အယ်ဒီတာချုပ်၊ အယ်ဒီတာရော၊ သတင်းထောက်ရောကို မေးချင်တယ်
အဲ့ဒီလို ကနေတဲ့ မိန်းကလေးဟာ ခင်ဗျားအမေ၊ ခင်ဗျားမိန်းမ၊ ခင်ဗျား
တို့ နှမ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်ဆိုရင်ရော အဲ့လိုသုံးမလား။ အဲ့လို
တင်မလား။
ငါတို့ နှမ၊ ငါတို့ မိန်းမ၊ ငါတို့ နှမတွေက အဲ့လိုမလုပ်ဘူးကွဆိုရင် သူတို့
မှာလည်း မိဘ၊ လင်သား၊ မောင်ဘွားတွေ၊ ပတ်ဝန်းကျင်ဆိုတာတွေရှိကြ
မှာပါ။
ခင်ဗျားတို့ အဲ့ဒီပုံသုံးထားတဲ့ သတင်းဆောင်းပါးက စိတ်ကြွရူးသွပ်ဆေး
ပြား WY အကြောင်းပါ။ ဘယ့်နှယ့် အဲ့ဒီမိန်းကလေးတွေပုံကို သုံးရတာ
လဲ။ သူတို့ဟာ စိတ်ကြွရူးသွပ်ဆေးပြား သုံးထားတယ်လို့ ရည်ညွှန်းချင်
တာလား။
မိန်းကလေးတစ်ယောက်ဟာ မူးပြီးကမိတဲ့ အမှားဟာ သင်္ကြန်မိုးကား
လို နှစ်တိုင်း ခင်ဗျားထုတ်သုံးကြ၊ ခွေတွေထွက်ကြ၊ ရုပ်ပုံတွေ ဖေ့ဘွတ်
မှာရှယ်ကြဖို့ ဖြစ်သွားပြီလား။
The Irrawaddy ရဲ့ အဲ့ဒီအပတ်စဉ်ထုတ်ထဲက Life Styl ကဏ္ဍမှာပါတဲ့
ပုံတွေကို ဘာလို့မသုံးပဲ ဒီလို ခင်ဗျားတို့ကို ဘာမှပြန်မလုပ်နိုင်မယ့် အ
မျိုးသမီးလေးတွေရဲ့ ပုံကို သုံးရတာလဲ။ သူတို့အမှားကို သူတို့ပြင်ဆင်ဖို့
သိနေတယ်ဆိုရင်တောင် ခင်ဗျားတို့အဲ့လို ထပ်ခါထပ်ခါ ပြန်သုံးနေပုံနဲ့
ခင်ဗျားတို့ လင်နေရာ၊ မိဘနေရာ၊ အကိုမောင်နေရာမှာ ဝင်ကိုယ်ချင်း
စာကြည့်ကြပါလားဗျာ။
ခင်ဗျားတို့ လုပ်ရဲတယ်ဆိုရင် သဉ္ဖာဝင့်ကျော်ပုံဘာလို့ ပြန်မသုံးတာလဲ။
ဘယ်သုံးမလဲ ဟိုက တရားစွဲတာမျိုး၊ ခင်ဗျားတို့ကို ပခုံးချင်းပြန်ရှင်နိုင်
တဲ့ ဝိတ်ရှိတော့ အနည်းလေးရှိတာကိုး..။ ခင်ဗျားတို့ဗျာ။
အမျိုးသမီးရေးရာအဖွဲ့တွေလည်း ဒါမျိုးကို ကန့်ကွက်သင့်
ပါတယ်။ ဒါဟာ မဟာပုရိသာဝါဒရဲ့ လှံစွပ်တွေဗျ၊။ ခင်ဗျား
တို့ကို တစိမ့်စိမ့်ထိုးနေတဲ့ လှံစွပ်တွေ။ မိန်းမတွေဆိုတာ
ယဉ်ယဉ်ကျေးနေရမယ်။ တစ်ကြိမ်တစ်ခါတောင်မမှားရ
ဘူး။ မီဒီယာခဲနဲ့ လူပုံလယ်မှာ မသေမချင်းပေါက်သတ်
ခံရမယ်ဆိုပြီး လုပ်ပြနေတာဗျ။
တာလီဘန်တွေဟာ မိန်းမတွေဖွံ့ဖြိုးတိုးတက်မှုအတွက် လက်နက်သုံး
ခဲ့တယ်ဆိုရင် ခင်ဗျားတို့လည်း မြန်မာတာလီဘန်တွေပဲ။ ကလောင်ကိုင်
ထားတဲ့၊ ကင်မရာကိုင်ထားတဲ့၊ ကွန်ပျူတာကိုင်ထားတဲ့ တာလီဘန်တွေ
ပဲ။
