့်) ရဲ့ ဒီမိုကရေစီစံနစ်ဖြင့်တိုင်းပြည်ထူထောင်ရန်
အတွက် လိုအပ်ချက် မှာတမ်းစကားဖြင့် အဆုံးသတ်ပါရစေ ။
( တိုင်းပြည်အုပ်ချုပ်ရေးစံနစ်များအနက်ဒီမိုကရေစီစနစ်သည်အခက်ခဲဆုံးဖြစ်လေသည်
ဒီမိုကရေစီစံနစ်အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဥာဏ်ပညာနှင့်၊ဆင်ခြင်
တုံတရား လုံလောက်အောင် ရှိကြရမည်။
အသိဥာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခ ကိုသာဖြစ်စေ
လိမ့်မည်။
ထို့ကြောင့် ဆင်ခြင်တုံတရားကို သုံးနိုင်ကြရမည်။ ပညာရေးသည်နိုင်ငံရေး၏ အခြေခံ
ဖြစ်၏ )
( ဦးသန့် - ကုလသမဂ္ဂအတွင်းရေးမှုးချုပ် )
ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ
Philosophermg Myathar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။