Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 22, 2014

ဗိုလ်ဗထူးအိမ်ရာနှင့် တိုက်ခန်းအိပ်မက်မက်သူများ



ဗိုလ်ဗထူးအိမ်ရာနှင့် တိုက်ခန်းအိပ်မက်မက်သူများ
---------------------
ရေးသားသူ- မိုးညို

ရန်ကုန်မြို့တော်ရှိ ကုမ္ပဏီ၊ ရုံးခန်း၊ ဆိုက်ကားဂိတ်၊ ကားဂိတ်မကျန် ယခုရက်ပိုင်းအတွင်း အဓိကဆွေးနွေးနေသည့်ခေါင်းစဉ်မှာ ဗိုလ်ဗထူးအိမ်ရာ လျှောက်လွှာကိစ္စပင် ဖြစ်သည်။
ရန်ကုန်မြို့တော်နေ သာမန်လူလတ်တန်းစားတစ်ဦးအနေဖြင့် တိုက်ခန်းတစ်ခန်း အပိုင်ဝယ်ယူရန် မကြာခဏ အိပ်မက်မက်ဖူးကြမည်ဖြစ်သည်။ 

ထိုအိပ်မက်များစွာကို အရှိန်မြှင့်ပေးမည့် (သို့မဟုတ်) ကျောတစ်ခင်းစာရောဂါကို ကုစားပေးမည့် အိမ်ရာစီမံကိန်းများအသီးသီးကို အစိုးရက စတင်တည်ဆောက်နေပြီဖြစ်သည်။ သို့သော် အစိုးရက ရောင်းချပေးမည့် တန်ဖိုးသင့်တင့်၊ တန်ဖိုးမျှတ အိမ်ရာများ၏ ဈေးနှုန်းများမှာ လက်လှမ်းမမီနိုင်သောဈေးနှုန်းများ ဖြစ်နေခြင်းနှင့် ရောင်းချမည့်ပုံစံ ပွင့်လင်းမြင်သာမှုက အိပ်မက်များကို လွင့်ပြယ်စေမည်ဖြစ်သည်။

၂ နှစ်ခွဲအတွင်း အိမ်ခန်းပေါင်းသုံးသောင်းခွဲ အပြီးတည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးက ယခုပြုလုပ်နေသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။ အမှန်တကယ် ရန်ကုန်တွင် အိမ်ရာလိုအပ်ချက်မှာ သုံးသိန်းကျော်နေပြီဖြစ်သည်

ထို့ကြောင့် အစိုးရက မကြာခင်တည်ဆောက်ရောင်းချပေးမည့် အိမ်ရာစီမံကိန်းများကို လက်ဦးမှုရယူထားမှ သင့်တော်နိုင်မည်ဖြစ်သည်။ ယခုလအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းတစ်ခုကို မြောက်ဒဂုံမြို့နယ်တွင် စတင်ရောင်းချရန် အစိုးရကစီစဉ်လာသည်။

ဦးသိန်းစိန်အစိုးရလက်ထက် အိမ်ရာစီမံကိန်းများထဲမှ ပထမဆုံးရောင်းချသည့် အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည့် အဆိုပါအိမ်ရာစီမံကိန်းကို စတင်ရောင်းချတာထွက်ခဲ့သည့်ဌာနမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဖြစ်သည်။

ဗိုလ်ဗထူးအိမ်ရာ တိုက်ခန်းလျှောက်လွှာကိစ္စက ရန်ကုန်မြို့ရှိ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်၊ မိသားစုထမင်းဝိုင်း၊ ကုမ္ပဏီရုံးခန်း၊ အစိုးရရုံးခန်းများမှာ မပါမပြီး ဆွေးနွေးစရာ ခေါင်းစဉ်ကြီးတစ်ခုလို ဖြစ်နေသည်။

လျှောက်လွှာစနစ်ဖြင့် မိမိကိုယ်ပိုင်လက်ရေးမူဖြင့် တင်ပြလျှောက်ထားရသည့် အဆိုပါအိမ်ရာစီမံကိန်းမှာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၃၀ ကျော်မှ ကျပ်သိန်း ၃၀၀ အထိ ပေါက်ဈေးရှိခြင်းကြောင့် ရန်ကုန်က အိမ်ပိုင်ဆိုင်လိုသူ အိပ်မက်မက်သူတို့ လက်လျှော့ရမည့်အနေအထား ရှိလာသည်။

အစိုးရကရောင်းချမည့် ယင်းဈေးနှုန်းမှာ သာကေတ၊ ရွှေပေါက်ကံ၊ ဒေါပုံမြို့နယ်တို့တွင် ခြံကျယ်ကျယ်နှင့်ပင် ၀ယ်ယူနေထိုင်နိုင်ပြီဖြစ်သောကြောင့် အများစုက ဈေးနှုန်းအားဖြင့် ကြီးမြင့်သည်ဟု ဝေဖန်နေကြသည်။

နှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအစိုးရ၀န်ထမ်းများ၊ သာမန်လက်လုပ်လက်စားများ တစ်လလျှင် ၀င်ငွေကျပ်တစ်သိန်းဝန်းကျင်သာရရှိသည့် ပုဂ္ဂလိက၀န်ထမ်းများအတွက် အဆိုပါအိမ်ရာစီမံကိန်းက မဖြစ်နိုင်တော့ပေ။

“တစ်လကို လင်မယားနှစ်ယောက်ပေါင်းမှ ပင်စင်လေးနဲ့ဆို ခုနစ်သောင်းစွန်းစွန်းရတာ။ ခုအစိုးရက လျှောက်လို့ရပြီဆိုတဲ့ မြောက်ဒဂုံအိမ်ရာစီမံကိန်းက တစ်လကို ငါးသိန်းကနေ ခုနစ်သိန်းလောက်ထိ သွင်းရမယ်လို့ ပြောလိုက်တော့ မလျှောက်ဖြစ်တော့ဘူး”ဟု ကမာရွတ်မြို့နယ်တွင် အိမ်ငှားနေထိုင်နေသူ တပ်မတော်၌ စာရေးအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သူ စစ်မှုထမ်းဟောင်းဦးစိုးဝင်းကပြောသည်။

ပြီးခဲ့သည့် အစိုးရတစ်ခေတ်က ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားအရာထမ်းတို့အတွက် ယခုအစိုးရသစ်က နားခိုရန် နေရာထိုင်ခင်းတစ်ခု ဖန်တီးပေးရန် လိုအပ်နေပြီဖြစ်သည်။

“ရမှာပေါ့။ သူတို့ထဲက ရာထူးကြီးကြီးနဲ့ ပင်စင်စားအရာရှိတွေပဲရမှာ။ အရင်ဝန်ထမ်းဘ၀တုန်းက မြေကွက်တွေချပေးတုန်းကလည်း အတူတူပဲ။ ရပြီးသူတွေ ထပ်ရနေဦးမှာပဲ”ဟု အငြိမ်းစားအထက်တန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်သူ ယခုလက်ရှိတွင် စမ်းချောင်းမြို့နယ်မဂ္ဂဇင်းတွင် ဆောင်းပါးများရေးသားနေသူ ဒေါ်ခင်အုံးကဝေဖန်သည်။

လက်ရှိအစိုးရက ရောင်းချပေးတော့မည့် တန်ဖိုးမျှတအိမ်ရာမှာ လက်ရှိရန်ကုန်မြို့မှ ကန်ထရိုက်တိုက်ခန်းများတွင် ရောင်းချပေးနေသော ကြိုပွိုင့်စနစ်ဖြင့် များစွာတူညီပြီး ဈေးကစား၍မရခြင်းတစ်ခုသာ ကွာခြားသွားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ရန်ကုန်၏ ကြီးမြင့်သောမြေဈေးနှင့် ဆောက်လုပ်မှုကုန်ကျစရိတ်ရှိနေသည်မှာ မှန်သော်လဲ အစိုးရအနေဖြင့် ၎င်း၏ကိုယ်ပိုင်မြေတွင် တည်ဆောက်ရခြင်းဖြစ်သောကြောင့် အခန်းခနှုန်းထားများမှာ သိန်း ၁၀၀ ကျော်ခန့်သာ ဖြစ်သင့်ကြောင်း အထက်ပါလုပ်ငန်းရှင်ကပြောသည်

“အခန်းကိုမဲဖောက်ပြီး ရောင်းချတယ်ဆိုကတည်းက ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာပြချင်တာ။ တန်ဖိုးကတော့ အားလုံးစုစည်းသတ်မှတ်တွက်ချက်ထားတဲ့ ဈေးနှုန်းပါ။ ပြန်ပြင်ဆင်ဖို့တော့မရှိပါဘူး”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လေးနှစ်အားဖြင့် အရစ်ကျပေးထားခြင်း၊ လက်လွှဲရောင်းချမှုမရှိရန် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးခြင်းအပါအ၀င် အိမ်ရာလိုအပ်နေသူများအတွက်သာ အဆိုပါအိမ်ရာစီမံကိန်းက ရောင်းချပေးသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။

ယခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိသော ဗိုလ်ဗထူးအိမ်ရာနှင့် ဗိုလ်မင်းရောင်အိမ်ရာများက စိတ်ဝင်စားသူ အလွန်များပြားနေသဖြင့် လျှောက်လွှာများ ဆက်လက် လက်ခံလျက်ရှိပြီး ယခုဇန်န၀ါရီလကုန်အထိပင် လက်ခံသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။

