Ko Zaw Nyi Nyi with Khaing Lay and 49 others
ဖယောင်းသစ္စာ အပိုင်း(၂)
ကျွန်မမည်မျှသောက်မိသွားသည်မသိ။ မနက်လင်းတော့ ခေါင်းတစ်ခုလုံးထုံနေသည်။ ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ ကျွန်မနှင့်လုံးဝစိမ်းသက်သော အခန်းအပြင်အဆင်ကိုသိခွင့်ရလိုက်ပြန်သည်။ မနေ့က အဖြစ်အပျက်တွေက မျက်စိထဲတွင် တရိပ်ရိပ်ပေါ်လာသည်။ ကျွန်မအလန့်တကြား ကိုယ်ခန္ဓာအနှံကိုပြန်ကြည့် မိသည်။ အရာအားလုံးက မနေ့ညကအတိုင်းမို့ တော်သေးသည်။ အမှန်အတိုင်းဝန်ခံရလျှင် မနေ့ညကသောက် သည့်ဝိုင်အရှိန်ကြောင့် မည်သည့်အကြောင်းအရာကိုမှ မမှတ်မိတော့။
ယောက်ျားတစ်ယောက်၏ အိမ်ထောင်ပြုခြင်းသည် မြတ်နိးမူဖြင့်စတင်နိုင်သကဲ့သို့ အငြိုးတစ်ခုဖြင့် အစပြုတတ်ကြောင်းကို သိလိုက်သောအချိန်တွင် ကျွန်မအနည်းငယ် စိုးရွံမိနေပြီဖြစ်သည်။ ဘ၀တစ်ခုလုံး သူလက်ထဲမှ အရုပ်တစ်ခုလို ကျဆုံးနေချိန် တွင် အားကိုးစရာမရှိသော စိတ်သည်များစွာပင်းပန်ကြောင်း ကျွန်မသိပြီ။ ထိုသို့ဖြင့် အချစ် ရှိမည် မရှိမည်မသေချာသော အိမ်ထောင်မူ၏ အစသည်ကျွန်မဘ၀ထဲသို့ ခပ်ဖွဖွ ခြေလှမ်းများဖြင့် ရိုးသားခြင်းကင်းမဲ့စွာ ၀င်ရောက်လာသည်။
“တီတီ” ဆိုသည့်အသံကြားလိုက်သောကြောင့် အိပ်ယာဘေးကိုပြန်ကြည့်လိုက်သည်။ ကျွန်မ၏ ဖုန်း မဟုတ်သော အခြားဖုန်းတစ်လုံးမှအသံမြည်နေခြင်းဖြစ်သည်။ ဖုန်းကိုအသာလေးကိုင်လိုက်သည့် အချိန်တွင်
“ သမီး အဆင်ပြေလား။ အန်တီက မင်းခန့်ကျော် မေမေပါ။ အန်တီက စိတ်ပူနေတာ။ သားငယ်က တဇွတ်ထိုးဘယ်လိုမှ ပြောလို့မရဘူး။ ဘာမှစိတ်မပူနဲ့နော်အန်တီ အားလုံးအဆင်ပြေအောင် လုပ်ပေးမှာ။ သမီးဖေဖေနဲမေမေကိုလည်း အန်တီခုတွေ့ပြီးပြန်လာတာ။”
ကျွန်မဘာပြောလို့ပြောရမည်မသိ။ ကောင်လေးက သူမိဘတွေအသိပေးပြီးပြီ ထင်သည်။ ကျွန်မဘယ် လိုမှမတတ်နိုင်။ ခုချိန်မေမေတို့ဘယ်လောက်များစိတ်ပူပန်ပြီး ဒေါသထွက်နေလောက်ပြီ။
“ဟုတ် အန်တီ” ဟုပြောထွက်မိသည်စကားသံအချို့က ရှိုက်သံဖြင့်ဖြစ်နေသည်။ ကျွန်မကြောင့် မေမေတို့ မျက်နာငယ်ရပြီ။ “ သမီးမငိုနဲ့လေ ငိုစရာမှမဟုတ်တာ။ အန်တီသားကိစ္စအတွက် အန်တီအားလုံးတာဝန်ယူမှာပါ ။ သမီးမေမေကိုလည်း အန်တီသေချာပြောထားတယ်။ သားကိုက ဇွတ်လုပ်လို့ပါသမီးရယ်။ စိတ်ကိုအေးအေး ထားနော်”။ ကောင်လေး မေမေက စိတ်မပူဖို့ပြောပြီး ဖုန်းချသွားသည်။
