နှင်းဆီဖူးလေးများ-Love BUDS
~ မသောက်မိအောင် နေကြဖို့ ~
ကာလရှည်ကြာ ဆေးလိပ်သောက်ခြင်းကြောင့်ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေအားလုံးကိုကျဉ်းသွားစေပါတယ်။ သွေးကြောတွေကျဉ်းလာတဲ့အခါမှာ သွေးတိုးရောဂါဖြစ်စေတဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ဖြစ်စေပါတယ်။
အမျိုးသားတွေမှာ လိင်အင်္ဂါသွေးကြောတွေ ကျဉ်းသွားတဲ့အတွက် ပန်းသေပန်းညှိုး ရောဂါ ရပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ အရိုးတွေ ကို ပျက်စီးစေပါတယ်။ အရိုးပါး အရိုးပွရောဂါကို ဖြစ်စေပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့် အရိုးပွ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ဆေးလိပ်သောက်တဲ့အခါ သွေးဆုံးချိန်ရောက်ရင် အရိုးပွရောဂါ ဖြစ်တာကို သိသိသာသာ တွေ့ရတာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်တယ်ဆိုတာကိုတော့ အားလုံး သိကြပြီး ဖြစ်မှာပါ။
ဆေးလိပ်သောက်တဲ့အခါ အမျိုးသမီးတွေရဲ့ သားအိမ်ခေါင်းမှာ အပြောင်းအလဲ ဖြစ်တာကို တွေ့ရပါတယ်။ သားအိမ်ခေါင်း ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့ သွယ်ဝိုက်ယူဆကြသူတွေ ရှိပါတယ်။
ဒါပေမယ့် သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပြီးသား အမျိုးသမီးတွေကို သုတေသန ပြုချက်အရသားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပြီးသားသူတွေမှာ ဆေးလိပ်သောက်ခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ပိုဆိုးစေတာ ဒါမှမဟုတ် သက်သာစေတာ စတဲ့ သက်ရောက်မှုတွေ မတွေ့ဘူးလို့ ဆိုပါတယ်။ ဆိုလိုတာက ဆေးလိပ်သောက်ခြင်းဟာ သားအိမ်ခေါင်းကင်ဆာရောဂါကို ပိုမဆိုး စေသလို၊ သက်သာစေမှာလည်း မဟုတ်ပါဘူး။
ကဲ . . ဒီလောက်ဆိုရင် ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို သိသွားကြပြီ ထင်ပါတယ်။ ဒီနေ့က စပြီး ဆေးလိပ်သောက်နေရင် ဖြတ်ဖို့၊ မသောက်တဲ့သူတွေကလည်း တစ်သက်လုံး မသောက်မိအောင် နေကြဖို့ တိုက်တွန်းပါတယ်။
ref;Yangon health guide mag
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
photo credit to original uploader
photo from google
copy via myothant
https://www.facebook.com/loveBUDS.6
photo credit to original uploader
photo from google
copy via myothant
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။