လူသား ရဲ့ အရှုံးမပေးတဲ့ သတ္တိ၊
အရာရာ ကို မျှော်လင့်ချက် နဲ့ ကြည့်မြင်ရှင်သန်နေသူတွေရဲ့ အလှတရား။
( Written by Aung Moe Win )
----------------------------------
အရာရာ ကို မျှော်လင့်ချက် နဲ့ ကြည့်မြင်ရှင်သန်နေသူတွေရဲ့ အလှတရား။
( Written by Aung Moe Win )
----------------------------------
အမေရိကားမှာ ABC channel က ထုတ်လွှင့်တဲ့ Dancing with the Stars ဆိုတဲ့ အကပြိုင်ပွဲတခုရှိတယ်။ နယ်ပယ်အသီးသီးမှာ နာမည်ကြီးတဲ့သူတွေကို ဖရော်ဖက်ရှင်နယ် အက နည်းပြတွေက သင်ကြားပို့ချပြီး ပြိုင်ပွဲကျင်းပတဲ့ ရှိုးတခု ဆို မမှားပါဘူး။ အခု ကျင်းပနေတဲ့ ရာသီမှာတော့ စိတ်ဝင်စားစရာ အမျိုးသမီးနှစ်ဦးပါလာတယ်။ တဦးက ကျူးဘားနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုဆီကို ရောက်ဖို့အတွက် ပင်လယ်ကို အကြိမ်ကြိမ် လက်ပစ်ကူးခပ်ခဲ့၊ ကျူးဘားအစိုးရရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရနဲ့ နောက်ဆုံးတော့ အမေရိကန်ပြည်ထောင်စု ဆီကို အောင်မြင်စွာ ဆိုက်ရောက်လာနိုင်ခဲ့တဲ့ အမျိုးသမီးတဦး။
နောက်တဦးကတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။
ဆယ်ကျော်သက်အရွယ်မှာကတည်းက နေမကောင်းဖြစ်ပြီး၊ ခြေထောက်နှစ်ဘက်လုံးဖြတ်ပစ်ခဲ့ရတယ်။ ကျောက်ကပ်တလုံးကလည်း မကောင်းတော့ သူ့အဖေရဲ့ ကျောက်ကပ် နဲ့ အသက်ဆက်ခဲ့ရတယ်။
သူမ နာမည်က Amy Purdy တဲ့။ ခြေထောက် နှစ်ဘက်မရှိလို့ အားငယ်လိမ့်မယ်တော့ မထင်နဲ့။
ရေခဲလွှာလျောစီး တဲ့ အားကစား ကိုလည်း အမေရိကန်ပြည်ထောင်စု ကိုယ်စား ဝင်ပြိုင်ခဲ့သေးတယ်။ ခုလည်း လာပြန်ပြီ ။
Argentina Tango, Waltz, Samba အပါအဝင် Ballroom Dancing ကို အပြိုင်ကြဲမယ့် အနုပညာသည်တွေကြားမှာ အပြုံးတွေ ဖိတ်စင်နေတယ်။
Dance Floor ကို ဝင်လာတဲ့ သူမပုံစံကို ကြည့်ရတာ ခြေထောက်နှစ်ဘက် မရှိဘူး ဆိုတာ ဟုတ်မှ ဟုတ်ရဲ့ လား လို့ တွေးနေမိတယ်။ ငှက်တကောင်လိုလွှင့်ပြီး၊ မော်ဒယ်ဂဲလ်တယောက်လို နွဲ့နွဲ့လေး လျှောက်နေတာမို့ပါ။
အမှတ်ပေး ဒိုင်လူကြီး (၃) ယောက်က
မင်းဘယ်လို ကနိုင်တာလဲ ဆိုတာ မတွေးမိလောက်အောင်ပါ ပဲ လို့ မှတ်ချက်ချကြတယ်။
အမှတ်ပေး ဒိုင်လူကြီး (၃) ယောက်က
မင်းဘယ်လို ကနိုင်တာလဲ ဆိုတာ မတွေးမိလောက်အောင်ပါ ပဲ လို့ မှတ်ချက်ချကြတယ်။
" ကျမ ရဲ့ ဖေဖေက ကျမကို အသက်နှစ်ခါပေးခဲ့ပါတယ်" တဲ့။
သူမကို မွေးဖွားပေးခဲ့တဲ့အပြင်၊ သူမဘဝ အသက်ဆက်ဖို့အတွက် ကျောက်ကပ်တလုံးထုတ်ပေးခဲ့တယ်။ သူမကို အားမငယ်ဖို့အတွက် အားကစားလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အကသင်တန်းကျောင်းသွားတဲ့အခါမှာပဲဖြစ်ဖြစ် သူမနဲ့အတူ လိုက်က ပေးခဲ့တယ်။

သူမ အဖေကလည်း သူမရဲ့ လှုပ်ရှားမှုအားလုံးကို မျက်ရည်တစက်ချင်းကျပြီး ကြည်နေ့တယ်။
" တကယ်တော့ ဒီရာသီရဲ့ အကပြိုင်ပွဲမှာ ဘယ်သူအနိုင်ရခဲ့သလဲ ဆိုတဲ့အဖြေက ရှိနေပါပြီ။
ဒါဟာ Ballroom Dance ပြိုင်ပွဲ ထက်ပိုပါတယ်။
လူသား ရဲ့ အရှုံးမပေးတဲ့ သတ္တိ၊
အရာရာ ကို မျှော်လင့်ချက် နဲ့ ကြည့်မြင်ရှင်သန်နေသူတွေရဲ့ အလှတရား ပါ။
ဒီ အလှတရားကို ကျနော်တို့ အရှုံးပေးပြီးသားပါ" တဲ့။
ဒါဟာ Ballroom Dance ပြိုင်ပွဲ ထက်ပိုပါတယ်။
လူသား ရဲ့ အရှုံးမပေးတဲ့ သတ္တိ၊
အရာရာ ကို မျှော်လင့်ချက် နဲ့ ကြည့်မြင်ရှင်သန်နေသူတွေရဲ့ အလှတရား ပါ။
ဒီ အလှတရားကို ကျနော်တို့ အရှုံးပေးပြီးသားပါ" တဲ့။
---------------------------------------------------
creditး ကို ( Aung Moe Win ) facebook မှကူးယူဝေမျှပါတယ်။
creditး ကို ( Aung Moe Win ) facebook မှကူးယူဝေမျှပါတယ်။
ဓါတ်ပုံ ကို Google Images မှကူးယူပါတယ်။ ( Fireflies )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။