Burma-Newselite
ဂျိုးဇက်ဖင်းရဲ့ ည
လွန်ခဲ့သော် ၂၀၀၉နှစ်ကဖြစ်၏ အမေရိကကိုရောက်ပီးရက်သတ္တပတ်တပတ်လောက်အကြာဘဲ ရှိသေးသည်။ နိုင်ငံသားအခွင့်အရေး များကို လေ့လာရန်အယ်လဘာမားပြည်နယ်ကို ကျမရောက်ခဲ့ ပါသည်။ ထိုပြည်နယ်မှာ၁၉၅၀ခုနှစ်ကနေ၁၉၆၀ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ဖြစ်ပွားခဲသည့်လူဖြူလူမည်း
အဆင့်အတန်းခွဲခြားမှု လှုပ်ရှားမှုတွေကို အသေးစိတ်လေ့လာခဲ့ရ၏ ။လူမျိုးရေးခွဲခြားမှူ လှုပ်ရှားမှုတွေကို သမိုင်းအထောက်အထားနှင့် အသေအချာ မှတိတမ်းတင်ထားသော ဘာမင်ဟန်မြို့က နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုပြတိုက်ကိုလည်းရောက်ခဲ့ပါသည်။
စိတ်မကောင်းစရာပါ။ တိုးတက်ခေတ်မှီနေသော လူ့ လောကကမ္ဘာကြီးမှာ တချိန်က ဒီလို အဖြစ်မျိုးများခွဲခြားဆက်ဆံမှုများ ရှိခဲ့ သည်မှာ အမှနိပင်ဖြစ်သည်။ လူမည်းလူဖြူ ရေတောင်ခွဲသောက်ရန် ရေဘုံပိုင်ကအစ ခွဲခြားထားသည်။ ဘာမင်ဟန်မြို့ က ပြတိုက်မှာခင်းကျင်းပြသထားသော လူမည်းလူဖြူများအတွက် သီးခြားခွဲထားသည့်ဆံပင်ညှပ်ဆိုင်၊စားသောက်ဆိုင် ပုံစံနမူနာတွေကြည့်ရင်း အမည်းမဟုတ် အဖြူမဟုတိအညိုဖြစ်နေတဲ့ ကျမသာ အဲဒိခေတ်ကများ လူုဖြစ်ခဲ့ရင်ဘယ်စာရင်းမှာ သွင်းကြမှာပါလိမ့်လို့ ဘဲ ပေါက်ပေါက်ရှာရှာတွေးဖြစ်ခဲ့ သည်။ နိုင်ငံသားအခွင့်အရေးတွေလှုပ်ရှားမှုတွေကို သေချာလေ့လာပြီးသွားချိနိတွင် လူမည်းလို့ ခေါ်ကြသော အမေရီကန်အာဖရိကန်အနွယ်ဖွား တွေကို ကျမ အတော်လေးဂရူဏာ သက်မိပါသည်။ ထိုလူမည်းတွေကို အင်မတန်နှိမ်ဖဲ့ ခွဲခြားသော ထိုခေတ်က လူဖြူတွေကို လည်းမုန်းမိပါ၏
ကျမနေသောဝါရှင်တန်ဒီစီမြို့ မှာ အမေရိကန်အာဖရိကန်တွေ အတော်များပါသည်။ အကြောင်းရင်းမှာ ၀ါရှင်တန်ဒီစီက အလုပ်လက်မဲ့ ဆင်းရဲသာများအတွက် အစိုးရ၏ လူမှုဖှုလုံရေးအစီအစဉ်များ က တခြားအနီး ၀န်းကျင်ပြည်နယ်တွေဖြစ်သော ဗာဂျီးနီးယားနှင့်မေရီလန်းတို့ ထက်စာရင် ပိုချောင်ချိပြီး လိုက်လိုက်လျောလျောရှိသည့်အတွက်ဖြစ်သည်။