သက်ပြင်းတစ်ခုကိုဖွဖွချပြီး အရာအားလုံးကိုရင်ဆိုင်နိုင်ရန်တွေးလိုက်သည်။ မနေ့ညက ၀ိုင်အနံတွေက အကျီမှာ ပေနေသဖြင့် ရေချိုးရန်ဆုံးဖြတ်လိုက်သည်။ အခန်းကိုတစ်ချက်ဝှေ့ကြည့်တော့ အိပ်ခန်းဘေးတွင် ရေချိုးခန်းနှင့်အိမ်သာကတွဲလျှက်။ ဟူးးးးးကြည်ကြည်ဖြူဖြူ ခိုးရာလိုက်ခဲ့ခြင်းမဟုတ်သဖြင့် အ၀တ်အစားများကို လည်းထည့်မလာမိ။ ရေချိုးမည်ဆိုမှ အ၀တ်ကိစ္စကိုသတိရမိသည်။
ကုတင်ဘေးတွင် ဘီရိုတစ်လုံးတွေ့သဖြင့် အသာဖွင့်ကြည့်လိုက်သည်။ အိုးမိုင်ဂေါ့ အ၀တ်တွေအများ ကြီးတွေ့လိုက်သည်။ သူမေမေ၏ အ၀တ်များဟုထင်သဖြင့် ကျွန်မအသာလေးကိုင်ယူကြည့်တော့မဟုတ်။ ရေ ချိုးပြီးသည့် အချိန်တွင် ထိုထဲမှ အ၀တ်တစ်ချို့ကိုယူပြီးဝတ်ကြည့်သည်။ ကျွန်မ၏ ကိုယ်တိုင်းအား ယူပြီးချုပ် ထားသည့်အတိုင်း ကွက်တိ။ ဒီကိစ္စတွင် ကျွန်မမသိအောင် ကူညီနေသည့် အတွင်းလူတစ်ယောက်ပါနေပြီ။
ဘယ်သူကများ ကောင်လေးကိုမြှောက်ထိုးပင့်ကော်လုပ်ပြီး ဒီလိုအကြံညဏ်တွေပေးလိုက်သည်မသိ။
အ၀တ်တစ်ထည်ကိုယူဝတ်ပြီး အပြင်ကိုထွက်တော့ ဘောင်းဘီတိုတို အကျီစွတ်ကျယ်တစ်ထည်ဖြင့် ထမင်းစားပွဲတွင် ထိုင်နေသော မင်းခန့်ကျော်ကိုတွေ့လိုက်ရသည်။ ကောင်လေးကိုတွေ့လိုက်သည်နှင့် မျက်နာက အလိုလိုတင်းထားပြီးသားဖြစ်နေ၏။
အ၀တ်တစ်ထည်ကိုယူဝတ်ပြီး အပြင်ကိုထွက်တော့ ဘောင်းဘီတိုတို အကျီစွတ်ကျယ်တစ်ထည်ဖြင့် ထမင်းစားပွဲတွင် ထိုင်နေသော မင်းခန့်ကျော်ကိုတွေ့လိုက်ရသည်။ ကောင်လေးကိုတွေ့လိုက်သည်နှင့် မျက်နာက အလိုလိုတင်းထားပြီးသားဖြစ်နေ၏။
ကျွန်မထွက်လာသည်ကိုမြင်သည်နှင့်ကောင်လေးက ပြုံးပြပြီး “ မနိုးပြီးလား။ ဟီးးး ကျွန်တော်ခေါက်ဆွဲ ပြုတ်ထားတယ်။ မ မနက်ထရင်စားရအောင်လို့” ကျွန်မသူပြောသည့်စကားကို ဂရုမစိုက်ဟန်ဖြင့် “ မင်းမေမေ ဆီကဖုန်းလာတယ်။ မင်းပြောတော့ဖုန်းလိုင်းမမိဘူးဆို”။
ကျွန်မပြောလိုက်သည်နှင့် ကောင်လေးက “ ဟုတ်တယ်လေ။ GSM/CDMA 800 မမိတာ။ 450 တွေမိ တယ်လေ။ အဲတာကြောင့်ညတုန်းက ဖုန်းတစ်လုံးလာထားထားပေးတာ။ ညက မေမေကိုဖုန်းဆက်ပြီးပြောပြ တော့ သူမနက်ကို မ ဆီဖုန်းဆက်မယ်ဆိုလို့”။ “ တော်တော်ကို အကွက်ချတတ်နေတယ်ပေါ့လေ”။ ကျွန်မ မျက်စောင်းတစ်ချက်ထိုးပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
