Myanma Spectrum
ကတ်သီးကတ်သတ်ပြောတဲ့ တောက်တီးတောက်တဲ့
••••••••••••••••••••••••••••••••••••••••••••
••••••••••••••••••••••••••••••••••••••••••••
"ယောင်တတ်ကြလွန်းလို့"
ဒို့မြန်မာ များဟာ သူများယောင်ရင် လိုက်ယောင်တတ်တဲ့ အထဲ ထိပ်ဆုံး ကလို့ပြောရင် နာကြဦးမယ်။ တောက်တဲ့မ တို့ရွာထဲမယ် ဆီပုလင်းလေး ကိုင်ပြီး လမ်းလျှောက် ရင်း နွားတစ်ကောင်လောက် သေးပေါက် တာ မြင် လိုက် လို့က တော့ ကိုယ့်လက်ထဲက ဆီပုလင်း ကိုပါ သွန်ပစ်မိတာ။ အဲ . . . ဖေ့ဘုတ် ကြီးပေါ်မယ် ကြတော့ သူများ share ရင် လိုက်ရှဲ၊ သူများ ဆဲရင် လိုက်ဆဲ၊ သူများ မည်းရင် လိုက်မည်း။ သူများသည်းရင် လိုက်သည်း။ သူများ ကဲရင် လိုက်ကဲ။ သူများဟဲရင် လိုက်ဟဲ။ သူများက ဒါကို profile ပြောင်းကြဟေ့ဆို လိုက်ပြောင်းနဲ့ ဟုတ်နေရော။
အကြောင်း ကိစ္စ တစ်ခုပေါ်လာရင် ပြဿနာ အဆင့် ဟုတ်ရဲ့ လား၊ ပြဿနာရော ဟုတ်ရဲ့လား၊ ပြဿနာ ဆိုတာရော သေချာပြီလား၊ ဘာတွေ ကြောင့် အခြေအနေတွေ က ကိုင်တွယ်ရ ခက်နေတာလဲ၊ အဖြေကို ရှာတွေ့ နိုင်လားတွေ မစဉ်းစားဘဲ ပြဿနာ ပုံချဖို့ လူ (သို့) အဖွဲ့ကိုပဲ ချက်ချင်း တွေးပြီး တရားခံ ရှာတတ်တဲ့ ဥာဉ်တွေနဲ့ပဲ ဝိုင်းရေးတာ များကြ တယ်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ သေချာမစဉ်းစား၊ အပေါ်ယံ ခံစားချက်လောက် နဲ့ပဲ နက်နက်နဲနဲ မစဉ်းစားဘဲ အပြစ်တင်ကြ ၊ ဝေဖန်ကြ၊ လေကန်ကြ ဆိုတာ အားလုံးအသိ ပါပဲ။
ဒီတော့ကာ အားလုံး တိုးတက် ချင်ကြတယ် ဆိုရင်တော့ သူများယောင် အမောင်တောင်မှန်း မြောက်မှန်း မသိဘဲ လိုက်ယောင်တတ်တဲ့ ဒီလိုစတန့် မျိုး တွေကို မလုပ်ကြတော့ ပဲ ပြဿနာ တစ်ခုကြုံလာရတယ် ဆိုရင် သေသေ ချာချာ လေ့လာ သုံးသပ်၊ ကိုယ်ကိုယ်တိုင် လည်း အဖြေမှန် ရစေဖို့ အတွက် ဝိုင်းစဉ်း စား၊ ဝိုင်းမေး ခွန်း ထုတ်၊ အခြေအနေတွေကို နားလည်ပြီး ဝိုင်းကူညီပေးတဲ့ စတန့်မျိုး ပြောင်းထွင် ကြည့်ကြရအောင်လား။
တောက်တဲ့မရဲ့ ညီမ တစ်ယောက်လည်း အများကို အားကျတော့ ဘာလုပ် လုပ် ဖေ့ဘွတ်ပေါ် တင်တာ။ အိပ်ရာထ၊ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး၊ အစာစား၊ အပြင်သွား၊ အိမ်ပြန်၊ TV ကြည့်၊ အိပ်ရာဝင်၊ အစီအစဉ် တိုင်း တင်တာ။ အိမ်ရဲ့နေရာ အစုံ၊ အိမ်ဖော်အစုံ လူအကုန် အကြောင်း မသိ ချင်မှ အဆုံး။ တစ်ရက်သား မယ် အိမ်ရှိ လူကုန် အလှူ သွားမယ် ဆိုပြီး တင်တော့ တစ်အိမ်လုံး အလွတ် ရနေတဲ့ FB ပေါ်က သူခိုးက အေးအေး ဆေးဆေးလေး ဝင်ခိုးပြီး message box ထဲ ကနေ ကျေးဇူး စကား ဆိုပြီး နှုတ်ဆက် သွားလေရဲ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။