တရားမျှတမှု၊လွတ်လပ်မှု၊လုံ ခြုံမှု၊ကြွယ်ဝချမ်းသာမှု၊ေ ပျာ်ရွှင်မှု၊တန်းတူညီမျှမှု ၊ (အပိုင်း၁)
ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုဖွဲ့စည်းပုံ၊ လူမျိုးစု လွှတ်တော်အတွင်း တန်းတူညီမျှမှု၊ လွှတ်တော်နှစ်ရပ် အတွင်း အာဏာခွဲခြားမှု၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုတို့အပေါ် အခြေခံ၍ လေ့လာ ဆန်းစစ်ကြည့်နိုင်ပါ တယ်။ ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခု ပါဝင်ပြီး တူညီသော အဆင့်အတန်းရှိကြသည်ဆိုသော်လ ည်း ဗဟိုအစိုးရတွင် အာဏာများစွာရှိနေပါတယ်။ စစ်အစိုးရ၏ ပြည်ထောင်စုပုံစံတွင် တိုင်းဒေသကြီးများ၌ ဗမာတိုင်းရင်းသား အများစု နေထိုင်ကြပါတယ်။ တနည်းဆိုရလျှင် လူမျိုးစုလွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်တွင် ကိုယ်စားပြုမှု အချိုးအစားအရ တန်းတူညီမျှမှု လုံးဝမရှိပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေ ဒသအထိ အဆင့်တိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသယောင် ဖြစ်သော်လည်း လူမျိုးစုငယ်များ အများစုနေထိုင်သော ပြည်နယ်များမှာ အခွင့်အရေး အပြည့်အ၀ မရဘဲ ဗဟို၏ အရံဒေသများ ဖြစ်နေကြောင်း တွေ့ရမည် ဖြစ်ပါတယ်။
လူမျိုးစုလွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်သည် အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်စေလွှတ်သော တပ်မတော်သား ကိုယ်စား လှယ် ၅၆ ဦး ပါဝင်ရမည်ဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ စေလွှတ်ရမည် ဆိုသောကြောင့် ဗမာတိုင်းဒေသကြီးများမှ ကိုယ်စားလှယ် အရေအတွက် နှင့် ကျန် တိုင်းရင်းသားအားလုံး စုစုပေါင်း၏ ကိုယ်စားလှယ် အရေအ တွက်မှာ အတူတူပင် ဖြစ်နေပါတယ်။ဥပဒေပြုအာဏာကို လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်သို့ ခွဲဝေပေးထားတဲ့အတွက် ထိုလွှတ်တော်နှစ်ရပ်လုံး၌ တူညီသော ဥပဒေပြုမှုအာဏာ ရှိကြပါတယ်။ သို့သော်လည်း တိုင်းပြည်အတွက် အရေးကြီးဆုံး ဖြစ်သော ပြည်ထောင်စု ဘတ်ဂျက်ဥပဒေကို လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်ေ သာ ပြည်ထောင်စုလွှတ်တော်တွင်သာ တင်သွင်းခွင့် ရှိသည် ဆိုတဲ့အတွက် ဤအချက်မှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ခိုင်မြဲစေရန်အတွက် ရည်ရွယ် ပြဌာန်းထားခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုဥပဒေပြုစာရင်းနှ င့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးဥပဒေပြု စာရင်းများရှိ ဥပဒေပြုတာဝန်များကို လေ့လာကြည့်ပါက လုပ်ပိုင်ခွင့်အာဏာများသည် ပြည်ထောင်စုတွင်သာ ရှိပြီး ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးများတွင် မရှိကြောင်း တွေ့ရမည် ဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုနိုင်သည့် ဥပဒေများတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၊ ပြည်ထောင်စု အရ အသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်များ၊ ထုတ်ကုန်သွင်းကုန်၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့် သစ်တော၊ စက်မှု၊ ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့် အရေးကြီးသည့် အခန်းကဏ္ဍများ အပါအ၀င် ၁၂၄ မျိုး ဥပဒေပြုနိုင် ပြီး တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွက် ဥပဒေပြုစာရင်းတွင် ဘဏ္ဍာငွေနှင့် စီမံကိန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့်သစ်တော၊ အသေးစား နှင့် အလတ်စား လျှပ်စစ်ဓာတ်အား၊ ဆားထုတ်လုပ်ရေးလုပ်ငန်းများ စသည်တို့ အပါအ၀င် ၄၁ မျိုးသာ ဥပဒေပြုနိုင် တဲ့အတွက် ပြည်ထောင်စု အစိုးရ၏ လုပ်ပိုင်ခွင့်ပိုများနေတာကို ကြည့်ခြင်းအားဖြင့် ဗဟိုတွင် အာဏာပိုရှိနေပါတယ်။ထို့ကြော င့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဥပဒေ၏ဖွဲ့စည်းပုံအရ ဖြစ်စေ၊ အနှစ်သာရ အားဖြင့် ဖြစ်စေ တပြည်ထောင်စနစ်သို့သာ ဦးတည်နေပြီး ပြည်ထောင်စုစစ်စစ်နိုင်ငံပုံစံ မရှိသည်မှာ အထင်အရှားပင် တွေ့မြင်နိုင်ပါတယ်။
ဒီကနေ့အထိ မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းများ ရှိနေကြပါတယ်။ ဒီပုဂ္ဂိုလ်အဖွဲ့ အစည်းများဟာ မိမိတို့နိုင်ငံသားများ ဖြစ်ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးကို သမ္မတဦးသိန်းစိန်ဦးစီးတဲ့ လက်ရှိကြံ့ဖွံ့အစိုးရနှင့် ပြည်ထောင်စုလွှတ်တော် က သာဆောင်ရွက်နိုင်ပါတယ်။ အခြားမည်သူမျှပြင်ဆင်နိုင်လိမ့်မည်မဟုတ်ပါ။ ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဦးစီးချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များက တညီညွတ်တည်းစိတ်တူ သဘောတူမှသာလျှင် “အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း” တွင်ပြဋ္ဌာန်းထားသည့် ပုဒ်မ (၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆) တို့ ကိုပြင်ဆင်နိုင်ပါလိမ့်မယ်။ ယနေ့အထိကျင်းပနေသော လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆ င်ရန် ဥပဒေမူကြမ်း တင်သွင်းမည် ဟူသောအသံလည်းမည်သည့် လွှတ်တော်ကိုယ်စားလှယ်များထံ ကမှ မကြားရသေးပါ။
အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေ ရလေ့ရှိပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကို လွယ်လင့်တကူ စွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ တစ်နည်းအားဖြင့် အာဏာရှင်သည် မည်သူ့ကိုမျှ ဒီမိုကရေစီ အခွင့်အရေး မပေးပါ။ အင်အားကြီးတဲ့ စစ်တပ်လို အုပ်စုကြီးတခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ စစ်အာဏာရှင်စနစ်ဟာ သူ့အလိုအလျောက် အမြစ်ပြတ် ပျောက်ကွယ်သွားဖို့ အင်မတန်ခက်ခဲလှ ပါတယ်။ အာဏာရှင်စနစ် ကြောင့် တိုင်းပြည်နစ်နာခဲ့ရတာတွေကို ပြန်လည်ဆန်းစစ်ကြည့် မယ်ဆိုရင် နာကြည်းစရာ အတိတ်ဆိုးတို့နှင့် ရင်နင့်စရာ အဖြစ်အပျက်ဆိုးတွေ ပြည်သူလူထုကြီး တရပ်လုံး နင်းပြားဘဝရောက်ခဲ့ကြရတဲ့ အဖြစ်တွေ ပြည့်နှက်လို့နေပါတယ်။ အခြေခံဥပဒေရဲ့ အနှစ်သာရ က ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ကာ ကွယ် စောင့်ရှောက်ရေး က အဓိကပါပဲ။
