Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 15, 2014

မြန်မာပြည်ကို အရေခွံဆုတ်နေတဲ့ ဘိန်းတရုတ်ခရိုနီ

မြန်မာပြည်ကို အရေခွံဆုတ်နေတဲ့ ဘိန်းတရုတ်ခရိုနီ
==============================
လက်စောင်းထက်

ခရိုနီတွေအကြောင်း ပြောပြနေတဲ့ ခရိုနီလက်ဟောင်းကြီးက “တကယ်တမ်း ပြောရရင် ထိပ်သီးခရိုနီ၂၀ထဲမှာ မြန်မာတစ်ယောက်မှ မပါဘူးဗျ။ ဒီလိုပြောပြန်တော့ ဆရာကျောင်းတို့ ဦးဇော်ဇော်တို့ ဦးတေဇတို့က ထိပ်သီး ၂၀ထဲမပါဘူးလားလို့ ခင်ဗျားက မေးချင်မယ်။ အစိုးရဆီက အခွင့်အရေး အရဆုံး အမြတ်အစွန်း အရဆုံး ၂၀ထဲမှာ အဲဒီသုံးယောက် မပါဘူးဆိုတာ အသေအချာ ပြောရဲတယ်။

ဘာကြောင့် ပြောနိုင်သလဲဆိုတော့ အရင်ထောက်လှမ်းရေးတွေ ပြုစုထားတဲ့ စာရင်းရှိတယ်။
အဲဒီအထဲမှာ ခုနသုံးယောက်က ၂၀အပြင်မှာပဲရှိတယ်။ ဒါပေမဲ့ လှူရတန်းရမဲ့ အချိန်ကျရင်
ရုပ်ပြကောင်းအောင် သူတို့ကိုပဲ ပွဲထုတ်လေ့ရှိတော့ လူတွေက သူတို့သုံးယောက်က
အခွင့်အရေး အရဆုံး၊ အချမ်းသာဆုံးလို့ ထင်နေတာ။ အခုကျွန်တော် ပြောပြမဲ့ ဘိန်းခရိုနီ
ကမှ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်မိသားစုတွေ၊ ၀န်ကြီး ၀န်ကလေးတွေရဲ့ ယုံကြည်ခံရဆုံး အခွင့်အရေး အရဆုံးသူ ဖြစ်တယ်။ 

သူတို့မိသားစုနေဖို့ အင်းစိန် သုခလမ်းနဲ့ ပဏ္ဍိတလမ်းမှာနေတဲ့ သူတွေကို မှော်ဘီ ၀ါးတစ်ရာ
ကို ပြောင်းပစ်ပြီး ရပ်ကွက်ကြီး တစ်ခုလုံးကို မိသားစု စံနန်းတော် လုပ်ခဲ့သူလည်း
ဖြစ်တယ်။ ပြောရရင် ဒါဟာ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းလည်း မဟုတ်ဘူး။ ဘိန်းဘုရင် မိသားစု
စံစားဖို့ သက်သက်ပဲ။ ဒါပေမဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်ညွန့်က အဲဒီနေရာကို ပေးခဲ့တယ်။ ဘာလို့ပေးခဲ့သလဲဆိုရင် အဲဒီ ဘိန်းတရုတ်တွေက
ထောက်လှမ်းရေး အသေးသုံးအတွက် တစ်နှစ်ကို ဒေါ်လာ တစ်သန်း ထောက်ပံ့ခဲ့လို့ပဲ။

ဒီဘိန်းတရုတ် ခရိုနီက မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေကို တရုတ်ဘက်ကို နည်းမျိုးစုံနဲ့
ရောင်းစားနေတဲ့သူ ဖြစ်တယ်။ အခုအနားယူသွားတဲ့ ဒုသမ္မတဟောင်းကို သူ့ကုမ္ပဏီထဲမှာ ရှယ်ယာတွေပေး၊ ကုမ္ပဏီရဲ့ နာယကခန့်ပြီး တစ်နိုင်ငံလုံးရဲ့ အရင်းအမြစ်တွေကို ထုတ်ယူ သုံးစွဲခွင့်ရခဲ့တာ ဖြစ်တယ်။ အဲဒီ ဒုသမ္မတဟောင်းဟာ အဲဒီ ဘိန်းတရုတ်ရဲ့ ကုမ္ပဏီ
မှာ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး နာယက တာဝန်ထမ်းဆောင်လျက်
ရှိတယ်။

