Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 21, 2014

ရိုက်ကူးခွင့်ပိတ်ပင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် ရုပ်ရှင်ဇာတ်ကားများ ပြန်လည်ရိုက်ကူးခွင့်ရပြီ


မြန်မာ့ရောင်စဉ်
ရိုက်ကူးခွင့်ပိတ်ပင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် ရုပ်ရှင်ဇာတ်ကားများ ပြန်လည်ရိုက်ကူးခွင့်ရပြီ

ပန်းမြတ်ဇော်|ဇန်န၀ါရီ ၂၁ ရက်၊ အင်္ဂါနေ့၊ ၂၀၁၄ ခုနှစ်

ယခင်က ရုပ်ရှင်များ ရိုက်ကူးရန် ပိတ်ထားခြင်းခံရသည့် ရန်ကုန်တက္ကသိုလ်တွင် ယခုအခါ ရုပ်ရှင်၊ ဗီဒီယိုများ ပြန်လည်ရိုက်ခွင့်ရလာပြီဖြစ်ကြောင်း အနုပညာဖန်တီးကြသည့် ဒါရိုက်တာများက ပြောလာကြသည်။

ယင်းကဲ့သို့ အနုပညာရှင်များ၏ ရုပ်ရှင်ဇာတ်ကားများနှင့် တခြားသော အနုပညာလုပ်ကိုင်မှုများအတွက် အနုပညာရှင်များအနေဖြင့် ရရှိလာသည့် အခွင့်အရေးများ ထပ်မံမဆုံးရှုံးကြစေရန် အထူးဂရုစိုက်ရန် လိုအပ် ကြောင်း ဒါရိုက်တာတချို့က မဇ္ဈိမသို့ ပြောဆိုလိုက်သည်။

“ဦးမျိုးတို့တွေ အရင်က တက္ကသိုလ်ကျောင်းနဲ့ ပတ်သက်တာတွေ ရိုက်ချင်ရင် အများကြီး အခက်တွေ့စေခဲ့ ပါတယ်။ ကျောင်းရဲ့ အမှန်တကယ် အရိပ်အငွေ့တွေကလည်း မပါတာဆိုတော့ သိပ်ပြီး အရသာမရှိသလို ခံစားရတယ်။ ရေရှည်ရိုက်ကူးနိုင်အောင် အားလုံးအခွင့်အရေး မဆုံးရှုံးစေဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်” ဟု ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောသည်။

ရန်ကုန်တက္ကသိုလ် နယ်မြေအတွင်း၌ဗီဒီယိုအဖြစ် ပထမဆုံးရိုက်ကူးခွင့်ရသည့် ဇာတ်ကားသည် ဒါရိုက်တာ ပြည်ဟိန်းသီဟ၏ “ဂျက်ဆင်ထိပ်က ပြားကိုးဆယ်” ဇာတ်ကားဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ရှိ အထင်ကရ နေရာများတွင် ရိုက်ကူးလျက်ရှိသည်။ ယင်းဇာတ်ကားကို ဇန်န၀ါရီ ၁၈ ရက်တွင် မြင့်မြတ်၊ အကယ်ဒမီ အိန္ဒြာကျာ်ဇင်တို့ဖြင့် စတင်ရိုက်ကူးလျက်ရှိသည်။

““အရင်က ရိုက်မယ်ဆိုရင် MICT Park ထဲမှာပဲ ရိုက်ခဲ့ရတယ်။ အခု ဇာတ်ကား ခေါင်းစဉ်နဲ့လဲ ကိုက်သွား တယ်။ ရိုက်ကူး ခွင့်ရပြီဆိုတော့ တက္ကသိုလ်ဇာတ်လမ်းတွေ ပေါ်ထွက်လာမှာပါ။ အဓိက,က ရန်ကုန် တက္ကသိုလ်ရဲ့အလှကို ဖော်ပြပြီး ရိုက်ကူးရပါတယ်” ဟု ဒါရိုက်တာပြည်ဟိန်းသီဟက ပြောသည်။

