Boy Band ‘NSync ရဲ့ အငယ်ဆုံး အဖွဲ့ ဝင်၊ Lead Singer ဖြစ်သူTimberlake ကို ၁၉၈၁ ဇန်နဝါရီ ၃၁ ရက်မှာ မွေးဖွားခဲ့ပြီး ဆယ် ကျော်သက်အရွယ်ကတည်းက ဂီတလောကထဲ ရောက်နှင့် သူတစ်ဦးဖြစ်ပါတယ်။ ၂ဝဝဝ ခုနှစ် နောက်ပိုင်းထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်များဟာ ချပ်ရေ ၇ သန်းကျော်စီ ရောင်းချခဲ့ရပြီး ကမ္ဘာတစ်လွှား လူ ကြိုက်များ အားပေးကြလို့ အောင်မြင်မှုရရုံမက စီးပွားရေးအရ တွက်ချေကိုက်တဲ့ တန်းဝင်အဆိုတော် တစ်ဦးအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။ ၄င်းအယ် လ်ဘမ်များကတော့ Justified (2002 )နှင့် င်္Future Sex /LoveSounds (2006) တို့ဖြစ်ပြီး ကျော်ကြား တဲ့ သီချင်းများအနေနဲ့ Cry Me a River ၊ Rock Your Body ၊ SexyBack ၊ My Love နှင့် What Goes Around..Comes Around တို့ဖြစ်ပါတယ်။ ၂ဝဝ၇ နှင့် ၂ဝ၁၂ ကြားကာလများမှာေ တာ့ Edison ၊ The Social Network ၊ Bad Techer နှင့် In Time အစရှိသည့် ရုပ်ရှင်ကားများအတွက် သရုပ်ဆောင်အ လုပ်ကို ဦးစားပေးလုပ်ကာ သီချင်းဆိုခြင်းကို ခေတ္တ ရပ်နားခဲ့ပါတယ်။ တစ်ဖန် ၂ဝ၁၃ မှာ တတိယ အယ်လ်ဘမ် The 20/20 Experience နှင့် စတုတ္ထအယ်လ်ဘမ် The 20/20 Experience-2 of 2 တို့ကို ဖြန့်ချိခဲ့ပြီး ထင်ရှားတဲ့ သီချင်းများအနေနှဲ့Suit & Tie ၊ Mirrors နှင့် Take Back the Night အစရှိတဲ့ သီချင်းတို့ ကျော်ကြားခဲ့ပါတယ်။ အနုပညာလုပ်ငန်း များဖြင့် Grammy ဆု ၆ ခုနှင့် Emmy ဆု ၄ ခု ရရှိထားသူTimberlake ဟာ စားသောက် ဆိုင်လုပ်ငန်းကဲ့သို့သော အခြားစီးပွား ရေးလုပ်ငန်းများလည်း လုပ်ကိုင်ပါသေးတယ်။
ကယ်လီဖိုးနီးယားပြည်နယ်West Holly – wood မှာ Chi အမည်ရှိ စားသောက်ဆိုင်တစ် ဆိုင်၊ နယူးရောခ့်မှာ Destino နှင့်Southern Hospitalty အမည်ရှိ စားသောက်ဆိုင်နှစ်ဆိုင် တို့ကို မိတ်ဆွေတစ်ဦးနှင့်အတူ ပူးတွဲဖွင့်လှစ်ထားသ ကဲ့သို့ William Rastအမည်ရှိ အဝတ်အထည် ဆိုင်တစ်ဆိုင်ကိုလည်း ငယ်သူငယ်ချင်းတစ်ဦးနှင့် အတူတကွ တည်ထောင်ထားပါတယ်။ အမျိုးသား/ အမျိုးသမီးဝတ် အားကစားဝတ်စုံများ၊ ဂျင်းထည် နှင့် ပွဲနေပွဲထိုင်အဝတ်အစားမျိုးစုံရောင်းချကာ ပရိသတ်များ အထူးအားပေးလျက်ရှိတာမို့William Rast ဟာလည်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဆို ရင် မမှားပါဘူး။ အနုပညာနယ်ပယ်နှင့် စီးပွားရေး နယ်ပယ်တို့မှာ အထိုက်အလျောက်အောင်မြင်မှုရ နေသူTimberlake ဟာ မိမိကဲ့သို့ ဂီတစိတ်ဝင် စားသူ ဝါသနာရှင်များကို ဆက်လက်ဖော်ထုတ် ပြု စုပျိုးထောင်ပေးရန် မွေးရပ်မြေ Memphis ရှိ The Memphis Rock ‘n’ Soul Museum နှင့် The Memphis Music Foundation တို့အတွက် ဒေါ်လာတစ်သန်းစီလှူဒါန်းခဲ့ပါတယ်။ မိမိရဲ့ Fan ပရိသတ်များထဲမှ ပညာရေးဆုံးခန်းတိုင်ရန် အခက်အခဲရှိနေသူများကို ထောက်ပံ့ဖို့ The Justin Timberlake Foundation ကို တည်ထောင် ထားသည့်အပြင် ၅နှစ်တာကာလပတ်လုံး သရုပ် ဆောင်လုပ်နေရင်း ဂီတလောကနှင့် ကင်းကွာ လျက်ရှိရာမှ Suit & Tie သီချင်းဖြင့် ပထမဆုံး Music Performance တင်ဆက်ရာက ရရှိငွေ ဒေါ်လာ ၃ သန်းကိုလည်း လှူဒါန်းထောက်ပံ့ရေး အ ဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရ ပါတယ်။ အနုပညာရှင်များရဲ့ လူမှုရေးစောင့်ရှောက် ကူညီပံ့ပိုးမှုများကို စစ်တမ်းကောက်ဖော်ပြထားတဲ့ အင်တာနက်စာမျက်နှာတစ်ခုမှာတော့