အမေရီကန်နိုင်ငံမှာဆိုရင် ဂျူရီ လူကြီး များ စောင့်ကြည့် သော တရား စီရင်ရေး စနစ် ရှိသောကြောင့် စီရင် ဆုံးဖြတ်မှုတွေ ဟာ ဥပဒေ နဲ့ ညီညွတ်ကြောင်း၊ ပိုမို ခိုင်လုံစေ ပါတယ်။ နောက် တစ်ခု ပြည်သူက မူလ အာဏာ ရှင် ဖြစ် တဲ့ အတွက် အစစ် အမှန် ရွေး ကောက် တင်မြှောက် လိုက် တဲ့ သူ တွေ ကိုယ်စား လှယ် ဖြစ်ကြ ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ ကိုယ် စား လှယ် တွေ ကလည်း နိုင် ငံ သား တစ်ယောက် ရဲ့အနိမ့် ဆုံး ကျေပွန် ရမယ့် တာဝန် ကျေပွန်မှု မျိုးရှိရပါမယ်။နိုင်ငံဆိုတာ နိုင်ငံသားမရှိလျှင် နိုင်ငံဟု မမည်သကဲ့သို တိကျသောနယ်နိမိတ်မရှိလျှင်လ ည်း နိုင်ငံဟု မခေါ်ဆိုနှိုင်ပါဘူး။ အစိုးရ အဖွဲ့ဆိုတာလည်း နိုင်ငံတစ်ခုအတွက် မရှိမဖြစ် လိုအပ်သလို နိုင်ငံသားတို့၏ တရားဥပဒေ စိုးမိုးရေး ပညာရေး လူမှူရေး စီးပွားရေး ကျန်းမာရေး အစရှိသည်တိုမှာ အစိုးရ၏ တာဝန်သာဖြစ်ပါတယ်။ သို့ကြောင့် နိုင်ငံသားတို့ က အချုပ်အခြာအာဏာကို အုပ်ချုပ်သူ အစိုးရကို ပေးအပ်ထားတာ ဖြစ်ပါတယ်။ သိုမှသာ နိုင်ငံသူနိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နှိုင်မည် ပင်ဖြစ်ပါတယ်။
ခေတ် အဆက်ဆက်မှာ အုပ်ချုပ်သူတွေကိုယ်တိုင် မတရားမှုတွေများလာတာကြောင့် အဖွဲ့အစည်းအတွင်းမှာ၊ တိုင်းရင်းသား အုပ်စုတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေး မညီမျှမှုတွေ၊ မယုံကြည်မှုတွေကြီးစိုး လာခဲ့ရတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှမှု၊ ကင်းမဲ့နေခဲ့ရတယ်။ ဥပဒေ တွေဟာ မြန်မာ နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေ အနေက တောင်းဆို နေတဲ့ သမိုင်း လိုအပ်ချက် များဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ ဒီမိုကရေစီ စနစ် ရေရှည် တည်တံ့ ခိုင်မြဲရေး လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးနိုင်ခြင်းရှိစေရန် ပြင်ဆင်ဆောင်ရွက် ရပါမယ်။
လူတစု ကောင်းစားရေး” သာ ကြံစည်၊ လုပ်ဆောင် နေဆဲ ဖြစ်တဲ့ လက်ရှိ နိုင်ငံရေး မှာ“လူအများ ကောင်းစားရေး” အတွက် တိုင်းပြည်ရဲ့ အုပ်စုအသီးသီးက မဖြစ်မနေ တွန်းအား တွေပေးဖို့ လိုနေပါပြီ။အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတာက တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ ဒီအဖိနှိပ်ခံရတဲ့ မတရားလုပ်ခံထားရတဲ့ သူတို့ရဲ့ ထောင့်ကနေစာနာနားလည်ပြီးတော့  ဖိနှိပ်တဲ့သူ၊ အပြစ်ရှိတဲ့သူ၊ တာဝန်ရှိတဲ့သူတွေက ပြန်လည်ညှိနှိုင်း ဆောင်ရွက်ပေးစေခြင်းပါဘဲ။
စစ်တပ်ကကော အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြော င်း လက်ခံပြီးတော့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းဖို့ကို မပိတ်ဆို့ မတားဆီးအောင် ဘယ်လို လုပ်ကြမှာလဲ။ လူ့ထုအင် အားသုံးပြီးတော့ ဖေါ်ဆောင်ရတဲ့ ပြည်ထောင်စုစစ်စစ်ဖေါ်ဆောင် ရေး လမ်းကြောင်းကို ရွေးမလား။ သို့မဟုတ် လူထုအင်အားသုံးတဲ့ လမ်းကြောင်း မဖြစ်ခင်မှာ ညင်သာတဲ့ ပြုပြင်ပြောင်းလဲမှုကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုကိုပြန်လည်တည်ဆော က်ပြီးသွားကြမှာလား။ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူညီမျှမှုဆိုတဲ့ ပြည်ထောင်စစ်စစ်ဖေါ်ဆောင်ရေးဟာ နိုင်ငံတော်ကို ငြိမ်းချမ်းရေး ရစေနိုင်တဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တန်း တူညီမျှမှုဆိုတဲ့ ပြည်ထောင်စုစစ်စစ်ဖေါ်ဆောင် ရေး အဖြစ် ဖန်တီးနိုင်စွမ်းက အရေးကြီးပါတယ်။
