Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 21, 2014

ခင်ပွန်းကောင်းဆိုတာ



ခင်ပွန်းကောင်းဆိုတာ

ချီကာဂို နိုင်ငံရှိ the University of Illinois တက္ကသိုလ်မှ စိတ်ပညာပါရဂူ တစ်ဦးဖြစ်သူ ဒေါက်တာ Sheela Raja ရဲ့ အကြံပြုချက် လေးကို မျှဝေလိုက်ပါရစေ။

ဒေါက်တာ့ဆီ စိတ်ပိုင်းဆိုင်ရာဖြေသိမ့်မှုအတွက် လာရောက်ဆွေးနွေး တိုင်ပင်ကြတဲ့ အိမ်ထောင်ရှင်အမျိုးသမီးအများစုကို လေ့လာကြည့်တဲ့အခါ၊ ခင်ပွန်းဖြစ်သူရဲ့ လစ်လှူရှုခံကြရသူများဖြစ်ကြပါတယ်တဲ့။

အိမ်ထောင်ရှင်မတွေက အိမ်မှုကိစ္စဗာဟီရများ၊ သား သမီးတာဝန်များ၊
ဆွေမျိုးကိစ္စများအပြင် ၀င်ငွေနဲ့ ထွက်ငွေမျှတအောင် စီမံခန်
့ခွဲရတာတွေကြောင့် စိတ်ဖိစီးမှုများပြားကြရပါ တယ်။

(မောင်တထမ်းမယ်တရွက်ဆိုသလို အပြင်အလုပ်ထွက်လုပ်ရသူ ဇနီးသည်များမှာတော့ပိုမိုဝန်ပိစေပြန်ပါတယ်) အဲဒီအ ချိန်မှာ ခင်ပွန်း
သည်ရဲ့ အမှတ်မထင်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဇနီးသည်ကို
စိတ်ဒဏ်ရာဖြစ်သွားနိုင်စေသလို၊ ခင်ပွန်းရဲ့  စ ကားတစ်ခွန်းကြောင့်
တနေကုန်စိတ်ပင်ပန်းတာတွေပြေပျောက်ပြီး အစွမ်းထက်တဲ့
ဗီတာမင်အားဆေးတဖုံသောက်လိုက်ရသလို အားပြည့်လန်းဆန်း လာစေနိုင်ပါတယ်။

ဒေါက်တာရဲ့ လေ့လာစမ်းစစ်ချက်များအရ၊ ခင်ပွန်းသည်ရဲ့  အရေးတယူ
ကျေးဇူးတင်စကားလေးတစ်ခွန်းက ဇနီးဖြစ်သူကို စိတ် ပိုင်းဆိုင်ရာ
တိုးတက်ကောင်းမွန်လာစေပြီးတော့ ညဘက်နှစ်ခြိုက်စွာအိပ်ပျော်စေကာ
စိတ်ကျရောဂါနဲ့ ခေါင်းတခြမ်းကိုက်ရောဂါ တွေပါ
သိသိသာသာလျော့ပါးသွားစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ခင်ပွန်းကောင်းဆိုတာ၂-ယောက်ထည်းရှိနေချိန်မှာ မိမိ ဇနီးကိုမကြာခဏ ဆိုသလို “ မင်း ကတော့ ဒို့မိသားစုအတွက်မရှိမဖြစ်ဘဲကွာ၊ မင်းရှိ လို့ သာပေါ့၊ မင်းလည်းတော်တော်ပင်ပန်း နေပြီနော် ” စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကားပြောပေးဖို့နှုတ်မနှေးကြပါနဲ့ လို့  ဒေါက် တာက အကြံပြုထားပါတယ်။

ဒီလိုဂရုစိုက်စကားလေးတွေကြောင့် ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါအိမ်ထောင်ရေးသုခဖြစ်စေမှာပါတဲ့။

ခင်ပွန်းကောင်းဆိုတာ….