Timberlake ဟာ အောက်ပါ အဖွဲ့အစည်းများ မှာလည်း ပါဝင်လှူဒါန်းနေတာတွေ့ရပါတယ်။ အခက်အခဲဒုက္ခများ ရင်ဆိုင်ကျော်လွှားနေရတဲ့ ကလေးငယ်များနှင့် ¤င်းတို့၏ မိသားစုများကို ချီးကျူး ဂုဏ်ပြုပြီး ကူညီထောက်ပံ့ပေးနေသည့် Kids Wish Network ၊ အိမ်ခြေရာမဲ့တွေအတွက် နေအိမ်အထောက်အပံ့၊ အလုပ်လက်မဲ့တွေအတွက် အလုပ်ရရှိနိုင်ရန် လေ့ကျင့်သင် ကြားပေးခြင်းအ ထောက်အပံ့၊ အမှန်တကယ်အကူ အညီလိုအပ်နေ သည့် ကလေးငယ်များ မိသားစုများနှင့် ပျက်စီးလေ လွင့်နေတဲ့ လူငယ်များအတွက် သင့်တော်ရာ အ ထောက်အပံ့များပေးကာ စိတ်ချမ်းသာဖွယ်ရာ ဘဝများ မိမိတို့ ကိုယ်တိုင်ဖန်တီးနိုင်ရန်ရည်ရွယ် ကူညီပေးနေသည့် Mission Australia ၊ ဂီတ လောကမှ အနုပညာရှင်များအား လိုအပ်ချိန်မှာ အကူအညီပေးနိုင်ရေးဖွဲ့စည်းထားသည့် MusicCares ကွန်ရက်၊ ကုလသမဂ္ဂအဖွဲ့ ဒုက္ခ သည်ကာကွယ်ရေးနှင့် ကမ္ဘာအနှံ့ဒုက္ခသည်ပြဿနာ ဖြေရှင်းရေးလုပ်ဆောင်နေသည့်UNHCR တို့အ ပြင် ဖိနပ်ထုတ်လုပ်ရာကုမ္ပဏီဂိုထောင်များမှ ဖိနပ် များတောင်းခံ၍လည်းကောင်း၊ ခဏသာစီးထား၍ အသစ်နီးပါးကောင်းမွန်နေသေးသော ဖိနပ်များ အလှူခံ၍လည်းကောင်း၊ ထိုင်း၊ နီပေါ၊ US အပါအ ဝင် နိုင်ငံ ၁၂၅ နိုင်ငံရှိ လိုအပ်နေသူများထံပေးပို့ လှူဒါန်းနေသည့် Soles 4Souls နှင့် ကျောက် ကပ်အစားထိုးကုသခြင်း၊ ကျောက်ကပ်နှင့် အခြား ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုများ လက်ခံ ရရှိရေး၊ အဆိုပါရောဂါများ ဖြစ်ပွားမှု ဟန့်တားရေး တို့အတွက် ကြိုးစားဆောင် ရွက်နေသော ကျန်းမာ ရေးအဖွဲ့အစည်း National Kidney Foundation အစရှိသည့် အဖွဲ့အစည်း ပေါင်း ၂ဝ ကျော်ကို လူသားချင်းစာနာထောက်ထားသော အားဖြင့်
လှူဒါန်းလျက်ရှိပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် Timberlake ရဲ့ အလှူအတန်းရက်ရောမှုနှင့် အများအကျိုးသယ်ပိုး ပေးလိုစိတ်ကို ထင်ရှားစွာတွေ့နိုင်ပါတယ်။ ချမ်းသာ ကြွယ်ဝစီးပွားရှာနိုင်သူတိုင်းဟာ ကမ္ဘာလော ကကြီး နှင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြုဖို့၊ အားနည်းသူ ကို အားကြီးသူက ကူညီဖို့ဆိုတဲ့အသိဝင်ရန်ခက်သ လို သရုပ်ဆောင်၊ ဂီတအနုပညာသည်လည်း လူ တိုင်းစွမ်းဆောင်နိုင်သော အတတ် ပညာမဟုတ် သည့်အပြင် အောင်မြင်မှုရဖို့ရန်လည်း မလွယ်ကူပါ။ ထိုခက်ခဲသည့် အသိနှင့်အတတ်ပညာတို့ကို ရရှိ ထားပြီး အတ္တဟိတနှင့် ပရဟိတကို ဟန်ချက်ညီညီ ထိန်းထားနိုင်သည့် Timberlake အား Mr. မဂ္ဂဇင်းဖတ်ရှုနေကြသည့် ပရိသတ်ကြီးနှင့် အနု ပညာလောကထဲဝင်ရောက်ရန် စိုင်းပြင်းနေကြ သည့် တက်သစ်စလူငယ်များ အတုယူနိုင်ကြစေဖို့ Ideal Profile ကဏ္ဍ မှ ရေးသားတင်ဆက် လိုက်ရပါတယ်။ အားလုံးပဲ မင်္ဂလာနှစ်သစ်မှာ မင်္ဂလာရှိ စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း နောက်တစ်လမှာ ဘယ်သူ့အကြောင်း တင်ဆက်ဦးမ လဲဆိုတာ ကို စောင့်မျှော်အားပေးကြပါဦးလို့..။
Diamond (SMM)
Credit...http://www.mrfashionmagazine.com/?p=1511
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။