Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 18, 2014

တောင်သူလယ် သမားများဘဝ ကိုယ်ချင်းစာပါ


Zaw Wonn Maung with Maha Mingyi and 23 others
တောင်သူလယ် သမားများဘဝ ကိုယ်ချင်းစာပါ
----------------------------------------------------
“ကုမ္ပဏီတွေကလည်း လိမ်တယ် ၊အုပ်ချုပ်ရေးတွေကလည်း ဖုံးဖိတယ်၊အုပ်စုလိုက် အနုကြမ်းစီးပြီးတော့ တောင်သူလယ် သမားတွေအပေါ်မှာ မြေဓါးပြတိုက်သလိုလုပ်နေကြတယ်။လယ်မြေများ သိမ်းယူမှုများတွင် အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများလည်း ပါဝင်နေတယ်။အစိုးရတို့ ဖြေရှင်းပေးရန် တာဝန်ရှိသော်လည်း တိကျသည့် လမ်းညွှန်မှု မရှိဘူး။ လယ်သမားတွေ အားလုံးဟာ သူတို့သွေးတွေ၊ သူတို့ချွေးတွေနဲ့ မြေလွတ်မြေရိုင်းတွေကနေပြီးတော့ လယ်ချောဖြစ်အောင် ဖော်ဆောင်ခဲ့တဲ့ လယ်သမား တွေဖြစ်ပါတယ်။

လယ်မြေများ သိမ်းဆည်းခံရခြင်းကြောင့် ဆန္ဒပြသည့် လယ်သမားများကို ဖမ်းဆီးခြင်းမှာ သဘာဝမကျဘဲ၊ သိမ်းဆည်းသူများကိုသာ အရေးယူသင့်ပါတယ်။“ဒီလယ်ယာမြေလည်း သိမ်းဆည်းခံရလို့ ပြန်ရဖို့အရေး တင်ပြတဲ့ လယ်သမားတွေကျတော့ အဖမ်းခံရ၊အ ဆီးခံရနဲ့ ဒီနေ့အချိန်ထိ အချုပ်ထဲမှာ ရှိနေကြပါတယ်။ တောင်သူ လယ်သမားကြီးတွေ အနာဂတ် ပျောက်နေတာဟာ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတော့ ဒီမိုကရေစီကျင့်ထုံးများကို လိုက်နာခြင်းမရှိခြင်းကြောင့်ပင်ဖြစ်ပါတယ်။
သတိကြီးကြီးထားပြီးတော့ စဉ်းစားသုံးသပ်ရမယ့် အချိန်ကာလ ရောက်နေပြီလို့ ထင်မြင်ယူဆပါတယ်။ လယ်သမားတွေကို တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချ အရေးယူနေတာတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေကို တောင်သူလယ်သမားတွေဟာ လုံးဝ တန်းတူညီမျှ မရတာပေါ်လွင်နေပါတယ်။
လယ်သမားတွေ ဘယ်လောက် ပင်ပမ်းသလဲ? သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံ လယ်သမားများ၏ နစ်နာဆုံးရှုံးမှု၊ တွေကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးကြမှာလဲ? ဒီလယ်သမားတွေဘ၀က ကမ်းကုန် သွားပါပြီ။ ဟိုဘက်ကမ်းတောင် မရှိတော့ဖူး။ ဒီလယ်သမားတွေဟာ ဥပဒေကို ဆန့်ကျင်နေတာမဟုတ်ဖူး၊ မတရားမှုကို တိုက်ပွဲဝင်နေကြတာဖြစ်တယ်။
အုပ်ချုပ်သူအစိုးရတာဝန်ရှိသူတွေက တာဝန်မသိလို့ လယ်သမားတွေဟာ ပိုင်ရှင်ဘ၀ကနေ နေ့စားအလုပ်သမားတွေဖြစ်၊ လယ်အလုပ်ကလွဲလို့ တခြားအလုပ်လည်း မလုပ်တတ်မကိုင်တတ်၊ ရရာအလုပ်ကို ပင်ပန်း ကြမ်းတမ်း ချွေးနှင့် သွေးနှင့် နေပူပူအောက် မှာလုပ်ကြကိုင်ကြရပြီးတမိသားစုလုံး တနေ့စာအတွက် ရာဂဏန်း မျှသောငွေသာ အိမ်သို့ပြန်ကြရပါတယ်။ဆန်တပြည် ကျပ်ထောင်ဂဏန်းမျှ ရှိသော အချိန်တွင် ဘယ်လို စားကြမည်နည်း။
ဘယ်သူတွေက ဦးဆောင်ပြီး လမ်းကောင်းရောက်အောင် ကယ်တင်မှာပါလဲ။သူတို့ရှေ့က မားမားရပ်ပြီး လုပ်ကိုင်ဆောင်ရွက်သူတွေကျတော့ ဖမ်းဝရမ်းတွေ ထုတ် ထောင်ထဲဆွဲထည့်၊ ဒီလိုမျိုးလုပ်ရပ်တွေက နိုင်ငံတော် အုပ်ချုပ်သူတွေက ပြည်သူလူထုအတွက် ရပ်တည်သူတွေမဟုတ်ဘဲ လူနည်းစုကောင်းစားရေးအတွက် ရပ်တည် နေကြတာဘဲဖြစ်ပါတယ်။
ဒီမိုကရေစီကျင့်စဉ်နှင့် လားလားမျှမသက်ဆိုင်ဘဲ အာဏာရှင် လူတစ်စု ဆိုတာကို သက်သေပြနေပါတယ်။
တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမတတ်တာ၊ ရောဂါဘယ ထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား ပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့ ရေသောက်မြစ် ပြဿနာကြီးဘဲ
ဖြစ်ပါတယ်။ ဒီအချက်တွေကို လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာတတ် လူလတ်တန်းစားတွေ သိမြင် ခံစားပေးနိုင်ဖို့ အင်မတန် အရေးကြီးလှပါတယ်။ တောင်သူလယ် သမားများဘဝ ကိုယ်ချင်းစာပါ... လယ်သမားတွေ အကာအကွယ်မဲ့နေပါတယ် ။
ဇော်ဝမ်းမောင်…

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။