>> ပြည်ထောင်စု မြန်မာနိုင်ငံအလံကို အာကာသသို့ ယူဆောင်သွားခဲ့ဖူးသည်<<
၁၉၆၆-ခု နိုဝင်ဘာလတွင် အမေရိကန် အာကာသယာဉ် ဂျီမီနီ ၁၂-ကို လွှတ်တင်ခဲ့ပါသည်။ ထိုယာဉ်နှင့် လိုက်ပါခဲ့သည့် အာကာသယာဉ်မှူး ဂျိမ်းစ်လိုဗယ်နှင့် အော်ဒရင်း (လပေါ်သို့ ဒုတိယခြေချသူ) တို့သည် ပြည်ထောင်စု မြန်မာအလံကို အာကာသသို့ ယူဆောင်သွားခဲ့ပါသည်။
ယူဆောင်သွားခဲ့ရသည့် အကြောင်းမှာ.. ထိုနှစ်တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဒုတိယအကြိမ် ပြန်လည်ခန့်အပ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ဦးသန့် အား ဂုဏ်ပြုသည့်အနေဖြင့် ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
သူတို့သည် ကမ္ဘာမြေသို့ ပြန်ရောက်လာသောအခါ ၁၉၆၆-ခု ဒီဇင်္ဘာ ၇-၇က်နေ့တွင် သူတို့ယူဆောင်သွားသော အလံငယ်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်လက်သို့ ပေးအပ်ခဲ့ပါကြောင်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါသည်။
ကိုးကား။ ။သန်းမင်းထွဋ်
(မင်္ဂလာမောင်မယ် ၂၀၁၁-မတ်လ)
(မင်္ဂလာမောင်မယ် ၂၀၁၁-မတ်လ)
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။