အိမ်လုပ်နို့ဆီ
....................
တစ်ခါတလေ အိမ်မှာ နို့ဆီ ပြတ်နေတဲ့အချိန်၊
အလွယ်တကူမရှိ တဲ့အချိန်ဆိုရင် ခုရေးပြမယ့် နို့ဆီလုပ် နည်းလေးက
အသုံးဝင်မယ်ထင် တယ်နော်။ ကျွန်မတို့အိမ်မှာဆိုရင် နို့ဆီဝယ်ထားဖြစ်တောင်
အများကြီး ဖြစ်နေတာမို့ ကုန်အောင်မနည်းသုံး ရလို့ ဒီလုပ်နည်းရတာနဲ့
ဟန်ကျနေ တာ။ ကိုယ်လိုသလောက်ပဲ လုပ်လို့ရ တယ်လေ။
ပါတဲ့ပစ္စည်းတွေကလည်း အလွယ်တကူ ရနိုင်တာလေးတွေ ချည်းပဲ။
တစ်ခါတလေ နို့မှုန့်ဝယ် ထားမိလို့ ရက်လွန်ကာနီးရင်လည်း
ဒီလိုမျိုးအသုံးချလို့ရတာပေါ့။

ပါဝင်ပစ္စည်းများ
.......................
• ထောပတ် - စားပွဲဇွန်း ၂ ဇွန်း (၃၀ ဂရမ်) (အပူပေးပြီး ပျော်အောင် လုပ်ထားပါ)
• သကြား - ၉၀ ဂရမ်
• နို့မှုန့် - ၁၂၀ ဂရမ်
• ရေနွေး - ၇၀ မီလီလီတာ။

ပြုလုပ်နည်း
...................
၁။ ပါဝင်ပစ္စည်းများအားလုံးကို Food Processor (သို့) Blender နဲ့ ရောမွှေလိုက်ပါ။
သေသေချာချာ တော့ သမအောင်မွှေရပါမယ်။

၂။ နို့မှုန့်က အခဲပါလို့လုံးဝမရပါဘူး။ သိပ်ပျစ်တယ်ထင်ရင်
ရေနွေး စားပွဲဇွန်း ၁ ဇွန်းလောက် ထပ် ရောပေးလို့ရပါတယ်။
အိမ်လုပ် နို့ဆီ ၅ မိနစ်အတွင်းမှာရပါပြီ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။