ယင်းဇာတ်ကား ရိုက်ကူးရန်အတွက် ရိုက်ကူးခွင့်ကို တစ်လခန့် ကြိုတင်၍တင်ရပြီး ဇာတ်လမ်းအကျဉ်းများ၊ ရိုက်ကူးမည့် နေရာများကို ကြိုတင်တင်ထားရကြောင်း ယင်းက ပြောသည်။ ရုပ်ရှင်ဗီဒီယို ဇာတ်ကားများ ရိုက်ကူးခွင့်ရမည်ဆိုပါက ရိုက်ကူးနိုင်မည့်နေရာများကို ပြန်လည်အကြောင်းကြားပြီး တက္ကသိုလ်တွင် စနောက်ခြင်းများမပါဝင်ပဲ အေးချမ်းစွာ ပညာသင်ကြားရေးဆိုသည့် ပုံစံများဖြင့်သာ ရိုက်ကူးခွင့်ရခြင်း ဖြစ် သည်။

ယခင်က ရန်ကုန်တက္ကသိုလ်ဝင်းရှိ အထင်ကရနေရာများတွင် ရုပ်ရှင်ရိုက်ကူးခွင့်များ မရရှိခဲ့ခြင်းကြောင့် တက္ကသိုလ်ကျောင်း၏ ဇာတ်ဝင်ခန်းများကို ကန်ပေါင်၊ MICT Park၊ ယဉ်ကျေးမှုတက္ကသိုလ်ဝင်းများ၌သာ ရိုက်ကူးခဲ့ကြရသည်က များသည်။ ယင်းကဲ့သို့ တက္ကသိုလ်ကျောင်း၏ အရိပ်ငွေ့များ ပါဝင်ရန်အတွက် ရုပ် ရှင်ရိုက်ကူးခွင့်နေရာ ရှားပါးလာခြင်းကြောင့် ဇာတ်ဝင်ခန်းများနှင့် လိုက်ဖက်သည့်နေရာများကို အနုပညာ ထုတ်လုပ်ကြသည့်သူများအနေဖြင့် ရွေးချယ်ရသည့်အခါတွင် အခက်အခဲ များစွာရှိခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်နယ်မြေများတွင် ရုပ်ရှင်၊ ဗီဒီယိုနှင့် တခြားသောအနုပညာ လှုပ်ရှားမှုများအတွက် ရိုက် ကူးခွင့်များကို လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက ပိတ်ပင် တားမြစ်ခဲ့ခြင်းဖြစ်သည်။ ယခုလိုရိုက်ကူးခွင့် ပိတ် ပင်တားမြစ်ခြင်းသည် ကျောင်းသား နှင့် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တို့ ရန်ဖြစ်ကြခြင်းကြောင့် ရိုက်ကူးရန် တားမြစ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ရုပ်ရှင်ရိုက်ကူးခွင့်များ ပိတ်ပင်တားမြစ်ခြင်းကြောင့် ဒါရိုက်တာအများစုသည် တက္ကသိုလ်ပုံရိပ် များပေါ်လာစေရန် အတွက် MICT Park တွင် ရိုက်ကူးမှုများသည် အများဆုံး ရှိလာခြင်းဖြစ်ကာ ရိုက်ကူး ရန်အတွက် သွင်းကြရသည့်ဈေးနှုန်းများလည်း ပိုမိုမြင့်မားလာခြင်းကြောင့် ထုတ်လုပ်သူ အများစုသည် ယင်းနေရာများတွင် ရိုက်ကူးမှုများ မလုပ်ကြသည်ကများကြောင်း ပြောသည်။ ၎င်းအပြင် ယဉ်ကျေးမှု တက္ကသိုလ်တွင် ရိုက်ကူးခွင့်ပေးထားသော်လည်း စနေ၊ တနင်္ဂနွေနေ့များ၌သာ ရိုက်ကူးခွင့်ရခြင်းကြောင့် ဒါရိုက်တာများ အဆင်မပြေ ဖြစ်ကြရသည်က များသည်။

လေဆိပ်နေရာများတွင် ရိုက်ကူးခွင့်များ ရရှိလာသော်လည်း အများစုသည် တားမြစ်လိုသည့် အခြေအနေ များရှိနေဆဲဖြစ်ကြောင်း ဒါရိုက်တာအများစုက ပွင့်လင်းစွာပြောသည်။