စားပွဲပေါ်မှ ခေါက်ဆွဲနံကိုရလိုက်သည်နှင့် ညကဘာမှစားမထားသည့် အရှိန်ကြောင့် ဗိုက်ကဟာကနဲ။ ခေါက်ဆွဲကို ပါးစပ်ထဲအနည်းငယ်ထည့်လိုက်သည်။ ကောင်လေးက သူပြုတ်ထားသည့်ခေါက်ဆွဲကို ကြည်ကြည် ဖြူဖြူစားသဖြင့် သဘောကျနေပုံရပြီး ကျွန်မကို အပြုံးချိုချိုဖြင့်ကြည့်နေသည်။ လူကဗိုက်ကလည်းဆာ ခေါက်ဆွဲကလည်းစားလို့ကောင်းသဖြင့် ကောင်လေးကိုရန်ထောင်မလုပ်မိ။
“ မ ခေါက်ဆွဲစားနေတာ အရမ်းချစ်ဖို့ကောင်းတာပဲဗျာ။ မောင်ပြုတ်ကျွေးလို့ ဒီလောက်စားကောင်းတာ ပေါ့ဟုတ်လား မ” ပြောင်းလဲလာသော စကားအသုံးနှုန်းက ကျွန်မရင်ကိုအနည်းငယ်လှုပ်ရှားစေတာတော့ဝန်ခံပါ သည်။ အရင်က ကျွန်မကို အစ်မ သိုမဟုတ် ဆရာမဟုသုံးနှုန်းသောစကားလုံးများအစား ယခုအခါတွင် မနှင့် မောင်ကို ပါးစပ်ဖျားကမချ။ ခေါက်ဆွဲစားပြီနောက် ကောင်လေးကို မျက်စောင်းတစ်ချက်ထိုးပြီး အိပ်ခန်းတွင်းသို့ ပြန်ဝင်လာခဲ့သည်။
အမြင်ကပ်သဖြင့် ထမင်းစားပြီးသားပန်းကန်ကိုမဆေးဘဲ အိပ်ခန်းသို့ဝင်ခဲ့သော်လည်း အနည်းငယ်နေရ ခက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ဒီလိုယောက်ျားတစ်ယောက်ဖြင့် တစ်မိုးအောက်တွင် အတူတူနေထိုင်ပြီး သည့်အချိန်တွင် မည်မျှသန့်စင်ပါသည်ဟု ပြောစေကာမူ ပတ်ဝန်းကျင်မှယုံကြည်ကြမည်မဟုတ်။ ထိုအပြင် ကောင်လေးမေမေက အိမ်ကိုသွားတွေ့ထားပြီးပြီ။ ထိုကြောင့်ကျွန်မကိုစိတ်မပူဖို့ပြောထားသော်လည်း မေမေကို လိပ်ပြာမလုံ။
“တဇွတ်ထိုးပါလားမင်းခန့်ကျော်ရယ် မင်းကြောင့်ငါသိက္ခာတွေရစရာမရှိတော့ဘူး” တိုးတိုးလေးရေ ရွတ်ပြီး ကုတင်ပေါ်လဲအိပ်လိုက်သည့်အချိန်တွင် ဒုတိယမိဖုန်းသံက “တီတီတီ” ဖြင့်ထမြည်ပြန်သည်။ ဖုန်းနံ ပတ်ကိုကြည့်လိုက်တော့ အိမ်မှမေမေဖုန်းဆက်နေပြီ။ ကျွန်မဘယ်လိုဖြေရမည်မှန်းမသိဖြစ်နေပြီ။ မကိုင်ပဲထား လိုက်လို့လည်းမဖြစ်နိုင်။ကျွန်မစိတ်လုပ်ရှားစွာ ဖုန်းပြောရန် ဖုန်းကိုအသာလေးကိုင်လိုက်သည့အချိန်တွင် ဖုန်းကကျသွားသည်။
ထိုအချိန်တွင် တံခါးလော့ချသံကိုကြားလိုက်သဖြင့် ကျွန်မတံခါးကိုကြည့်လိုက်တော့ ကောင်လေးက ဖုန်းတစ်လုံးကိုင်ပြီး အခန်းထဲကိုဝင်လာသည်။ “ မ ဖုန်းလာနေတယ် မမေမေက မနဲ့ပြောချင်လို့တဲ့” ဖုန်းကိုပေး ပြီး မပြန်ဘဲ ကျွန်မကုတင်ပေါ်တွင်လာထိုင်သည်။ “ ထားခဲ့ ပြန်ခေါ်လိုက်မယ်။ ငါကိုလည်းခေါ်တယ်။ ကျသွားတာ ပြန်ခေါ်တော့မရလို့” “ ဟဟ သေချာလို့လားမရာ ရင်တွေခုန်ပြီး မပြောနိုင်တာတော့မဟုတ်ပါဘူး နော်။ အဲလောက်လည်းစိတ်မပူပါနဲ့ မေမေသွားပြောထားပြီးပါပြီ အန်တီနဲ့ အန်ကယ်ကို” ကောင်လေးက မျက်နာမချိုမချဉ် ကျွန်မကိုပြောပြန်သည်။ “ အင်းပေါ့ကွာ မင်းကအနိုင်ရတဲ့သူကို ပျော်နိုင်ပြုံးနိုင်တာပေါ့။ ငါမှာ သာ” ပြောရင်းဖြင့် မျက်ရည်များကထွက်လာပြန်သည်။
“ဟာ မငိုနဲ့လေဒီမှာ ဖုန်းပြန်ခေါ်အုံးမေမေကို” “ဘာမေမေလည်း မင်းနဲ့ငါနဲ့ ဘာမှမဆိုင်သေးဘူး။ ငါ့မေမေကို နင် မေမေလို့ ခေါ်စရာ မလိုသေးဘူးမင်းခန့်ကျော်။ မင်းဟာတော်တော် မာယာများတဲ့ ယောက်ျားပဲ”။ ကျွန်မ ကောင်လေးကိုပြောပြီး သူထံမှဖုန်းကိုလှမ်းယူလိုက်သည်။
“ဟာ မငိုနဲ့လေဒီမှာ ဖုန်းပြန်ခေါ်အုံးမေမေကို” “ဘာမေမေလည်း မင်းနဲ့ငါနဲ့ ဘာမှမဆိုင်သေးဘူး။ ငါ့မေမေကို နင် မေမေလို့ ခေါ်စရာ မလိုသေးဘူးမင်းခန့်ကျော်။ မင်းဟာတော်တော် မာယာများတဲ့ ယောက်ျားပဲ”။ ကျွန်မ ကောင်လေးကိုပြောပြီး သူထံမှဖုန်းကိုလှမ်းယူလိုက်သည်။
“ဟယ်လို သမီးအဆင်ပြေလား။ သမီးချစ်သူရဲ့ကောင်လေးမေမေလာသွားတယ်သမီးရ။ တော်သေးတယ် သမီးဖေဖေနဲ့ ကောင်လေးဖေဖေက နိုင်ငံခြားပညာတော်သင်ကာလတုန်းက တူတူအိပ်တူတူစား သူငယ်ချင်းတွေမို့လို့။ သမီးချစ်သူက နှလုံးအထူးကုဆရာဝန်ကြီးသားလေ။ သမီးဖေဖေနဲ့သူငယ်ချင်းတွေ။ ဆူလည်းမဆူတော့ပါဘူးသမီးရယ်။ သမီးကောင်လေးက တဇွတ်ထိုးလုပ်သွားတာကို သူမေမေက သေချာပြောသွားတယ်။ ဆရာဝန်ကြီးကလည်း သူသားအမှားလုပ်ထားတာဆိုတော့ မျက်နှာကိုအောက်ချပြီး သမီးဖေဖေကိုတောင်းပန်သွားတယ်။ သမီးဖေဖေကတောင် ဆရာကြီးကိုအားနာနေတာ။ကောင်းကောင်းနေနော် ခုသမီးက အပျိုမ ဟုတ်တော့ဘူး”။
“ အား…မေမေကလည်း လုပ်ပြီ။ သမီးစိတ်ညစ်နေတာကို” ထိုအချိန်တွင် ဖုန်းကိုဆက်ကနဲဆွဲယူ ခံလိုက်၇သည်။ “ကျွန်တော်မင်းခန့်ကျော်ပါ။ ကျွန်တော်လည်းတောင်းပန်ပါတယ်အန်တီ”။ “အေးပါသားရယ် အန်တီနားလည်ပါတယ်။ သမီးကိုသာစိတ်ချမ်းသာအောင်ထား။ ဘာပဲဖြစ်ဖြစ် သားဖေဖေမျက်နာကလဲရှိသေး တယ်လေကွယ်။ မနက်ကပဲ သားဖေဖေနဲ့ မေမေလာသွားတယ်” “ ဟုတ်မေမေဖုန်းဆက်ပါတယ်”။