တစ်နိုင်ငံလုံးက အုန်းအုန်းကျွက်ကျွက် ကန့်ကွက်နေတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်ဟာ
တကယ်ပြောရရင် နှစ်ကျပ်ကွက် ဖြစ်တယ်။ မြစ်ဆုံရဲ့ ရေအောက် မြေကြီးတွေထဲမှာ
နှစ်ပေါင်းများစွာ အနည်ကျနေတဲ့ ရွှေတွေရှိတယ်။ ဒါကြောင့် မြစ်ဆုံက တူးသမျှ မြေကြီး
တွေကို တရုတ်ဘက်ကို ငွေအကုန်ခံ သယ်သွားတာဖြစ်တယ်။

အဲဒီမြစ်ဆုံ စီမံကိန်းအတွက် သူတို့ရင်းနှီးမြှုပ်နှံမဲ့ ငွေထက် အဆပေါင်းများစွာ တန်တဲ့
ရွှေတွေကို အဲဒီဘိန်းတရုတ် ပွဲစားလုပ်တဲ့ CPIကုမ္ပဏီက ရသွားပြီးဖြစ်တယ်။ ပြောရရင် အဲဒီဘိန်းတရုတ်ခရိုနီဟာ တိုင်းပြည်မျက်နှာကို နဲနဲမှထောက်တာ မဟုတ်ဘူး။ အဲဒီလို မထောက်ထားနိုင်တဲ့ အကြောင်းက သူဟာတရုတ်ဖြစ်နေလို့ပဲ။ ခက်တာက အဲလိုလူတွေ
ကိုမှ အာဏာရှင်တွေက ယုံကြည်ကြတာကိုးဗျ။

သူပွဲစားလုပ်တဲ့ ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ စာချုပ်တွေဟာ အများပြည်သူရှေ့ကို
ရောက်မလာပေမဲ့ အခြေခံအချက်ကတော့ သူတို့ တရုတ်ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံ
ခွင့် ပြုလိုက်လို့ နိုင်ငံတော်က ပြန်ရမှာက ထွက်တဲ့လျှပ်စစ်ရဲ့ ၁၀ရာခိုင်နှုန်းပဲ ဖြစ်တယ်။
ပြီးရင်နိုင်ငံအတွက် လိုအပ်လာရင် ၅၀ရာခိုင်နှုန်းအထိပဲ ပေါက်ဈေးနဲ့ ၀ယ်ခွင့်ရှိတယ်။
ရေအားလျှပ်စစ် အတွက် နိုင်ငံတော်က သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဂေဟစနစ် ပျက်စီးမှုတွေ ရှိပေမဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အာဏာရှင် မိသားစုက အဲဒီဘိန်းတရုတ် ခရိုနီလုပ်ချင်သမျှကို ခွင့်ပြုပေးခဲ့တယ်။ မြစ်ဆုံမှာ တကယ် သူတို့
ဆောက်မှာက ဆည်ပေါင်း ခုနှစ်ခုဖြစ်တယ်။

လက်ရှိအစိုးရက တားထားတာက မြစ်ဆုံဆည် တစ်ခုထဲဖြစ်လို့ ကျန်တာတွေ သူတို့
ဆက်ဆောက်ခွင့် ရနေသေးတယ်။ အဲဒီစီမံကိန်းကနေ ဘိန်းတရုတ် ခရိုနီရသွားတဲ့ ပွဲခက အမေရိကန် ဒေါ်လာ သန်း၄၀၀ ဖြစ်တယ်။ ပြောရရင် မြန်မာနိုင်ငံက ရေအားလျှပ်စစ်
စီမံကိန်းတွေ အားလုံးကို အရင်လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း လက်ထက်မှာလက်မှတ် အကုန်
ထိုးသွားတာ ဖြစ်တယ်။

