ပိုပိုဇော်(သဘာဝအားအင်)
လိမ္မော်သီးရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်
by #ပိုပိုဇော်(သဘာဝအားအင်)January 18, 2014 at 11:15pm
by #ပိုပိုဇော်(သဘာဝအားအင်)January 18, 2014 at 11:15pm
ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်
လိမ္မော်သီးတစ်လုံးဟာ တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ရဲ့ ၁၁၆.၂%ကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းရှိပြီး အအေးမိခြင်း၊ နားပြည်ပိုးဝင်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ကင်ဆာကိုကာကွယ်နိုင်ပါတယ်
လိမ္မော်သီးမှာပါဝင်တဲ့ ဗီတာမင်စီဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ဗီတာမင်ဖြစ်ပြီး ကင်ဆာ ဖြစ်ပွားစေနိုင်ချေကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့အပြင် လိမ္မော်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အူမကြီးကင်ဆာကို ကာကွယ်နိုင်သလို လိမ္မော်ရောင်ဖြစ်စေတဲ့ ရောင်ခြယ် beta-cryptoxanthin်ဟာ အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေတယ်လို့ သုတေသနများမှာ ဖော်ပြထားပါတယ်။
နှလုံးရောဂါဖြစ်ပွားနိုင်ချေကို ကျဆင်းစေပါတယ်
လိမ္မော်သီးမှာပါဝင်တဲ့ ဗီတာမင်ဘီ၉လို့ခေါ်တဲ့ ဖော်လိပ်ဟာ homocysteineာ လို့ခေါ်ဆိုတဲ့ အမိုင်နိုအက်ဆစ်ထွက်ရှိမှုကို လျော့ ကျစေတဲ့အတွက် သွေးကြောများ တောင့်တင်းလာခြင်း၊ ကျဉ်လာခြင်း၊ နှလုံးတိုက်ခိုက်မှုဖြစ်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးခဲပိတ်ဆို့ခြင်းတွေကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ကြွယ်ဝတဲ့ အသီးဖြစ်တဲ့အတွက် လိမ္မော်သီးဟာ သွေးတိုးကျစေခြင်း၊ နှလုံးခုန်နှေးသွားခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်ဘီ၆နဲ့ သံဓာတ်လဲ ပါဝင်တာကြောင့် ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို အားပေးပြီး ကိုယ် အင်္ဂါများကို အောက်စီဂျင်ပိုမို ရရှိစေပါတယ်။
အစာအိမ်အနာကိုသက်သာစေပါတယ်
လိမ္မော်သီးမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေပြီး ၀မ်းချုပ်ခြင်းနဲ့ အစာအိမ်အနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
သက်ကို
ref: PTI
photo copy from google search
credit to >>>Health Updates Journal No. 100
source >>>http://natureenergycares.blogspot.com/2014/01/blog-post_18.html#more
ref: PTI
photo copy from google search
credit to >>>Health Updates Journal No. 100
source >>>http://natureenergycares.blogspot.com/2014/01/blog-post_18.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။