အရင်က လည်း ပြောခဲ့သလို အခွေရောင်း ရတာ၊ မရောင်းရတာ ထက် ကျွန်တော့် သီချင်းကို ပရိသတ် တစ်ယောက်လက်ခံရင်တောင် ကျွန် တော်ကျေနပ် တယ်လို့ပြောဖူး ပါတယ်။ အဲဒါက ဘာကြောင့်ပြော တာလဲ ဆို တော့ ကျွန်တော်တို့က သီချင်းဆို တာပါ။ ကျွန်တော်တို့ သီချင်းဆိုတာ ပရိသတ်ကိုဖျော်ဖြေ တာပါ။
ပရိ သတ်တွေနဲ့ ကျွန်တော် တို့နေရရင် ပျော်တယ်။ ပရိသတ်တွေနဲ့ သီချင်း တွေဆိုနေရရင် ပျော်တယ်။ ကျွန် တော်တို့ စီးပွားရေး လုပ်နေတာမဟုတ် ပါဘူး။ အဲဒီ အတွက်ကြောင့် ကျွန် တော်တို့ အခွေတွေရောင်းရတယ် ဆိုတာက ကျွန်တော်တို့ရဲ့ နောက် တစ်ခေါက်ပြန်ပြီးလုပ်မယ့် သီချင်း အသစ်တွေအတွက် ပိုက်ဆံပြန်ရှာ ရတယ်။ ဒါက ကျွန်တော်တို့လုပ်ရိုး လုပ်စဉ်အရလုပ်တာပါ။ ကျွန်တော် တို့စီးပွားရေးအနေနဲ့ ဒါကြီးကို စီးပွား ဖြစ်ကြီးလုပ်နေတာမဟုတ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သီချင်းကိုအားပေး ရင်ကျေနပ်ပါတယ်။ အခွေတွေ ရောင်းရတာထက် ပိုက်ဆံတွေက ဒလဟောဝင်နေတာထက် ပရိသတ် ရဲ့လက်ခုပ်သံတွေ ဒလဟောကြားရ တာပိုလိုချင် ပါတယ်။
နိုင်ငံခြားက ပုံ စံတွေကို အတုခိုးပြီး ရိုက်တယ်ဆို တာလည်း ကျွန်တော်တို့ ဒီကလူ တွေက မြန်မာလူမျိုးတွေပါ။ ဗုဒ္ဓ ဘာသာကိုးကွယ်တဲ့လူတွေ၊ မြန်မာ ပြည်မှာနေထိုင်တဲ့လူတွေဖြစ်တဲ့ အ တွက်နိုင်ငံခြားပုံစံယူတယ်ဆိုတာ တောင်မှ သူတို့ဘယ်လောက်ထိပဲ ယူရမယ်ဆိုတဲ့ အတိုင်းအတာ သူတို့ မှာရှိပြီးသားပါ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့တွေဟာ ဘာမှပြောစ ရာမလိုပါဘူး။ အခုနိုင်ငံခြားပုံစံမျိုး နဲ့ရိုက်ပြီးတော့ သူများတွေက အပြစ် တွေပြောကြမယ်။ ဘာတွေပဲပြော နေပါစေ အဲဒီဟာတွေက သူ့ဟာနဲ့ သူအထိုက်အလျောက်တော့ ရှိနေ တာပါပဲ။ အဲဒီလိုမျိုး လွန်လွန်ကျူး ကျူးကြီးဖြစ်နေတာလည်း မဟုတ်တဲ့ အတွက် ဒါကတော့ ကျွန်တော်က ကောင်းတယ်လို့ပဲမြင်ပါတယ်။
http://www.yoyarlay.com/entertainment/art/39665-2014-01-16-07-18-45
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။