လပြည့် ညသည် မှောင်မိုက်နေ၏
~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~
ရွှေလပမာ၊သားမျက်နှာ ။
ငွေ လပမာ ၊ သားမျက်နှာသို့ 
ကမ္ဘာတခု ၊ သီးခြားပြု၍
နှိုင်းတုစရာ ၊ မမြင်သာသည်
မေတ္တာစစ်၏ မိခင်စိတ် ။
ငွေ လပမာ ၊ သားမျက်နှာသို့ 
ကမ္ဘာတခု ၊ သီးခြားပြု၍
နှိုင်းတုစရာ ၊ မမြင်သာသည်
မေတ္တာစစ်၏ မိခင်စိတ် ။
ဝမ်းအိမ်ပိန်အို ၊ အစာလို၍
ငိုရှိုက်နေရစ် ၊ သားအဖြစ်ကြောင့်
ချစ်သောမိခင် ၊ သည်းရွှေရင်သည်
သွင်သွင်မုန်တိုင်း ၊ ထန်ခဲ့ ၏ ။
ငိုရှိုက်နေရစ် ၊ သားအဖြစ်ကြောင့်
ချစ်သောမိခင် ၊ သည်းရွှေရင်သည်
သွင်သွင်မုန်တိုင်း ၊ ထန်ခဲ့ ၏ ။
ညှိုးပိန်လှီရာ ၊ ကိုယ်ခန္ဓာ ၀ယ်
အာဟာရဓာတ် ၊ မပြည့်လတ်၍
နှံ့ စပ်လေသော ၊ လူ့ သွေးကြောတွင်
ရောဂါစုံစွ ၊ ဖြစ်ပေါ်ကြပြီး
အလှကင်းမဲ့ ခဲ့ လေ၏ ။
အာဟာရဓာတ် ၊ မပြည့်လတ်၍
နှံ့ စပ်လေသော ၊ လူ့ သွေးကြောတွင်
ရောဂါစုံစွ ၊ ဖြစ်ပေါ်ကြပြီး
အလှကင်းမဲ့ ခဲ့ လေ၏ ။
မုဆိုးမ၏
သားလှရင်သွေး ၊ ဟို့ ရှေ့ ရေကား
မှုန်ရေးပြပြ ၊ ပိန်းပိတ် စွတည့် 
သားလှရင်သွေး ၊ ဟို့ ရှေ့ ရေကား
မှုန်ရေးပြပြ ၊ ပိန်းပိတ် စွတည့် 
“ လောက အကျည်းတန်ပြီလော “ ။
စီးပွားကပ်ပျက် ၊ ကာလပျက်ထင့်
ပျက်ယွင်းခဲ့ ရ ၊ စာရိတ္တနှင့်
အသက်ရှင်ရေး ၀မ်းရေး ၀သည်
မှုန်ရေးပြပြ ၊ ပိန်းပိတ်စွ တည့် 
ပျက်ယွင်းခဲ့ ရ ၊ စာရိတ္တနှင့်
အသက်ရှင်ရေး ၀မ်းရေး ၀သည်
မှုန်ရေးပြပြ ၊ ပိန်းပိတ်စွ တည့် 
“ လောက အကျည်းတန်ပြီလော “ ။
ထမင်းနပ်မှန် ၊ စားရရန်နှင့်
သက်နှံ ရင်သွေးသားလူလေးအား
ဆေးနှင့် အာဟာရ ၊ ပြည့်စုံရအောင်
ငွေစရလျှင် ၊ ရင်ခွင်ဝင်ဘို့ 
မိခင်ဆုံးဖြတ်လိုက်လေ၏ ။
သက်နှံ ရင်သွေးသားလူလေးအား
ဆေးနှင့် အာဟာရ ၊ ပြည့်စုံရအောင်
ငွေစရလျှင် ၊ ရင်ခွင်ဝင်ဘို့ 
မိခင်ဆုံးဖြတ်လိုက်လေ၏ ။
ဓနိခေါင်တဲ ၊ ကြမ်းခင်းတဲဝယ်
ငရဲတမျှ ၊ ခံစားခဲ့ ရ
အကျည်းတန်ခေတ် ၊ ၀ဲကျွံ နစ်သို့ 
ချစ်သောသားအတွက် ၊ အသက်ဆက်ရန်
လက်ခံကြည်ဖြူ ၊ တပါးသူနှင့်
ပေးယူမျှတ ၊ သူ့ ဘ၀ကို
ငွေစကြေးနှင့်လဲလိုက်သည် ။
ငရဲတမျှ ၊ ခံစားခဲ့ ရ
အကျည်းတန်ခေတ် ၊ ၀ဲကျွံ နစ်သို့ 
ချစ်သောသားအတွက် ၊ အသက်ဆက်ရန်
လက်ခံကြည်ဖြူ ၊ တပါးသူနှင့်
ပေးယူမျှတ ၊ သူ့ ဘ၀ကို
ငွေစကြေးနှင့်လဲလိုက်သည် ။
မြူတိမ်ကင်းစင် ၊၀ဠာပြင်ဝယ်
ကြယ်စင်ထွန်းပ ၊ လပြည့်ညသည်
အလှသစ်လွင် ၊ နေသော်လည်း ။
ကြယ်စင်ထွန်းပ ၊ လပြည့်ညသည်
အလှသစ်လွင် ၊ နေသော်လည်း ။
မုဆိုးမ၏
ဘ၀တခု ၊ တည်ဆောက်မှုတွင်
လူ့ အလွှာတွင်း ၊ မှောင်မိုက်ခြင်းကို
လမင်း မတတ်သာပြီတကား ။ ။
ဘ၀တခု ၊ တည်ဆောက်မှုတွင်
လူ့ အလွှာတွင်း ၊ မှောင်မိုက်ခြင်းကို
လမင်း မတတ်သာပြီတကား ။ ။
မောင်ပြုပြင် ( ကျုံပျော် )
BY - Ka Yin Lay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။