ကျမအိမ်က မြို့ တော်ခန်းမ လို့ ပြောနိုင်သည့် လွှတိတော်အဆောက်အအုံများနှင့် သိပ်မဝေးလှသောနေရာပါ။ လူဖြူများရော အာဖရိကအမေရီကန်တွေရောစုထွေး ရောသည့်နေရာဖြစ်သည်။ သို့ သော် ကျမနေရာ ကနေ မြေအောက်ရထား နှစ်ဘူတာလောက်သာ စီးသွားရသည့်နေရာတွင် အာဖရိကန်အမေရီကန်များချည်းသာ နေသည့် လူနေရပ်ကွက်ကြီးတွေရှိပါသည် ထို့ ကြောင့်ကျမပတ်ဝန်းကျင်မှာ ရုံးသွားဈေးဝယ်လုပ်ရာတွင်မှာ မိတ်ဆွေတွေမဟုတ်သော်လည်း သူတို့ တွေကို ရှောင်လို့ မလွက်။
သူတို့ တွေနှင့်ထိတွေ့ ဆက်ဆံမှုများလာသည့်အခါ သူတို့ တွေ၏အကျင့်စရိုက်များကို သိလာသောအခါ အမေရိကားရောက်စက သူတို့ ကို ဂရုဏာသက်မိသောစိတ်လေးက လျှော့တော့တော့ဖြစ်လာသည်။ဘာဖြစ်လို့ လဲဆိုတော့ ပျင်းရိ။အလုပ်မလုပ်၊အပျော်အပါးကြိုက် ၊စရိုက်ကြမ်း၊သောက်စားမှုးယစ် တပါးသူကို ဒုက္ခပေး မှုခင်းမျိုးစုံ ကို ကျူးလွန်စသည့် သူတို့ ၏ စရိုက်တွေကိုပိုမြင်ပိုသိလာရပါသည်။ ကောင်းသောသူတွေလည်းရှိပါသည် ဒါပေမဲ့ ခြုံပြောရရင်တော့ အများစုက ဆိုးကြသည် ။တခါတလေ နေ့ခင်းကြောင်တောင်မှာတင် လမ်းဖြတ်ကူးတာကိုပင် ပိုက်ဆံလိုက်တောင်းတတ်သည်။ သနားပြီ့း ပိုက်ဆံထုတ်ပေးလိုက်လည်း အနောက်ကလိုက်လာပြီးပါသမျှကို လုမတတ်တောင်းတတ်သည်။ မိန်းခလေးငယ်ငယ် မြင်ရင် လည်းစနောက်ချင်ကြသည်။ ရထားပေါ်ကားပေါ်တွေဆိုရင်လည်း ဘယ့်သူ ကိုမှဂရုမစိုက်ခြေပစ်လက်ပစ် ထိုင်ကြသည်။ အုပ်စုလိုက် အော်ဟစ်ဆူပူကြသည်။ သောက်ကြစားကြရန်ဖြစ်ကြသည်။ အမေရိကရောက်တာ လေးနှစ်အတွင်းဝင်ရောက်လာသည့်အချိန်မှာတော့ ကျမမှာ သူတို့ ကိုရွံကြောက်ကြီးဖြစ်လာပြီး သူတို့ တွေရှိမယ့် နေရာတွေကို ရှောင်ကွင်းသွားတတ်လာချေပြီ။
အဲဒိမျိုးတွေကြုံတိုင်း အယ်လဘားမားမှာတုန်းက ကျမမုန်းမိသည့် လူမည်းများကိုခွဲခြားဆက်ဆံသည့် လူဖြူတွေကို အမှတ်ရမိ၏ဒါတွေကြောင့်ဘဲ လူအချင်းချင်းခွဲခြားဆက်ဆံမှူတွေ ဖြစ်ခဲ့ လေရော့သလား။ဒါပေမဲ့ လည်းတဖက်မှာ ကျမတခုတွေးမိပါသည်။ထားပါတော့ မြန်မာပြည်မှာဘဲကြည့် ခပ်ကြမ်းကြမ်းစရိုက်ရှိသူတွေလမ်းဘေးမှာတေလေလွှင့်နေသူတွေရှိသည် သူတို့ တွေကို ကျမတို့ က ဆိုးညစ်သည့် အသိုင်းအ၀ိုင်းတခုလို့ သတ်မှတ်ပြီး တခါတခါ