ပြည်ထောင်စုသားအားလုံး တန်းတူညီမျှခြင်းနဲ့ ကျွန်တော်တို့ လိုချင်တဲ့ခရီးကို ရောက်အောင် သွားရပါမယ်။စစ်ပွဲတွေရှိရင် စစ်တပ်တွေ တန်ခိုးသြဇာတက်မယ်၊ စစ်အာဏာရှင်စနစ် အသက်ဝင်မယ်၊ ပြည်သူတွေ ဒုက္ခရောက်မယ်။ စစ်ပွဲတွေ ဆက်ဖြစ်နေတာဟာ မြန်မာ့ဒီမိုကရေစီအတွက်ရော၊ ပြည်ထောင်စုမြန်မာနိုင်ငံ တည်ထောင်ရေး အတွက်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီတော့ စစ်ပွဲရပ်ဖို့အတွက် ဒီမိုကရေစီလိုလားသူတွေ၊ ပြည်ထောင်စုစစ်စစ် လိုလားသူတွေ လုပ်ရပါမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာကလည်း တပ်မတော်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားတွေ အကြားမှာ မှန်ကန်တဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ သွေးချင်းညီတဲ့ ပြန်လည်သင့်မြတ်ရေးသာလျင် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ နောက်ပြန်မလှည့်ဘူးလို့သာ ဆိုတယ် ရှေ့ကိုမရွေ့ပါဘူး မှန်ကန်တဲ့ အခြေခံမူတွေ အပေါ်မှာ ရိုးရိုးသားသား ရှင်းရှင်းလင်း လင်း မှန်မှန်ကန်ကန်မရပ်ဘဲ ပုဂ္ဂိုလ်ရေးတွေနဲ့ပဲ လိုက်စည်းရုံးရင် တိုင်းပြည်က ဘာမှဖြစ်လာမှာမဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်လိုနေတာက စစ်မှန်တဲ့ အပြောင်းအလဲပါ။
အာဏာကိုအသုံးမချတတ်တဲ့သူတွေ ဥာဏ်နဲတဲ့သူတွေ ချင့်ချိန်မှုမရှိတဲ့သူတွေ ကျနော်တို့တိုင်းပြည်မှာ ကိုယ်နဲ့နီးစပ်ရာလူကိုပဲ သင့်၏ မသင့်၏ မစဉ်းစားပဲ နေရာပေးခန့်ထားခဲ့တာတွေ များလွန်းတော့ လူမှန်နေရာမှန် မဖြစ်ခဲ့တာကြာပါပြီ။ အများအားဖြင့်တော့ ပညာမဲ့သူတွေ ပညာမဲ့ဆိုတာ အတန်းပညာသက်သက် မဟုတ်ပါဘူး အသိပညာ ရောပါတဲ့ သင်ညာ အသိကိုပြောတာပါ။ ကိုယ်ရောက်နေတဲ့နေရာနဲ့ ကိုယ်လုပ်ရမယ့် ကိုယ့်တာဝန် သေချာမသိကြဘူး။ သိအောင် လေ့ကျင့်ပေးတဲ့ ပညာရေးစနစ်ကလည်း မရှိဘူးလေ။ အဲဒီလို မသူတော်တွေ လက်ထဲ အာဏာမရောက်ရအောင် ကျွန်တော်တို့ပြည်သူလူထု တရပ်လုံးမှာတာဝန်ရှိပါတယ်။
ဆက်လက်တင်ပြသွားပါဦးမည်။
ဇော်ဝမ်းမောင်…..၊
ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုဖွဲ့စည်းပုံ၊ လူမျိုးစု လွှတ်တော်အတွင်း တန်းတူညီမျှမှု၊ လွှတ်တော်နှစ်ရပ် အတွင်း အာဏာခွဲခြားမှု၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုတို့အပေါ် အခြေခံ၍ လေ့လာ ဆန်းစစ်ကြည့်နိုင်ပါ တယ်။ ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခု ပါဝင်ပြီး တူညီသော အဆင့်အတန်းရှိကြသည်ဆိုသော်လ
လူမျိုးစုလွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်သည် အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်စေလွှတ်သော တပ်မတော်သား ကိုယ်စား လှယ် ၅၆ ဦး ပါဝင်ရမည်ဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ စေလွှတ်ရမည် ဆိုသောကြောင့် ဗမာတိုင်းဒေသကြီးများမှ ကိုယ်စားလှယ် အရေအတွက် နှင့် ကျန် တိုင်းရင်းသားအားလုံး စုစုပေါင်း၏ ကိုယ်စားလှယ် အရေအ တွက်မှာ အတူတူပင် ဖြစ်နေပါတယ်။ဥပဒေပြုအာဏာကို
ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုနိုင်သည့် ဥပဒေများတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၊ ပြည်ထောင်စု အရ အသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်များ၊ ထုတ်ကုန်သွင်းကုန်၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့် သစ်တော၊ စက်မှု၊ ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့် အရေးကြီးသည့် အခန်းကဏ္ဍများ အပါအ၀င် ၁၂၄ မျိုး ဥပဒေပြုနိုင် ပြီး တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွက် ဥပဒေပြုစာရင်းတွင် ဘဏ္ဍာငွေနှင့် စီမံကိန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့်သစ်တော၊ အသေးစား နှင့် အလတ်စား လျှပ်စစ်ဓာတ်အား၊ ဆားထုတ်လုပ်ရေးလုပ်ငန်းများ
ဒီကနေ့အထိ မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းများ ရှိနေကြပါတယ်။ ဒီပုဂ္ဂိုလ်အဖွဲ့ အစည်းများဟာ မိမိတို့နိုင်ငံသားများ ဖြစ်ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးကို သမ္မတဦးသိန်းစိန်ဦးစီးတဲ့ လက်ရှိကြံ့ဖွံ့အစိုးရနှင့် ပြည်ထောင်စုလွှတ်တော် က သာဆောင်ရွက်နိုင်ပါတယ်။ အခြားမည်သူမျှပြင်ဆင်နိုင်လ
အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့
အမေရီကန်နိုင်ငံမှာဆိုရင် ဂျူရီ လူကြီး များ စောင့်ကြည့် သော တရား စီရင်ရေး စနစ် ရှိသောကြောင့် စီရင် ဆုံးဖြတ်မှုတွေ ဟာ ဥပဒေ နဲ့ ညီညွတ်ကြောင်း၊ ပိုမို ခိုင်လုံစေ ပါတယ်။ နောက် တစ်ခု ပြည်သူက မူလ အာဏာ ရှင် ဖြစ် တဲ့ အတွက် အစစ် အမှန် ရွေး ကောက် တင်မြှောက် လိုက် တဲ့ သူ တွေ ကိုယ်စား လှယ် ဖြစ်ကြ ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ ကိုယ် စား လှယ် တွေ ကလည်း နိုင် ငံ သား တစ်ယောက် ရဲ့အနိမ့် ဆုံး ကျေပွန် ရမယ့် တာဝန် ကျေပွန်မှု မျိုးရှိရပါမယ်။နိုင်ငံဆိုတ
ခေတ် အဆက်ဆက်မှာ အုပ်ချုပ်သူတွေကိုယ်တိုင် မတရားမှုတွေများလာတာကြောင့်
လူတစု ကောင်းစားရေး” သာ ကြံစည်၊ လုပ်ဆောင် နေဆဲ ဖြစ်တဲ့ လက်ရှိ နိုင်ငံရေး မှာ“လူအများ ကောင်းစားရေး” အတွက် တိုင်းပြည်ရဲ့ အုပ်စုအသီးသီးက မဖြစ်မနေ တွန်းအား တွေပေးဖို့ လိုနေပါပြီ။အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတာက တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ ဒီအဖိနှိပ်ခံရတဲ့ မတရားလုပ်ခံထားရတဲ့ သူတို့ရဲ့ ထောင့်ကနေစာနာနားလည်ပြီးတော
စစ်တပ်ကကော အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြော
ပြည်ထောင်စုသားအားလုံး တန်းတူညီမျှခြင်းနဲ့ ကျွန်တော်တို့ လိုချင်တဲ့ခရီးကို ရောက်အောင် သွားရပါမယ်။စစ်ပွဲတွေရှိရင်
အာဏာကိုအသုံးမချတတ်တဲ့သူတွေ
ဆက်လက်တင်ပြသွားပါဦးမည်။
ဇော်ဝမ်းမောင်…..၊

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။