အဲ့ဒါမျိုးနဲ့ ထမင်းမြိုမကျချင်ပါနဲ့ဗျာ။ ချဉ်တယ်ဗျာ။
အဲ့ဒီလို ကနေတဲ့ မိန်းကလေးဟာ ခင်ဗျားအမေ၊ ခင်ဗျားမိန်းမ၊ ခင်ဗျား
တို့ နှမ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်ဆိုရင်ရော
တင်မလား။
ငါတို့ နှမ၊ ငါတို့ မိန်းမ၊ ငါတို့ နှမတွေက အဲ့လိုမလုပ်ဘူးကွဆိုရင် သူတို့
မှာလည်း မိဘ၊ လင်သား၊ မောင်ဘွားတွေ၊ ပတ်ဝန်းကျင်ဆိုတာတွေရှိကြ
မှာပါ။
ခင်ဗျားတို့ အဲ့ဒီပုံသုံးထားတဲ့ သတင်းဆောင်းပါးက စိတ်ကြွရူးသွပ်ဆေး
ပြား WY အကြောင်းပါ။ ဘယ့်နှယ့် အဲ့ဒီမိန်းကလေးတွေပုံကို သုံးရတာ
လဲ။ သူတို့ဟာ စိတ်ကြွရူးသွပ်ဆေးပြား သုံးထားတယ်လို့ ရည်ညွှန်းချင်
တာလား။
မိန်းကလေးတစ်ယောက်ဟာ မူးပြီးကမိတဲ့ အမှားဟာ သင်္ကြန်မိုးကား
လို နှစ်တိုင်း ခင်ဗျားထုတ်သုံးကြ၊ ခွေတွေထွက်ကြ၊ ရုပ်ပုံတွေ ဖေ့ဘွတ်
မှာရှယ်ကြဖို့ ဖြစ်သွားပြီလား။
The Irrawaddy ရဲ့ အဲ့ဒီအပတ်စဉ်ထုတ်ထဲက Life Styl ကဏ္ဍမှာပါတဲ့
ပုံတွေကို ဘာလို့မသုံးပဲ ဒီလို ခင်ဗျားတို့ကို ဘာမှပြန်မလုပ်နိုင်မယ့် အ
မျိုးသမီးလေးတွေရဲ့ ပုံကို သုံးရတာလဲ။ သူတို့အမှားကို သူတို့ပြင်ဆင်ဖို့
သိနေတယ်ဆိုရင်တောင် ခင်ဗျားတို့အဲ့လို ထပ်ခါထပ်ခါ ပြန်သုံးနေပုံနဲ့
ခင်ဗျားတို့ လင်နေရာ၊ မိဘနေရာ၊ အကိုမောင်နေရာမှာ ဝင်ကိုယ်ချင်း
စာကြည့်ကြပါလားဗျာ။
ခင်ဗျားတို့ လုပ်ရဲတယ်ဆိုရင် သဉ္ဖာဝင့်ကျော်ပုံဘာလို့ ပြန်မသုံးတာလဲ။
ဘယ်သုံးမလဲ ဟိုက တရားစွဲတာမျိုး၊ ခင်ဗျားတို့ကို ပခုံးချင်းပြန်ရှင်နိုင်
တဲ့ ဝိတ်ရှိတော့ အနည်းလေးရှိတာကိုး..။ ခင်ဗျားတို့ဗျာ။
အမျိုးသမီးရေးရာအဖွဲ့တွေလည်
ပါတယ်။ ဒါဟာ မဟာပုရိသာဝါဒရဲ့ လှံစွပ်တွေဗျ၊။ ခင်ဗျား
တို့ကို တစိမ့်စိမ့်ထိုးနေတဲ့ လှံစွပ်တွေ။ မိန်းမတွေဆိုတာ
ယဉ်ယဉ်ကျေးနေရမယ်။ တစ်ကြိမ်တစ်ခါတောင်မမှားရ
ဘူး။ မီဒီယာခဲနဲ့ လူပုံလယ်မှာ မသေမချင်းပေါက်သတ်
ခံရမယ်ဆိုပြီး လုပ်ပြနေတာဗျ။
တာလီဘန်တွေဟာ မိန်းမတွေဖွံ့ဖြိုးတိုးတက်မ
ခဲ့တယ်ဆိုရင် ခင်ဗျားတို့လည်း မြန်မာတာလီဘန်တွေပဲ။ ကလောင်ကိုင်
ထားတဲ့၊ ကင်မရာကိုင်ထားတဲ့၊ ကွန်ပျူတာကိုင်ထားတဲ့ တာလီဘန်တွေ
ပဲ။
အဲ့ဒါမျိုးနဲ့ ထမင်းမြိုမကျချင်ပါနဲ့ဗျာ။ ချဉ်တယ်ဗျာ။
.jpg)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။