တတန်းထဲထားပြီး မဆက်ဆံတတ်ကြပါ။
ဒါပေမဲ့ ကျမတို့ မေ့နေသည်မှာတကယ်လို့ ကျမတို့ လည်းအဲဒိအတိုင်းမှာမွေးဖွားလာသည်ဆိုပါစို့ ။သူတို့ ထဲကတယောက်ဘဲဖြစ်ပါလိမ့်မည်
မွေးလာထဲက စရိုက်ကြမ်း ပညာမတတ်လမ်းဘေးမှာ ကြီးပြင်းကျင်လည်လာရသူတွေများအတွက် လူယဉ်ကျေးပညာတတ်တယောက်ဖြစ်ရန် အခွင့်အရေးအတော်နည်းပါးပါလိမ့်မည်။ အခြေအနေအချိန်အခါပတ်ဝန်းကျင်က လူဆိုးတယောက်ဖြစ်ရန် ဖန်တီးပေးပြီးသားမို့ ပါ။ အာဖရိကန်အမေရိကန်လူမည်းတွေလည်း ဒီလိုဘဲဖြစ်ပါသည်။ မွေးလာကတည်းက အဖေကမရှိ အမေကဆေးသမား အစိုးရအမှီအခိုခံစားနေသူ ပတ်ဝန်းကျင်မှာလည်း ဒါမျိုးတွေချည်း။ တယောက်ယောက်က မျိုးဆက်သစ်တခုက ထို အစဉ်အလာကိုကျော်ပြီး ဖောက်မထွက်နိုင်ရင်တော့ လာသမျှသော မျိုးဆက်သစ်တို့ မှာ့ ထိုပုံစံထဲကလူတွေဘဲဖြစ်လာရသည်။
မကြာသေးခင်ကမှု ဂျိုးဇက်ဖင်းရဲ့ ညခေါ် ( Josephine Tonight) လို့ အမည်ရသည့် အာဖရိကန်အမေရီကန်အဆိုတော်ကချေသည် Josephine Baker ရဲ့ဘ၀ အကြောင်း ပြဇာတ်ကိုကျမ ကြည့် ဖြစ်ခဲ့ပါသည်။ ဂျိုးဇက်ဖင်းကတော့ အာဖရိကန်အမေရိကန်တွေအကြား ရှားမှရှားတဲ့  အစဉ်အလာကို ဖောက်ထွက်နိုင်သူတဦးပါ။ အာဖရိကန်အမေရီကန်များနှင့်ပတ်သတ်သည့် ကျမ၏ဒွိဟစိတ်ကို ပြေပျောက်ပြီး ကျေနပ်ပိတိဖြစ်စေသူလည်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်ဝန်းကျင်က ကမ္ဘာကျော်လူကြိုက်များခဲ့ သည့် နာမည်ကျော်အဆိုတော်ကချေသည် ဂျိုးဇက်ဖင်းက အမေရီကန်နိုင်ငံစိန့်လူးဝစ်ပြည်နယ်က ခ၀ါသည် မိခင်က မွေးလာ သော လူမည်းမလေးဖြစ်၏ ရုပ်ကလေးလှသော်လည်းပိန်ပိန်လှီလှီသေးသေးကွေးကွေး ။သူမွေးလာထဲက ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို စွန့်ပစ်သွားသည်။ ၀မ်းရေးအတွက်အမေနဲ့ အ၀တ်တွေဝိုင်းလျှော်နေရင်း အကနှင့် အဆိုကိုဝါသနာကြီးသူလေးဖြစ်သည်။ ထိုအချိန်မှာ လူမည်းလူဖြူခွဲခြားဆက်ဆံမှုတွေ က အမေရိကတွင်အရှိန်အဟုန်ပြင်းနေတာမို့  အဆိုတော်ကချေသည်ရုးနေသူလေးမှာ နေရာတကာပိတ်ပင်တားဆီးနိမ်ချမှုတွေခံနေရသည်.
