သင်ဟာ ထမြောက်ခြင်းကို အမှုမဲ့ အမှတ်မဲ့ ထားသူလား
ပိလတ်မင်းက၊ သင်တို့၌လူစောင့်တတပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှ အတိုင်း လုံခြုံစွာစောင့်စေကြဟု ဆိုလေ၏။ ထိုသူတို့သည်သွား၍ ကျောက် ကိုတံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာပြုကြ ၏။ (မဿဲ ၂၇း ၆၅-၆၆)
ယေရှုခရစ်တော်သည် အကြိမ်ပေါင်းမြောက်များစွာ သေပြီပြန်လည်ရှင်ပြန် ထမြောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော် က နောက်တော်တွင် လိုက်နေသောသူများသည် နိမိတ်လက္ခဏာကို မြင် ချင်သောကြောင့် တကောက်ကောက် လိုက်နေကြသည်ကို သိမြင်သောကြောင့် ပြောဆိုခဲ့သည်မှာ "ပယောဖက်ယောန၏ နိမိတ် လက္ခဏာမှတပါး အဘယ် လက္ခဏာကိုမျှ မျှသူတို့အား မပြရာ။" (လုကာ ၁၀း၂၉) တွင် ပြောဆိုခဲ့ပါသည်။ ဆိုလိုသည်မှာ ပရောဖတ် ယောနသည် ငါးကြီး၏ ၀မ်းတွင် သုံးရက် အမြိုခံရသကဲ့သို့ အသေခံပြီးနောက် သုံးရက်ကြာ သင်းချိုင်းတော်တွင် သင်းဂြိုလ်ခံမည့်အကြောင်း မြွတ်ဆိုဘူးခဲ့ပါသည်။
တစ်ကြိမ်တွင် ခရစ်တော်က အတိအလင်းပြောဆိုခဲ့သည်မှာ ပရောဖတ်ကျမ်း များတွင် ရေးထားသည့်အတိုင်း သူ့ကို ညှင်းဆဲ၍ သတ်ကြလိမ့်မည်ဆို သည့်အကြောင်းအကို အတိအလင်းဖော်ပြခဲ့ပါသည်။ လုကာ ၁၈း၃၃ တွင် "သူတို့သည် လူသားကိုရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။" ဟု အတိအလင်း သေချာစွာပြောဆိုခဲ့သော်လည်း တပည့်တော်များက နားမလည်ကြကြောင်း ဖော်ပြထားပါသည်။
သို့သော် နောက်လိုက်တပည့်တော်များက နားမလည်၊ မရိပ်မိကြသော်လည်း သခင်ယေရှုခရစ်တော်ကို ဆန့်ကျင်လျက် ရှိကြသော ဖာရိရှဲနှင့် ယဇ်ပရော ဟိတ်များက ထိုစကားတော်ကို ယုံကြည်ကြောက်ရွံ့ကြကြောင်း အထက် ကျမ်းပိုဒ်အရ သိမြင်နိုင်ပါသည်။ နိုင်ငံတော်အကြီးအကဲထံ ထိုကိစ္စတင်ပြပြီး သင်းချိုင်းတော်ကို စစ်တပ်ဖြင့် စောင့်ကြပ်ခဲ့ကြကြောင်း အထက်ကျမ်းပိုဒ် က ဖော်ပြထားပါသည်။ သူတို့ စိုးရိမ်သည်မှာ တပည့်တော်များက အလောင်း ကို ခိုးယူပြီး ခရစ်တော် ထမြောက် သွားပြီ ဖြစ်ကြောင်း လူများ ကို ကြော်ငြာမောင်းခတ် ပါလိမ့်မည်ဟု ပြောဆိုတင်ပြသဖြင့် စစ်တပ်ဖြင့် စောင့်ကြပ်ခွင့်ရရှိခဲ့သည်။
တပည့်တော်တို့သည် ခရစ်တော်နောက်လိုက်လျက်ရှိသော်လည်း ခရစ်တော်၏ စကားတော်ကို အမှုမဲ့ အမှတ်မဲ့ နေခဲ့ကြသည်။ မယုံကြည်သူများလောက်ပင် ပြင်ဆင်ကြိုးစားမှု မရှိခဲ့ကြချေ။
မိတ်ဆွေ - သင်လည်း နောက်လိုက်တပည့်တော်များကဲ့သို့ မဖြစ်ပါစေနှင့်။ ခရစ်တော်ကို ယုံကြည်ပါသည်ဟု နှုတ်က ၀န်ခံထားသော်လည်း နှုတ်တော် ထွက်စကားများကို ယုံကြည်လေးစားမှုမရှိ၊ အမှုမဲ့ အမှတ်မဲ့ အသက် မရှင်ပါနှင့် ဟူ၍ တိုက်တွန်းလိုက်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။