ဘ၀ရဲ့ စာမျက်နှာ
____________
ဘ၀ဆိုတဲ့ ကျောင်းထဲမှာ တက်ရောက်နေရတာခြင်း တူချင်တူပါလိမ့်မယ်၊ ရရှိလိုက်တဲ့ သင်ခန်းစာတွေကတော့ မတူညီနိုင်ပါဘူး။
စာသင်တဲ့ အရွယ်မှာ စာသင်ခွင့်ရနေတဲ့ ကလေးတစ်ယောက်အသိနဲ့ စာသင်ရွယ်မှာ စာသင်ခွင့်မရဘဲ ရုန်းကန်နေရတဲ့ ကလေးတစ်
ယောက်ရဲ့ အသိတွေမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြတယ်။
ကိုယ်ပိုင်တဲ့ ဘ၀စာမျက်နှာတစ်ခုမှ ကိုယ်တွေးသလို ရေးဖြစ်သွားတာချည်းပါ။ ကိုယ့်ရဲ့ ဖြတ်သန်းပုံတွေကနေ ကိုယ့်ရဲ့ အရိပ်တွေ ဖြစ်
လာတာပါ။ ကျောင်းစာသင်တဲ့ ကလေးတစ်ယောက်ရဲ့ ဘ၀စာမျက်နှာဟာ စာတွေ့ ဆန်ပြီး၊ ဘ၀ကို ရုန်းကန်ဖြတ်သန်းနေတဲ့ ကလေး
တစ်ယောက်ရဲ့ ဘ၀စာမျက်နှာဟာ လက်တွေ့ ဆန်နေတတ်တယ်။
စာတွေ့ အကြိမ်တစ်ရာထက် လက်တွေ့ တစ်ကြိမ်က ပိုကောင်းတယ်လို့ အောင်မြင်တဲ့သူတွေ ပြောလေ့ရှိတယ်။ ဒီတော့ သိမ်ငယ်
နေတဲ့ ကလေးတွေအနေနဲ့  ရုန်းပါများရင် လွတ်မြောက်တယ်ဆိုတာ ယုံလိုက်ပါ။ နွံ့ နစ်နေတဲ့ ဘ၀ကို ကြိုးစားမှုနဲ့ ရုန်းကန်ရင် သေ
ချာပေါက် လွတ်မှာပါ။
အခွင့်အရေးပေးတဲ့သူ မရှိတော့လည်း လုပ်ယူဖန်တီးပေါ့။ ဘ၀ထဲကနေ စာတွေကို သင်ကြားလို့ ရနိုင်တယ်။ ဘ၀က ရလာတဲ့ စာ
တွေကတော့ မိမိတို့ အတွက် အမှန်ကန်ဆုံးပါဘဲ။ သူများက လမ်းလျှောက်နေယုံနဲ့ ခရီးရောက်မယ်ဆိုရင် ကိုယ်က နည်းနည်းတော့
ပြေးရမှာပေါ့။ သူများနဲ့ ကိုယ် မတူတာ ဘာဆန်းလို့ လဲ။
ကိုယ့်ဘ၀ကိုတော့ နားလည်တတ်ရမယ်။ ကျရှုံးတဲ့သူနဲ့ အောင်မြင်တဲ့သူတွေဟာ သူတို့ ရဲ့ဘ၀ကို သူတို့ ကိုယ်တိုင် ဘယ်လောက်
ထိနားလည်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကွာသွားတယ်။ တောင်ထိပ်ပေါ်ရောက်ချင်ရင် တက်နေဖို့ ပဲလိုတယ် ၊လမ်းတူနေဖို့ တော့
မလိုပါဘူး။ ဘယ်လမ်းက တက်တက် အရေးမကြီးပါ၊ ထိပ်ဆုံးရောက်ဖို့ က အဓိကလေ။ ဒီတော့ ဈေးရောင်းနေလို့ လည်း အားမငယ်
ပါနဲ့ ၊ ဒီလမ်းကနေ ကိုယ့်အောင်မြင်မှုကို တက်လှမ်းတယ်လို့ သာ အားတင်းထားလိုက်ပါ။
True Man

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။