ဘယ်လောက်များဆိုးသလဲဆို အီစတာပွဲတော်မှာသူအမေ့ အတွက် ဦးထုပ်သွားဝယ်တာတောင် လူဖြူတွေအတွက်ဆိုင်မှာဝယ်မိသည့်အတွက် ဆိုင်ရှင်က ရဲခေါ်ပြီးလိုက်ဖမ်းရာ ထွက်ပြေးခဲ့ ရသည်။ နာမည်ကျော်အဆိုတော်ကချေသည်ဖြစ်ချင်လွန်းလို့ နယူးယောက်ထိတက်ပြီး ကြိုးစားခဲ့ တာတောင်မှ လူမညိးတဦးဖြစ်နေတာမို့ သူအသံနှင့်အက က ဘယ်လောက်ကောင်းကောင်း၊ဘယ်လိုကြိုးစားကြိုးစား အရာမ၀င်။ မည်းလို့ ပိန်လို့ စတဲ့ အမျိုးမျိုးပြောပြီး အချင်းချင်းခွဲခြားဆက်ဆံလွန်းသည့် ဇာတိမြေ အမေရိကကို ဂျှုီးဆက်ဖင်းနာကျည်းလာသည်။
၁၉၂၀မှာ ခုနှစ်မှာ သူ့ အစွမ်းအစကိုယုံသူပွဲကန်ထရိုက်တာတဥိးက ပြင်သစ်နိုင်ငံပဲရစ်ကို လာဖြေဖျော်ရန် ဂျိုးဇက်ဖင်းကို ဖိတ်ခေါ်သည်။ အမေရိကကို နာကျည်းနေသည့် ဂျိုးဇက်ဖင်းပဲရစ်ကို အရမ်းသဘောကျသွားသည်။သူတသက်လုံးကြုံခဲ့ ရသည့် ခွဲခြားဆက်ဆံမှူတွေက ပြင်သစ်မှာမှမရှိ။ အားလုံးက သူ့ ကိုမင်းသမီးလေးလိုဆက်ဆံသည်။ ပြင်သစ်နှင့်ပတ်သက်ပြီး ၈ျိုးဇက်ဖင်းပြောလေ့ရှိသည့် စကားတခွန်းရှိသည်
။( ကျမပြင်သစ်ယောကျာ်းတွေကို အရမ်းသဘောကျတယ် ရှင့်ကိုစော်ကားမော်ကားပြောတယ်ထားအုန်း တကယ့်ကို ယဉ်ယဉ်ကျေးကျေးပြောကြတဲ့ သူတွေ) တဲ့ ။
ဒီလိုအဆင်ပြေသော်လည်း အောင်မြင်မှုလမ်းကြောင်းကိုတော့ ချောချောမွေ့ မွေ့ ရောက်ခဲ့ရတာမဟုတ်။ ပထမဆုံးပွဲမှာ လတ်မှတ်တွေက ရောင်းမကုန်။ အဲဒါမှာပွဲစီစဉ်သူတွေက မလုံတလုံအက ကဖို့ ဂျိုးဇက်ဖင်းကို ကခိုင်းသည်။ သူအတော်စိတ်ညစ်နာကျည်းမိသော်လည်း ငြင်းလို့ မရပါ။။ဒါပေမဲ့ ဂျီုးဇက်ဖင်းပါ ။အရှက်လုံအောင်ဖုံးထားတဲ့ ဝတ်စုံမှာတင်ပါးပတ်လည် ငှက်ပျောသီးတွေစီတဲ့ ဝတ်စုံနှင့် အားလုံးရင်သပ်ရှုမောဖြစ်သွားအောင်ကပြလိုက်သည် မလုံတလုံကရပေမယ့် ရသည့်အခွင့်အရေးမှာ သူ့ အစွမ်းအစကိုအပြည့်အ၀ပြလိုက်သည်။
နဂိုဂျိုးဇက်ဖင်းအစစ်ကတာကို ကျမမကြည့်ဖူးသော်လည်း ပြဇာတိမှာ ဂျိုးဇက်ဖင်းအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးက သူ့ လိုပုံစံတူကပြတာကြည့်ခဲ့ ရပါသည်။
