မြန်မာပြည်က ပြောက်ကျားစစ်သည်များ - သင်သိပါသလား ????
- ကမ္ဘာကျော် သမိုင်းဆရာ ဂျေဂျီစကော့တ်က Burma and beyond အမည်ရှိ စာအုပ်မှာကချင်လူမျိုးများဟာ ပထမတန်းစား စစ်သည်များလို့ ရေးသားဖူးပါတယ်။
- ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်မှာ အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဖလက်ချာ က ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) လို့ပြောဆိုခဲ့ဖူးပါတယ်။
- ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်မှာ အမေရိကန် ကချင်ရိန်းဂျာ ပြောက်ကျား တပ်ဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဖလက်ချာ က ကချင်လူမျိုးများအား တုနှိုင်းမမီနိုင်သော တောတွင်း တိုက်ခိုက် ရေးသမားများ (Unmatch jungle fighters) လို့ပြောဆိုခဲ့ဖူးပါတယ်။
- ဗြိတိသျှ ကချင်လေတပ်မှူး ဗိုလ်မှူးကြီး အီယန်ဖဲလိုး ဂေါ်ဒွန်ကလည်း (Amicable assassins) အမည်ရှိ သူ၏ စာအုပ်တွင် (The best guerrillas in the world) ကမ္ဘာ့အတော်ဆုံးသော ပြောက်ကျား စစ်သည်များလို့ ရေးသားဖူးပါတယ်။
- ဖက်ဆစ် ဂျပန်တွေကို ပထမဆုံး ဆန့်ကျင်တော်လှန် တိုက်ခိုက်သူ များမှာ ကချင်တိုင်းရင်းသား များ ဖြစ်ခဲ့ပါတယ်။
- ဖက်ဆစ် ဂျပန်တွေကိုပထမဆုံး ခုခံတော်လှန်ဖို့ အတွက် ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းခဲ့တာဟာ ဆွမ်ပရာဘွမ် ဒေသ မှာဗိုလ်နော်ဆိုင်း ဦးဆောင်တဲ့ ကချင်စစ်သည်အချို့ဖြစ်ပါတယ်။
- ကချင်ပြောက်ကျားတွေရဲ့ အကောင်းဆုံး လက်နက်ဟာ အိမ်တွင်းလုပ် တူမီးသေနတ်များ ဖြစ်ပါတယ်။
- ဒုတိယကမ္ဘာစစ် ပြီးမှာကချင် စစ်သည်တွေဟာ ဘီဂျီအမ် (Burma Gallantry Medal)၊ အယ်မ်စီ (Militry Cross) သူရဲကောင်းဘွဲ့ရ ၂ဝဝ ခန့်သာမက အခြား သူရဲကောင်း ဘွဲ့တံဆိပ်ရ ၄ဝဝ ခန့်ရရှိခဲ့ကြောင်း သိရပါတယ်။
- ၁၉၄၀မတ်လ၂၀ရက်အထက်မြန်မာပြည်မှာ ဂျပန်တွေကို အပြီးအပိုင် တိုက်ထုတ်နိုင်ခဲ့ခြင်းအောင်ပွဲအထိမ်းအမှတ်အနေနဲ့ မနောပွဲကြီးကို ဗန်းမော်ခရိုင် စိန်လုံကဘားမှာ ကျင်းပခဲ့ကြပါတယ်။
- ကချင် စစ်သည်တွေဟာမြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးနောက် ချက်ချင်း မြန်မာ့ တပ်မတော်သား များအဖြစ် ဆက်လက်အမှုထမ်းပြီး တိုင်းပြည်ကာကွယ်ရေးတွက် ဆက်လက် တာဝန်ယူခဲ့ ကြပါတယ်။
- ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ဖြစ်ချိန်မှာ ပြည်ထောင်စုအစိုးရ ဝန်ကြီးချုပ်က ကချင်ခေါင်းဆောင် ဆမားဒူဝါဆင် ဝါးနောင်ကို အကူအညီတောင်းခံလို့ ဒုတိယကမ္ဘာစစ်ပြန်ကချင်ရဲဘော် ထောင်ပေါင်း များစွာကို ပြန်လည် စုစည်းပြီး ရောင်စုံသူပုန် တွေလက်က မြန်မာပြည်ကို ပြန်လည် တိုက်ခိုက်သိမ်းယူတာဟာ လည်း ကချင်တပ်သားများပဲဖြစ်ပါတယ်။
- ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် ကာလ အင်းလေးဒေသမှာ ကွန်မြူနစ် သူပုန် ၄၉ ယောက်ကို တစ်ယောက်တည်း တိုက်ခိုက် အနိုင်ယူပြီး လက်နက် ၃၉ လက် သိမ်းဆည်းနိုင်လို့တပ်သားဘဝကနေ ချက်ချင်း ဗိုလ်အဆင့်သို့ တိုးမြှင့်ခံရပြီး သူရ ဘွဲ့တံဆိပ်ချီးမြှင့်ခံရတဲ့ ဗိုလ်ကြီး သူရ ဖော်ဝုန်လတောင်ဟာကချင်အမျိုးသား
ဖြစ်ပါတယ်။
- တရုတ်ဖြူ ကျူးကျော်မှု မှာအဓိက တိုက်ခိုက် နှိမ်နင်းခဲ့သူများမှာ ကချင်စစ်သည် များနှင့် ဂေါ်ရခါး စစ်သည် များ ဖြစ်ပါတယ်။
OMO
(မှတ်ချက်။။စောမင်းဖြူဘလော့ကသိသင့်တာကိုအတိုချုံးပြန်လည်ကောက်နှုတ်
ထားခြင်းဖြစ်ပါတယ်)
(မှတ်ချက်။။စောမင်းဖြူဘလော့ကသိသင့်တာကိုအတိုချုံးပြန်လည်ကောက်နှုတ်
ထားခြင်းဖြစ်ပါတယ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။