အဲဒီအပြင် အာဏာရှင်တွေက ဘယ်လောက် သဘောကောင်းသလဲဆိုတော့ မြန်မာနိုင်ငံ
ကနေ နိုင်ငံတစ်ကာ ထွက်ပေါက် ၀င်ပေါက်တွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနဲ့
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကို နှစ်ရှည်စာချုပ်နဲ့ သူ့ကို လုပ်ခွင့်ပေးလိုက်တယ်။
ဒီတော့ သစ်လုံးထွင်းပြီး ဘိန်းဖြူတွေထည့်ပြီး နိုင်ငံခြားပို့တာမျိုးတွေ ဖြစ်လာတာပေါ့ဗျာ။
နိုင်ငံတကာ ရဲတပ်ဖွဲ့က သတင်းပေးလို့ ဖမ်းမိတော့လဲ ဘယ်သူက အရေးယူလဲ၊ ဘယ်သူ
ကမှ အရေးမယူရဲဘူး။

ဘာကြောင့်လဲဆိုရင် စားထားတာတွေက နင့်နေလို့ပေါ့။ အာဏာရှင်ကြီးရဲ့ သမီးတွေ
ဝယ်သမျှ စိန်တွေကို ဒုသမ္မတဟောင်းက ငွေချေရတယ်။ အဲဒီငွေက ဒီဘိန်းတရုတ် ခရိုနီဆီကရတာ ဖြစ်တယ်။ မဟုတ်ဘူး ငြင်းလို့တော့မရဘူး။ အဲဒီငွေပေးငွေယူ ကိစ္စတွေမှာ လိုက်လုပ်ပေးရတဲ့ သူက ပြောပြထားတာ။ ထောက်လှမ်းရေးပိုင်းမှာ တာဝန်ရှိတဲ့ အကောက်ခွန်တို့၊ သတင်းတပ်ဖွဲ့တို့ စစ်ဖက်ရေးရာ လုံခြုံရေးတို့ စသုံးလုံးတို့က အဲဒီ
ဘိန်းတရုတ် ခရိုနီကို နိုင်ငံတကာ ထွက်ပေါက်ဝင်ပေါက်တွေ လုပ်ပိုင်ခွင့်ပေးတဲ့ ကိစ္စကို
လုံးဝ မကျေနပ်ကြဘူး။ သူကိုယ်တိုင် ကမ္ဘာကျော် မူးယစ်ရာဇာ မိသားစုဝင်ဖြစ်သလို သူ့ဇနီးကလည်း စင်္ကာပူ တရုတ်မလေးဗျာ။ ဒီလို မိသားစုကို ငွေမျက်နှာ တစ်ခုထဲနဲ့
နိုင်ငံတော်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေကို ပေးတဲ့လုပ်ရပ်က အော့နှလုံးနာဖို့ ကောင်းတယ်။

ဒါပေမဲ့ ဘယ်သူမှ မတတ်နိုင်ဘူး။ အာဏာရှင် မိသားစုရဲ့ ညွှန်ကြားချက်နဲ့ အရင်က အတွင်းရေးမှူး(၁)၊ နောက်ပိုင်း ဒုသမ္မတ(၁)ဖြစ်တဲ့ သူက အကုန်ခွင့်ပြုပေးခဲ့တာကိုး။
လောလောဆယ်တော့ လာမဲ့၂၀၁၅ကို မျှော်တွေးပြီး ဒုသမ္မတဟောင်းက အဲဒီဘိန်းတရုတ် ခရိုနီဆီက သူထည့်ထားတဲ့ ရှယ်ယာတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုနေလေရဲ့။ ရှယ်ယာ
ဆိုတာ သူကငွေထည့်ရတာ မဟုတ်ဘူးလေ၊ လုပ်ငန်းတစ်ခု ချပေးလိုက်လို့ သူ့အတွက် အကျိုးအမြတ်ကို ဟိုဘိန်းတရုတ် ခရိုနီက ငွေမပေးချင်လို့ ရှယ်ယာဆိုပြီး သူ့ကုမ္ပဏီမှာ
ထည့်ခိုင်းထားတာတွေ။

ဂျာနယ်တစ်စောင်ကလဲ ခရိုနီတွေကို ချတာပဲ။ ဒါပေမဲ့ ခင်ဗျားနဲ့ သူတို့နဲ့ မတူတာက
ခင်ဗျားကို ကျွန်တော်က အတွင်းရေး အချက်အလက်တွေ သေသေချာချာ ပြောပြနိုင်တယ်။
ဟိုဂျာနယ်က ငယ်ကျိုးငယ်နာဖော်ပြီးပဲ ဆဲနိုင်ပေမဲ့ ခင်ဗျားက facts and figuresနဲ့
ရေးပြနိုင်တယ်၊ အဲဒါကွာတာပဲ။