• နံက်အိမ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော် ”
စိုးရိမ်စကား ပြောပေးတတ်သူ။

• နံက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက် တူတူသောက်ကြရအောင်ကွာ ”မျှဝေခံစားတတ်သူ။

• နံက်စာ ပြင်ဆင်(သို့ မဟုတ်)စားသောက်ပြီးတဲ့အခါ
ပန်းကန်ခွက်ယောက်ကူသယ်/ကူသိမ်းပေးတတ်သူ။

• ထမင်းစားတဲ့အခါ“လက်ရာကတော့ရှယ်လ်ဘဲ…ယောကျာ်းအကြိုက် သိတဲ့မိန်းမ..ငယ်ငယ်တုန်းကစားခဲ့တဲ့
မေမေ့လက် ရာ အတိုင်းဘဲ” ချီးမွမ်းမြှောက်ပင့်ပြောတတ်သူ။

• အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာအလုပ်ရှုပ်နေတတ်တဲ့
ချစ်ဇနီးကိုမတွေ့ တွေ့ အောင်ရှာပြီး “မေကြီးရေ.. အလုပ် သွားပြီကွာ” လို
့အရေးတယူနှုတ်ဆက်တတ်သူ (လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက်တတ်သူ)

• နေ့ လည်ဘက် ထမင်းစားချိန်(သို့ မဟုတ်)အားလပ်ချိန်မှာ ဖုန်း(သို
့မဟုတ်)ဖုန်းမတ်ဆေ့ခ်ျဖြင့် “မိန်းမရေ.. ဘာတွေ လုပ်နေတုန်းကွာ
ဒီမှာညောင်းနေလို့ ဇက်ကြောလေးလာဆွဲပေးပါဦး ” အရွှန်းဖောက်တတ်သူ။

• အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေးဖြစ်ဖြစ် ၀ယ်လာတတ်သူ။

• ညစာစားပြီး “ မင်းနာပါကွာ…ကိုယ်ပန်းကန်တွေဆေးလိုက်မယ်လေ”
(တကယ်မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန် လုပ်ပြလိုက်ပါဦး)

• ကလေးတွေ အိမ်စာလုပ်ပြီး/မပြီး စာကူစစ်ပေးတတ်သူ။ အလုပ်မှာ
ဘယ်လောက်ပင်ပန်းပင်ပန်း ကလေးကို ညအိပ်ယာ ၀င်ပုံပြင် ပြောပြ တတ်သူ။

• မိမိအလုပ်နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ဆိုး၏/ပျော်၏/စိတ်ညစ်၏…ရင်ဖွင့်ပြောပြတတ်သူ။

• ဇနီးသည်ကို စိတ်ဝင်စားမှုရှိသူ/နွေးနွေးထွေးထွေးပွေ့ ဖက်တတ်သူ (လင့်ဝတ္တရားကျေသူ)

• ဆွေမျိုးများ နဲ့  အပေါင်းသင်းမိတ်ဆွေတွေရှေ့ မှာ ဇနီးသည်ကို ဖေးဖေးမမ
ဂရုစိုက်ပြတတ်သူ။

• သားသမီးတွေ ရှေ့ မှာ “ မင်းတို့ မေမေက ကျေးဇူးရှိတယ်နော်
မေမေ့စကားနားထောင် မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို့  မကြာခဏပြောပေးတတ်သူ။

• ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကို အဖော်ပြုပေးတတ်သူ။

• အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီးအပြင်ထွက်လည်ပတ်ပေးတတ်သူ။

အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ပိုင်ဆိုင်ကြပါစေလို့  ဆန္ဒပြုရင်း။

(စေတနာများစွာဖြင့်……ပေါက်ပေါက်)
--
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

24-09-2013 နေ့ ထုတ် ပြည်ထောင်စုသတင်းစာင် မှာဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။
FB မိတ်ဆွေများ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ပိုင်ဆိုင်ကြပါစေလို့  ဆန္ဒပြုရင်း။

(စေတနာများစွာဖြင့်……ပေါက်ပေါက်)

လူဗိုလ်ဟူသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။