“အခုလို ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရနေရာတွေမှာ ရိုက်ခွင့်ရတာ ရက်ပိုင်းလောက်ပဲ ဖြစ်မယ်။ ရိုက် ခွင့်ရပြီဆိုတော့ ဒါဟာ အရမ်းကောင်းပါတယ်” ဟု ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်က ပြောသည်။

ယင်းသည် “အက်တိုးပစ်အပျိုစင်” ဇာတ်ကား ရိုက်ကူးရန်အတွက် ရန်ကုန်တက္ကသိုလ်တွင် ခွင့်တောင်းခဲ့ သော်လည်း ရိုက်ကူးခွင့် မရရှိခဲ့ကြောင်း ဆိုသည်။ ရုပ်ရှင်အနုပညာ သမားများအနေဖြင့် ယခုလိုရိုက်ကူး ခွင့်ရသည့်အချိန်တွင် စည်းကမ်းရှိရန် လိုအပ်ပြီး ရရှိလာသည့် အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် သတိ ထားသင့်ကြောင်း ယင်းက ပြောသည်။

အဆိုပါတက္ကသိုလ်နောက်ခံ အနုပညာဇာတ်ကားများ ရိုက်ခွင့်ရခြင်းကို အလွဲသုံးစား မလုပ်ကြရန်အတွက် ဒါရိုက်တာအများစု နှင့် ထုတ်လုပ်သူအများစုက သုံးသပ်ပြောကြားလျက် ရှိသည်။ ယခုလို တက္ကသိုလ် နယ်မြေများတွင် ရုပ်ရှင်ဇာတ်ကားများနှင့် တခြားသော အနုပညာလှုပ်ရှားမှုများ ပြန်လည် ရိုက်ကူးခွင့် ရခြင်းထက် တက္ကသိုလ်ပုံရိပ်များကို လက်ရှိအပြင်၌ ကျောင်းတက်နေကြသည့် ကျောင်းသားများသည် လည်း ယင်းတက္ကသိုလ်နယ်မြေတွင် တက်ရောက်ခွင့်ရပါက အပြင်တွင် ကိုယ်တိုင်ခံစားခွင့် ရရှိကြမည် ဖြစ်ကြောင်း ဒါရိုက်တာများက ဆိုသည်။

ယင်းသို့ပြန်လည် ရိုက်ကူးခွင့်ရခြင်းသည် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဈေးကွက် အလားအလာ ပြန်လည် ကောင်းမွန်လာမည့် အခြေအနေရှိကြောင်း သုံးသပ်ပြော ဆိုကြသည်။

မြန်မာ့ရုပ်ရှင် အနုပညာများကို ဖန်တီးခဲ့ကြရာတွင် ရန်ကုန်တက္ကသိုလ်နောက်ခံ ရုပ်ရှင်ဇာတ်ကားများစွာ သည်လည်း အများအပြား ထွက်ပေါ်လာခဲ့ပြီး ပရိသတ်များ လက်ခံအားပေးခဲ့ကြသည့် ဇာတ်ကားပေါင်း အများအပြား ထွက်ပေါ်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ယင်းရုပ်ရှင်များတွင် “ ကောလိပ်ဂျင်” ဇာတ်ကားသည် အဖြူနှင့်အမည်း ရုပ်ရှင်အဖြစ်ထွက်ရှိခဲ့ပြီး အောင်မြင်ခဲ့သည့်အပြင် ယခုနောက်ပိုင်း ဆေးရောင်စုံ ရုပ်ရှင် ဇာတ်ကားများ ဖန်တီးရာတွင် “ပန်းတွေနဲ့ဝေ”၊ “သခွတ်ပန်း” စသည့်ဇာတ်ကားများ၌ ရန်ကုန်တက္ကသိုလ် ၏ ပုံရိပ်များကို နောက်ခံဇာတ်လမ်းပြုလုပ်ကာ တင်ဆက်ခဲ့ခြင်းကြောင့် ပရိသတ်များ၏ လက်ခံအားပေး အောင်မြင်မှုရရှိခဲ့ကြသည်။
Mizzima

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။