ရန်ကုန်မြို့ထဲမှာ လမ်းတွေကျပ်လို့ဆိုပြီး ကမ်းနားမှာ ကွန်ကရစ် လမ်းမကြီး ဖောက်တယ်ဗျာ။ ဘယ်သူတွေကို တင်ဒါခေါ်လို့လဲ။ အဲဒီဘိန်းတရုတ် ခရိုနီလက်ထဲကို ဒီအတိုင်း ထည့်လိုက်
တာပဲ။ ဒါတောင်ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်တစ်ထောင်ဘုရား အကျော်က တပ်ထိန်းရုံးကို ဖျက်မပေးနိုင်ဘူး တင်းခံနေလို့ အဲဒီလမ်းက သံလျက်စွန်းအထိ မရောက်ပဲ အဲဒီဓနိတောနား
မှာတင် ရပ်သွားတာ။ အဲဒီလမ်းကို သူ့ကိုနှစ်၃၀ BOTဆိုပြီး ပေးတယ်။ အမှန်က၂နှစ်နဲ့ အရင်းကျေတဲ့လမ်းဗျ။လမ်းအသုံးပြုဖို့ ငွေကောက်တဲ့ နှုန်းကလဲ ကြောက်လန့်စရာ။
နေပြည်တော် ရန်ကုန်လမ်း မိုင်၂၀၀ထက် များနေတယ်။

ဒီတော့ဒီလောက် အကျိုးရှိတဲ့ လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
လမ်းတံတားဌာနက ဘာလို့ မဖောက်တာလဲ၊ ငွေမရှိလို့လားဆိုပြီး စည်ပင်က လူကြီးတွေကို
မေးကြည့်တော့ အပေါ်က တစ်ခါထဲ အဲဒီဘိန်းတရုတ် ခရိုနီကို ချပေးလိုက်တာတဲ့။

ကုန်သည်ကြီးများ ဟိုတယ် ဆောက်တော့လဲ သူပါတာပဲ။ နောက်ပိုင်း မူးယစ် နောက်ကြောင်း
ရှိတဲ့ သူပါရင် အဲဒီဟိုတယ်မှာ ကုလသမဂ္ဂ အပါအ၀င် တစ်ခြား ဘယ်အဖွဲ့အစည်းရဲ့ အစည်းအဝေးမှ မလုပ်ဘူးဆိုလို့ တခြား ရှယ်ယာရှင်တွေက သူ့ကိုနစ်နာကြေး ဒေါ်လာ
၁၂သန်းပေးပြီး ထုတ်လိုက်ရတာ။ အဲဒီမှာလည်း နင့်နေအောင် ပွသွားတယ်။

ရန်ကုန်လေဆိပ် အသစ် တည်ဆောက်ရေး ပရောဂျက်ကိုရတဲ့ အတွက် တာမွေဘက်က အိမ်ယာမှာ အဲဒီတုန်းက ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်လှမြင့်ဆွေကို အိမ်တစ်လုံး
ဆောက်ပြီး လက်ဆောင် ပေးခဲ့တယ်။ ၀န်ကြီးပြောင်းသွားပြန်တော့ နောက်တက်လာတဲ့ ၀န်ကြီးဗိုလ်ချုပ် သိန်းဆွေကိုလည်း အိမ်တစ်လုံး ဆောက်ပေးရုံမက အဲဒီဝန်ကြီးရဲ့
သားတွေ နိုင်ငံခြားကိုသစ်ပို့ဖို့ ချောင်းဝဘုန်းကြီးကျောင်းနောက်မှာ မြေတွေရော
အဆောက်အဦးတွေရော ဆောက်ပေးခဲ့တယ်။

အဲဒီဘိန်းတရုတ် ခရိုနီ အကြောင်းကတော့ ပြောပြရရင် စာအုပ်တစ်အုပ်လောက် ရနိုင်တယ်၊ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ နားကြဦးစို့ရဲ့ဗျာဆိုပြီး ခရိုနီဟောင်းကြီးက သူ့စကားကို လက်စသတ်သွားလေရဲ့။

လက်စောင်းထက်

(Tomorrow သတင်းဂျာနယ်အမှတ်(၁၁)ပါသရော်စာဆောင်းပါး )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။