“သြော် ခင်ခင် ဆက်ပြီးပြီးပေါ့”။ “ ဟုတ်ကဲ့” “ ဒါပဲနော်သားဒါဆို သမီးကိုဂရုစိုက် သူကလည်းသား လိုဘဲ နည်းနည်းဆိုးတယ်” မ မေမေက သူသမီးကိုဆိုးသည်ဟုပြောပြီးဖုန်းကို ချသွားလေသည်။ “ ကဲ မ ဘယ် လိုလုပ်မလည်း မ မေမေကလဲ သူ့သမီးကိုဆိုးတယ်တဲ့ နိုင်အောင်ထိန်းတဲ့” မင်းခန့်ကျော်က ပြောလျှက်ဖြင့်ကျွန်မ ဘက်သို့မျက်နာလှည့်လာသည်။
“ကဲမင်းထွက်သွားလို့ရပြီ” လို့ကျွန်မပြောလိုက်တော့ “ဒီအခန်းထဲဝင်လာတာ ထွက်သွားဖို့မှမဟုတ်တာကို ဗျာ။ မ ကိုချစ်လွန်းလို့အရယူခဲ့တာနော်။ သနားလို့ ဟွန့်”။ ကောင်လေးက စကားပြောလျှက်ဖြင့် ကျွန်မနားကို နီးသထက်နီးအောင်ကပ်လာသည်။ သူမျက်ဝန်းတွင် ကြောင်တစ်ကောင်က ကြွက်ကလေးအား ချစ်သည့်ဟု ပြောပြီးစနေသည့် အရိပ်အယောင်များတွေ့နေရသည်ဟု ကျွန်မထင်မိသည်။
“မင်းကို အထင်မသေးချင်ဘူးနော်။
“မင်းကို အထင်မသေးချင်ဘူးနော်။
ငါအေးဆေးပြောနေတုန်းထွက်သွားပါ။ ဘာလို့သူတစ်ပါးမကြည်ဖြူ တဲ့အရာ ကိုအတင်းလိုချင်နေရတာလည်း။ မင်းနဲ့ငါနဲ့က ချစ်သူတွေလည်းမဟုတ်ဘူး။ အဲ့တော့ အပြင်ပြန်ထွက်ပါ” ကျွန်မပြောလိုက်မှပိုဆိုးသွားသည်။ ယောက်ျားမာနကိုသွားထိသည့်စကားဖြစ်မှန်း ကျွန်မပြောပြီးမှသိသည်။
“ဟ ချစ်လို့လည်း ဒီလောက်အလိုလိုက်ထားတာပေါ့။
“ဟ ချစ်လို့လည်း ဒီလောက်အလိုလိုက်ထားတာပေါ့။
ကျွန်တော်အတွက်မိန်းမမရှားဘူးဗျ။ ခုလိုမာန ကြီးကြီးစကားတွေပြောတဲ့သူကိုမှ ပိုပြီး” ကောင်လေးက စကားကိုတစ်ဝက်သာပြောပြီးရပ်သွားသည်။ ထိုနောက်သူမျက်နာတွင် လွန်ခဲ့သောတစ်ချိန်က ပြသ၁နာတစ်ခုကြောင့် ကျွန်မအား ခပ်ရင့်ရင့်ပြုံးပြသွားသော အပြုံးတစ်ခုနှင့်ဆင်တူစွာပြုံးသည်။ ထိုအပြုံးကိုမြင်လျှင် ကျွန်မကြောက်သည်။ ကောင်လေးက ပုခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်ပြီး ကျွန်မဘက်သို့စူးစိုက်စွာကြည့်သည်။
ကျွန်မအနည်းငယ် ထိတ်လန့်လာပြီး ကောင်လေးကိုကုတင်ပေါ်မှတွန်းချလိုက်သည်။တွန်းလိုက်သည့် အရှိန်ဖြင့် ကုတင်ဘေးမှစားပွဲစွန်းဖြင့်ဆောင့်မိသံက ခပ်အုပ်အုပ်ထွက်လာသည်။ ကောင်လေးက မျက်နာတစ် ခြမ်းကိုလက်ဖြင့်အုပ်ပြီး ကျွန်မကိုစူးစိုက်စွာကြည့်သည်။ ကောင်လေး၏ လက်ကြားမှ နီရဲနေသောသွေးတစ်ချို့ ကကြမ်းပြင်ထက်သို့တစ်စက်ချင်းကျနေသည်။
“ မကိုဒီလောက်ရက်စက်တတ်လိမ့်မယ်လို့ကျွန်တော်ထင်မထားဘူး”
ဇော်ညီညီ(နေပြည်တော်)
(ဆက်လျှက်ဖော်ပြပါမည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။