ဘဏ်တိုးနှုန်းနှင့် ၀ယ်ယူမည့်သူများမှာ မူလဈေးနှုန်းထက် ကျပ်သိန်း ၅၀ ကျော်မှ သိန်း ၆၀ ကျော်အထိ ကွာခြားနေသေးကြောင်း သိရသည်။ မည်သည့်ဘဏ်နှင့် ချိတ်ဆက်ဝယ်ယူရမည်ကိုမူ မြို့တော်စည်ပင်သာယာရေးကော်မတီက မဆွေးနွေးရသေးကြောင်း သိရသည်။

စည်ပင်က အခန်းပေါင်း ၄၀၀ ကျော် ရောင်းချမည့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများအတွက် အများစုက စောင့်ကြည့်ကြမည်ဟုဆိုသည်။

“တကယ်လိုတဲ့သူလက်ထဲရောက်မှာ စောင့်ကြည့်ချင်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကပြောသည်။

အဆိုပါအိမ်ရာများမှာ အမှန်တကယ် အိမ်ရာလိုအပ်သူများအတွက် သက်သာချောင်ချိနိုင်မည်မဟုတ်ဘဲ ပြည်သူအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်စေနိုင်ကြောင်း အထက်ပါလွှတ်တော်ကိုယ်စားလှယ်ကဆိုသည်။ ယခု အစိုးရကဖော်ဆောင်နေသည့် အိမ်ရာများမှာ အမှန်တကယ်အားဖြင့် ရန်ကုန်မြို့ထဲပိုင်းနှင့် လွန်စွာဝေးကွာနေပြီး ကျောင်း၊ ဆေးရုံ လမ်းပန်းဆက်သွယ်ရေးအားဖြင့် ခက်ခဲနေသေးသည့် မြို့စွန်မြို့နယ်များပင်ဖြစ်သောကြောင့် ဝေဖန်မှုများရှိနေသည်။

ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေမည့် ရောင်းချနိုင်သည့်ဈေးနှုန်းကို မလုပ်ဆောင်ဘဲ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မိမိ၏အကျိုးစီးပွားအတွက်သာ ဆောင်ရွက်ခြင်းကြောင့် ယခုလိုဈေးနှုန်းများ ကြီးမြင့်နေခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးကဝေဖန်သည်။

နိုင်ငံတကာတွင်မူ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှာ အထပ်မြင့်အဆောက်အအုံများမဟုတ်ဘဲ အများစုမှာ လေးထပ်မှ ငါးထပ်အထိသာရှိသဖြင့် တည်ဆောက်မှုပုံစံ မှားယွင်းနေကြောင်း မြို့ပြပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။

“ကျွန်တော်တို့ ရန်ကုန်မှာဆောက်နေတဲ့ အိမ်ရာစီမံကိန်းတွေက အထပ်မြင့်တွေဖြစ်နေတယ်။ ဒါက လုံးဝကိုမဖြစ်သင့်တာ”ဟု အထက်ပါပညာရှင်ကဆိုသည်။ စီမံခန့်ခွဲမှုများကြားက ရောင်းချမှုပုံစံအားနည်းနေသည့် ရန်ကုန်မှ တန်ဖိုးသင့်တင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ရောင်းချတော့မည်ဖြစ်သည်။

“အိုးအိမ်ကလုပ်တဲ့အိမ်ရာတွေ ရောင်းချမှုပုံစံကို ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ဆွေးနွေးနေတုန်းပဲ။ အသေးစိတ်မပြင်ဆင်ရသေးဘူး”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်မီမီတင်ကပြောသည်။

ယခုနှစ်တွင် အစိုးရက ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁၈ ထပ်ရှိသော အဆောက်အအုံ ၄၉ လုံး၊ အခန်းပေါင်းနှစ်သောင်းကျော်ကို ပုဂ္ဂလိကကုမ္ပဏီ ၂၀ ကျော် တည်ဆောက်နေပြီဖြစ်သည်။

ထို့အပြင် လှိုင်သာယာမြို့နယ်တွင် အခန်းပေါင်း ၆၀၀ ကျော် ပါဝင်သော ထီးလှိုင်ရှင်အိမ်ရာ၊ အခန်း ၃၀၀၀ ကျော်ပါဝင်သော ကျန်စစ်သားအိမ်ရာနှင့် အခန်း ၉၀၀ ပါဝင်သော ကျီးစုအိမ်ရာတို့မှာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက တာဝန်ယူတည်ဆောက်နေသည့်အိမ်ရာများ ဖြစ်သည်။

ထို့ကြောင့် အဆိုပါအိမ်ရာများ တည်ဆောက်ပြီးစီး၍ စတင်ရောင်းချပါက အမှန်တကယ် အိမ်ရာလိုအပ်သူများလက်ထဲသို့ သက်သာသည့်နှုန်းထားများဖြင့်သာ အစိုးရအနေဖြင့် ရောင်းချသင့်ကြောင်း အများစုကဆန္ဒရှိကြသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။