တို့တပ်မတော်သားတွေအဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီးတို့ရဲ့ မူလတာဝန်တွေကို ထမ်းဆောင်ပါမယ်လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်
========================
(၄၄)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့ ) စစ်ရေးပြ အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချု ပ် ဗိုလ်ချုပ်ကြီးစောမောင် မိန့်ခွန်းပြောဆိုသွားတာဖြစ်ပါတယ်၊ တိုင်းပြည်ကိုချစ်တယ်ဆိုရင် အမိမြန်ပြည်နဲ့ မြန်မာပြည်သူတွေကို ချစ်မြတ်နိုးတယ်ဆိုရင် သွားလေးသူ စီနီယာကြီး ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့ မိန့်ခွန်းကို တပ်မတော်သားတွေအနေနဲ့ အလေးအနက်ထား လိုက်နာသင့်ပါတယ်။
ပြည်သူလူထုရဲ့ ဒီမိုကရေစီပိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ် စိတ်အေးချမ်းသာစွာ အသုံးချခွင့်မရကြဘဲ ကြောက်ကြောက်ရွံ့ရွံ့ မဲပေးခဲ့ကြတာမျိုးတွေလည်း အတိတ်သမိုင်းကြောင်းမှာ ရှိခဲ့ဖူးတယ်။ အဲ့ဒီလိုဖြစ်ခဲ့ တဲ့ အတွေ့အကြုံတွေပေါ်မှာ အခြေခံသုံးသပ်ပြီး လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဒီလိုသောင်းကျန်း သူတွေက ပတ်သက်စွက်ဖက် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်အောင်တို တပ်မတော်က ပိုပြီး သတိရှိရှိနဲ့ ကာကွယ်ပေးသွားကြမှာဖြစ်တယ်။
အဘက်ဘက်က အခြေအနေပေးလာတာနဲ့ စစ်မှန်တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးကို သောင်းကျန်းမှုနဲ့ ဆက်စပ်ပြီးငြိမ်ဝပ်ပိပြားခြ င်း မရှိသေးတဲ့ နယ်မြေတချို့ ကလွဲရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ကျင်းပြပြုလုပ်မှာဖြစ်တယ်။ ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန်္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ်ပေါ်ပေါက်လာမှာ ဖြစ်တယ်။ အဲ့ဒီအစိုးရသစ် အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွားလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ တို့တပ်မတော်သားတွေအဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီးတို့ရဲ့ မူလ အဓိက တာဝန်ကြီးဖြစ်တဲ့ (၁။ တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး ၂။ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး ၃။ ပြည်သူများရဲ့ စားဝတ်နေရေး ချောင်လည်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရေးနဲ့  ပုဂ်္ဂလိက၊ သမ၀ါယမတို့က ဆောင်ရွက်နိုင်အောင်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရေးနဲ့ ၄။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး) အခုပြောကြားရာ မှာပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်တယ်။
Mizzima - News
========================
(၄၄)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့ ) စစ်ရေးပြ အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချု
ပြည်သူလူထုရဲ့ ဒီမိုကရေစီပိုင်ခွင့်တွေကို
အဘက်ဘက်က အခြေအနေပေးလာတာနဲ့ စစ်မှန်တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးကို သောင်းကျန်းမှုနဲ့ ဆက်စပ်ပြီးငြိမ်ဝပ်ပိပြားခြ
Mizzima - News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။