ဥယျာဉ် မှူး with ငရဲ သား and 8 others
ငြိမ်းချမ်းရေးဆိုတာ...
-----------------------
ငြိမ်းချမ်းရေးစားပွဲဝိုင်းဆိုတာ ငြိမ်းချမ်းလိုစိတ် အေးချမ်းလိုစိတ်နဲ့ တည်ဆောက်ရင်
ငြိမ်းချမ်းရေးရပါတယ်။ ငြိမ်းချမ်းရေးကိုကားပါမစ်တွေနဲ့တည်ဆောက်လို့ရတယ်ဆိုရင် ကမ္ဘာ့ကားကုမ္မဏီတွေကိုပဲ နိုဗယ်ဆုပေးရတော့မှာပေါ့။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့
အခါ တစ်ဘက်နဲ့ တစ်ဘက်မျှတဖို့ ရိုးသားဖို့တော့ လိုလိမ့်မယ်။ ငြိမ်းချမ်းရေး အစစ်မှန်
မှာ ရလိုမှုထည့်တွက်ရင်တော့ လမ်းမှားနေပြီ။ ငြိမ်းချမ်းရေးမှာ ရလိုမှုထည့်တွက်လိုက်
ရင်လည်း အင်အားကြီးသူနဲ့ငယ်သူကြားမှာ အင်အားကြီးသူက မီးစတစ်ဘက် ရေမှုတ်
တစ်ဖက်ဖြစ်နေမှာပဲ။ ဒါသီအိုရီတစ်ခုပဲ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးမှာ ရလိုမှုတွေ ခဏ
ဘေးချိပ်လိုက်ရင်တောင် အပစ်ခတ်တော့ရပ်စဲသွားမှာပဲ။ လောဘနဲ့ လူဆိုတာကို
နှိုင်းယှဉ်သုံးသပ်တတ်ရင် ငြိမ်းချမ်းရေးလမ်းစဉ်ကိုရမှာပဲ။ အဲ့ဒီကတစ်ဆင့် ရိုးသားမှု
ပါလာရင် လုံးဝဥသုဉ်ငြိမ်းချမ်းပါတယ်။

ငြိမ်းချမ်းရေးတစ်ခုလုပ်တဲ့အခါ ကျွန်တော်တို့ ဘက်ကတော့ ဒီလိုမျှမျှတတနဲ့
ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်ပါတယ်။ ဒီလိုပွင့်လင်းမြင်သာအောင်ချပြဖို့လိုပါတယ်။
အဲ့ဒီကမှတစ်ဘက်ကလက်မခံနိုင်ဘူးဆိုရင်တစ်ဘက် ကဘာ့ကြောင့် လက်မခံနိုင်တာ
လဲ ဒီလိုအချက်တွေကို မျှတအောင် ဘယ်လိုပြန်လုပ် ရမယ်။ အပြောမဟုတ်ဘဲ
လက်တွေ့အာမခံချက်ပေးနိုင်မှုတွေလည်း ပါဝင်ရပါ လိမ့်မယ်။ တစ်ဘက်ကအရမ်းမျှ
တနေတဲ့ အချက်နဲ့ ပါဝင်လာလို့ တစ်ဘက်ကငြိမ်းချမ်းရေးကို ဇွတ်ငြင်းပယ်တယ်ဆိုရင်
လူသိရှင်ကြား တိုက်ထုတ်ပစ်ရမှာပဲ။ လူမသိသူမသိ တိုက်စရာမလိုပါဘူး။ ငါတို့ဘက် ကဒီလောက် ရိုးသားပွင့်လင်းတယ်။ တစ်ဘက်ကဒီလောက်ရိုးသားပွင့်လင်းပြီး မျှတ
တဲ့လမ်းစဉ်ကိုလိုက်မပါလာဘူးဆိုရင် တိုက်ထုတ်ပစ်ရပါမယ်။ ငါတို့ရိုးသားတယ်ဆိုတာ
ပြည်သူကိုချပြဖို့ လိုမယ်လို့လည်းထင်ပါတယ်။ အခုတော့ ရိုးသားပွင့်လင်းတယ်ဆိုတာ
မသိရသလို တရားသောစစ်... တရားသောစစ်နဲ့ချည်းချနေတီးနေတာကို လူပြိန်းယုံ ယုံ
ပေးရမလိုဖြစ်နေတယ်။

ဘာလို့ဒီစကားပြောရလည်းဆိုတော့ ၀န်ကြီးတွေတောင် အိမ်ပေါင်ကားပေါင်နဲ့
ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံလုပ်နေကြတယ်ကြားရတဲ့ အချိန်မှာ တစ်ဘက်က
ထိုးစစ်တွေမရပ်ဘူးဆိုတော့ ငြိမ်းချမ်းရေးစာပွဲဝိုင်းက အလကားလုပ်နေကြတာ လိုဖြစ်နေတယ်။ MPCမှာ ငြိမ်းချမ်းရေးစာပွဲဝိုင်း ထိုင်နေကြတဲ့ ငြိမ်းချမ်းရေး အဖြေရှာ
နေတဲ့သူတွေကလည်း နည်းတဲ့လူတွေမဟုတ်ပါဘူး။ ၀န်ကြီးအဆင့်တွေပါပါတယ်။
ဒီတော့ ငြိမ်းချမ်းရေးအဖြေရှာနေရက်နဲ့ တိုက်ပွဲတွေဖြစ်နေရတယ်ဆိုတော့ ပါဝင်တဲ့သူ
တွေပဲညံ့နေသလားပေါ့။ ဒီလိုလည်း စဉ်းစားစရာရှိပါတယ်။ MPC ကဆိုတာလူသိရှင်
ကြားအဖွဲ့ကြီးပါ။ MPCက ငြိမ်းချမ်းရေး အဖြေရှာနေရက်နဲ့ တစ်ဘက်ကတိုက်ပွဲတွေ
ပြင်းထန်နေတယ်ဆိုတော့ MPCကအလကားအဖွဲ့ကြီးလိုဖြစ်နေတယ်။ ငြိမ်းချမ်းရေး
ကို အမှန်တကယ်လိုလားကြရင် ရိုးသားပွင့်လင့်လင်းဖို့လိုပါလိမ့်မယ်။ ပွင့်လင်းရိုးသား
စွာ ဆောင်ရွက်မှုရဲ့နောက်မှာ ရေရှည်ငြိမ်းချမ်းမှုလည်း ရပါလိမ့်မယ်။ ငြိမ်းချမ်းရေး
ဆွေးနွေးမှုတွေ၊ မျှတတဲ့အဖြေရှာမှုတွေကို ကြိုဆိုပါတယ်။ စစ်ပွဲတွေကိုလက်မခံပါ။
ဘာ့ကြောင့်လည်းဆိုတော့ စစ်အသုံးစရိတ်ကုန်ကျငွေတွေဟာ တိုင်းပြည်ဘဏ္ဍာတွေ
အရမ်းနစ်နာပါတယ်။

ပွင့်လင်းရိုးသားပြီး မျှတတဲ့ လမ်းစဉ်ကနေ တိုင်းပြည်ငြိမ်းချမ်းရေးအဖြေရှာနိုင်ကြပါစေ။
ဥယျာဉ်မှူး
၁၈.၄.၂၀၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။