“သူရဲကောင်း သတင်းစာဆရာ”
ထောင်ထဲမှာ ... ကျား
အပြင်မှာ ... ကျား
အာဂ သတ်္တိ မြန်မာပြည်သား။
ထောင်ထဲမှာ ... ခွပ်ဒေါင်း
အပြင်မှာ ... ခွပ်ဒေါင်း
အားကောင်းမောင်းသန် ... ကြံ့ကြံ့ခံ
ယုံကြည်ချက်ကို ဦးထိပ်ပန်။
ထောင်ထဲမှာ ဒီစိတ်
အပြင်မှာ ... ဒီစိတ်
အမျိုးသားရေး ချစ်တဲ့စိတ်။
ထောင်ထဲမှာ ... ဒီနှလုံးသား
အပြင်မှာ ... ဒီနှလုံးသား
ဒီမိုကရေစီရဲ့ ဘက်တော်သား။
ထောင်ထဲမှာ ... ဒီဝတ်စုံ
အပြင်မှာ ... ဒီဝတ်စုံ
လူ့အခွင့်အရေး နိမိတ်ပုံ။
ထောင်ထဲမှာ ... ဒီစကား
အပြင်မှာ ... ဒီစကား
ပြည်သူ့အတွက် သစ္စာတရား။
ထောင်ထဲမှာ ... ဒီအပြုံး
အပြင်မှာ ... ဒီအပြုံး
နိုင်ငံအတွက် သူ့မျက်လုံး။
အနှစ် နှစ်ဆယ်မျှ
အကျဉ်းကျခံ၊ အုတ်နံရံထဲ
ဆင်းရဲမွန်းကျပ်၊ နေခဲ့လတ်လည်း
စိတ်ဓာတ်ခိုင်ကျည်၊ ရဲရဲနီလျက်
အုတ်စီသံတိုင်၊ အနိုင်မခံ
အရှုံးမပေး၊ သတ်္တိသွေးကို
လေးစားပါသည် ... တို့ယုံကြည်
အို ... ပြည်သူချစ်သော သတင်းစာဆရာ။
သင်၏ နှလုံးသားမှ
NLD ကိုဝန်းရံ၊ လွှတ်တော်ကိုဝန်းရံ
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ
ရံသုံးရံသည်၊ အမှန်တရား
တို့နှလုံးသားကို
နိုးကြားတပ်လှန့်လိုက်ပါပြီ ။
“မတရားသည့် အမိန့်အာဏာ ဟူသမျှ
တာဝန်အရ ဖီဆန်ကြ”
သင်၏ စကား ... သစ္စာတရား
အားလုံး ငါတို့ လိုက်နာဖို့
စည်းလုံးညီညွတ်ရှိကြစို့။
ဖျာပုံနီလုံဦး
Eternal Light Magazine
April 2014
“လူငယ်နှင့် ၀ါဒမှိုင်း”
ထောင်ထဲမှာ ... ကျား
အပြင်မှာ ... ကျား
အာဂ သတ်္တိ မြန်မာပြည်သား။
ထောင်ထဲမှာ ... ခွပ်ဒေါင်း
အပြင်မှာ ... ခွပ်ဒေါင်း
အားကောင်းမောင်းသန် ... ကြံ့ကြံ့ခံ
ယုံကြည်ချက်ကို ဦးထိပ်ပန်။
ထောင်ထဲမှာ ဒီစိတ်
အပြင်မှာ ... ဒီစိတ်
အမျိုးသားရေး ချစ်တဲ့စိတ်။
ထောင်ထဲမှာ ... ဒီနှလုံးသား
အပြင်မှာ ... ဒီနှလုံးသား
ဒီမိုကရေစီရဲ့ ဘက်တော်သား။
ထောင်ထဲမှာ ... ဒီဝတ်စုံ
အပြင်မှာ ... ဒီဝတ်စုံ
လူ့အခွင့်အရေး နိမိတ်ပုံ။
ထောင်ထဲမှာ ... ဒီစကား
အပြင်မှာ ... ဒီစကား
ပြည်သူ့အတွက် သစ္စာတရား။
ထောင်ထဲမှာ ... ဒီအပြုံး
အပြင်မှာ ... ဒီအပြုံး
နိုင်ငံအတွက် သူ့မျက်လုံး။
အနှစ် နှစ်ဆယ်မျှ
အကျဉ်းကျခံ၊ အုတ်နံရံထဲ
ဆင်းရဲမွန်းကျပ်၊ နေခဲ့လတ်လည်း
စိတ်ဓာတ်ခိုင်ကျည်၊ ရဲရဲနီလျက်
အုတ်စီသံတိုင်၊ အနိုင်မခံ
အရှုံးမပေး၊ သတ်္တိသွေးကို
လေးစားပါသည် ... တို့ယုံကြည်
အို ... ပြည်သူချစ်သော သတင်းစာဆရာ။
သင်၏ နှလုံးသားမှ
NLD ကိုဝန်းရံ၊ လွှတ်တော်ကိုဝန်းရံ
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ
ရံသုံးရံသည်၊ အမှန်တရား
တို့နှလုံးသားကို
နိုးကြားတပ်လှန့်လိုက်ပါပြီ
“မတရားသည့် အမိန့်အာဏာ ဟူသမျှ
တာဝန်အရ ဖီဆန်ကြ”
သင်၏ စကား ... သစ္စာတရား
အားလုံး ငါတို့ လိုက်နာဖို့
စည်းလုံးညီညွတ်ရှိကြစို့။
ဖျာပုံနီလုံဦး
Eternal Light Magazine
April 2014
“လူငယ်နှင့် ၀ါဒမှိုင်း”
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။