ကျမ ဘ၀မှာမင်သက်မိအောင်လှပသော အကဖြစ်ပါသည်။ အဲဒိအကကဘဲ ၈ျိုးဇတ်ဖင်းကို ကမ္ဘာကျော်ဖြေဖျော်သူတယောက်ဖြစ်လာစေခဲ့တာပါ။
အောင်မြင်လာသည့်အခါမှာတော့ ဂျိုးဇက်ဖင်းဟာ ထင်ရှားသည့် နိုင်ငံသား အခွင့်အရေး လူအခွင့်အရေး လှုပ်ရှားသူတဦးဖြစ်လာပါသည် ။သူနာကျည်းခဲ့ရသည့် လူချင်းခွဲခြားဆက်ဆံခံရမှူတွေကို ချေဖျက်သည့်အနေဖြင့် အသွေးအရောင်လူမျိုးမတူသော ကလေး၁၂ဦးကို မွေးစားခဲ့ပါသညိ။ ထိုကလေးများကို သက်တန့်ရောင်စုံလူမျိုးများဟုသူက နာမည်ပေးလိုက်သေးသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးခဲ့ သည့်အတွက် ၁၉၇၅ခုနှစ်မှာ ဂျိုဇက်ဖင်း ကွယ်လွန်သည့်အခါ ပြင်သစ်အစိုးရက အမြှောက်ပစ်ဖောက်ပြီး ဂုဏ်ပြုသဂြိုက်ခဲ့ခြင်းကို ခံခဲ့ရပါသည်။
ဗာ၈ျီးနီးယားပြည်နယ် မက်ထရိုပြဇာတ်ရုံမှာ ကျမကြည့်ခဲ့ရသည့် ဂျိုးဇက်ဖင်းရဲ့ ညပြဇာတ်က သရုပ်ဆောင်တွေကဘဲ သရုပ်ဆောင်အရမ်းကောင်းလွန်းသလားမသိ။ ကျမ စိတ်ထဲမှာကြာရှည်စွဲနေသည့်အာဖရီကန်အမေရိကန် လူမည်းတွေနှင့်ပတ်သက်သည့် အလိုမကျသည့် နောက်ကျိစိတ်တွေပြန်ကြည်လင်လာပါသည်။ သူတို့ တွေကိုလည်းပိုနားလည်လာပါသည်။
ကျမတို့ ဝန်းကျင်မှာ ဒါမျိုးတွေအများကြီးရှိပါသည်။ ပင်ကိုယ်ညဏိကိုယ်ရေကိုယ်သွေးရှိသူတွေ ဖြစ်သော်ငြား ကြီးပြင်းလာသည့်အသိုင်းအ၀ိုင်းကြောင့် ကံကြမ္မာကြောင့် ။ဘ၀မှာကံမကောင်းရရှာသူများ အစွမ်းအစမပြနီုင် မထင်ပေါ်နိုင်သူများ လမ်းစတွေ တားမြစ်ပိတ်ပင်ဟန့် တားခံရသူများ အများကြီးရှိပါသည်။
သူတို့ တွေအတွက်အောင်မြင်မှုဆိုတာ တခြားသူတွေထက် ပိုကြမ်းတမ်း ပိုခက်ပါသည်။
သို့ သော် ၈ျိုးဇက်ဖင်းလိုပေါ့။ တချက်လေး အခွင့်အခါပေးလျှင်တော့ အခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်မိကြဖို့ လိုပါသည်။
ထားထားမြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။