Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 18, 2014

Beyond The Women


ဒေါ်ကလျာပြည့်ဝေသျှန်
‘ဒေါ်ကလျာပြည့်ဝေသျှန်’ ဆိုရင် ‘ပြည့်ဝေသျှန်’ ရတနာဆိုင်နဲ့ တွဲမြင်မိကြမှာပါ။ ပြည့်စုံတဲ့ ဘဝကနေ ကြိုးစားရသူမို့လို့ အခက်အခဲ နည်း မယ်လို့ ထင်စရာပါ။ ဒါပေမဲ့ သူခံစားခဲ့ ရတဲ့ လောကဓံ အကောင်းတွေ ကြားမှာ လောကဓံ အဆိုး တွေလည်း ရှိခဲ့တယ် ဆိုတာ ဒီအင်တာဗျူးမှာ အနည်းအကျဉ်း ဖတ်ရမှာပါ။ အမျိုးသမီး တစ်ဦး ဖြစ်ပေမယ့် ရွှေ နဲ့ ကျောက်မျက် အကြောင်းအရာ သာမက IT နည်းပညာနဲ့ ဆက်စပ်တဲ့ hp (Hewlett Packard) ကိုယ်စားလှယ် လုပ်ငန်း၊ သတ္တု တွင်းတူးခြင်း လုပ်ငန်းတွေ ကို အာရုံစိုက် လုပ်နိုင်သလို တစ်ချိန် တည်းမှာ မိသားစု အရေး ကိုလည်း ဂရုတစိုက် ရှိနေနိုင်ပြန်တယ်။ လူဆိုတာ Human Factor ရှိတတ်ကြတာ ချည်း ပဲမို့ ကိုယ်တိုင်ရဲ့ ကျန်းမာရေး ကလည်း ယုယပေးရ သေးတာ။ ဒီလို လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး တွေကို ဟန်ချက် ညီအောင် လုပ်ဆောင်နေတဲ့ မိန်းမသား ရဲ့ ပြောစကားတွေကို ဖတ်ရှုကြည့်ရ အောင်။

အစ်မက ရတနာလုပ်ငန်းကို ဘယ်အချိန်မှာ စပြီးလုပ်ဖြစ်ခဲ့တာပါလဲ။
အစ်မ ဒီရတနာ လုပ်ငန်းကို စခဲ့တာက ၁၉၉၆ မှာပါ။ အဲဒီတုန်းက ဗိုလ်ချုပ်ဈေးမှာ Jewel Palace ဆိုပြီး ရှိခဲ့တယ်။ ၉၆ ကို Visit Myanmar Year ဆိုပြီး သတ်မှတ်တဲ့ အချိန်ပေါ့။ နိုင်ငံခြားသားတွေ ဝင်လာတဲ့ အချိန်မှာ ကုန်သွယ် ရေးဝန်ကြီး ဌာနအောက်ကနေ မြန်မာ့ ရတနာကို တရားဝင် export permit ရအောင် လုပ်ခဲ့တယ်။ ပြီးတော့ ကုန်သွယ်ရေး လက်အောက်ကနေ Jewel Palace ဆိုပြီး ဖွင့်ခဲ့တာ။ ကောင်တာတွေ နဲ့ပေါ့။ အဲဒီမှာ အစ်မက စဖြစ်ခဲ့ တာ။ ပထမဆုံး ကိုယ့်ရဲ့ ကိုယ်ပိုင် Business ပြည့်ဝေသျှန်ရဲ့ အင်္ဂလိပ်စာလုံး PWS ဆိုင်ဆိုပြီး စဖွင့်ခဲ့တာ။ ပထမဆုံး ကိုယ့်ရဲ့ နာမည်နဲ့ ကိုယ်ပိုင်စလုပ် ခဲ့ပေမယ့်လည်း အစ်မရဲ့ ဘိုးဘွား မျိုးရိုး အစဉ်အဆက်က ဒီရတနာ လုပ်ငန်းကို အစဉ်အလာ အတိုင်း လုပ်ခဲ့တော့ ကိုယ့်မိသားစု ထဲမှာ ကိုယ်က စပြီး စွန့်ဦး တီထွင်ပြီး စလုပ်ခဲ့တဲ့သူ တော့ မဟုတ်ဘူး။ အဲဒီတုန်း က အစ်မ ၁ဝ တန်း အောင်ပြီးခါစ အရွယ်ငယ်ငယ် လေးပဲ ရှိသေးတာ။ ဒါပေမဲ့လည်း Generation by Generation က ဒီရတနာ လုပ် ငန်းကို လုပ်ခဲ့တော့ အစ်မ အနေနဲ့က ရတနာနဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ ဗဟုသုတကို သိသင့် သလောက် သိပြီးဖြစ်တယ်။ ကျောက်ကို ကြည့်ရုံနဲ့ ဘာလဲဆိုတာ ခွဲပြီးသိ တယ်။ နောက် ပြီး စွန့်ဦး လုပ်တဲ့ သူတွေ ကြုံရလေ့ ရှိတဲ့ အရင်းအနှီးနဲ့ ပတ်သက်တဲ့ ခက်ခဲမှုတွေ မရှိခဲ့ဘူး။ ဒါပေမဲ့ အစ်မမှာ ဘာတွေ ခက်ခဲခဲ့လဲဆို တော့ အစ်မ သိထားတဲ့ အရာ တွေ က ရိုးရာ ဓလေ့ အတိုင်းပဲ သိထားတာ။ နောက်ပိုင်း နိုင်ငံတကာ နဲ့ ပြောဆို ဆက်ဆံရတဲ့ ကျောက်မျက် အခေါ် အဝေါ် တွေ၊ terms တွေကို လေ့လာရ တယ်။ ကျောက် မျက် ရဲ့ ပညာ မဟုတ်ဘဲ ကျောက်မျက် အခေါ်အဝေါ်တွေ ကို သင်ယူရ တယ်။
ဒါဆို ပထမဆုံး အစ်မရဲ့လုပ်ငန်းမှာ တွေ့ ရတဲ့ စိန်ခေါ်မှုက ဘာသာစကားဆိုရင် မှန်ပါ သလား။
ဟုတ်ကဲ့ပါ။ ကျောက်မျက်ရဲ့ knowledge တွေကို နိုင်ငံတကာသုံး ဘာသာနဲ့ လေ့လာရတယ်။ နောက်ပြီး ရွှေနဲ့ ပတ်သက်တာပေါ့။ အစ်မ တို့ရဲ့ မြန်မာ့ရိုးရာ မှာ ရွှေက အဝါရောင် ပဲလေ။ အဲဒီ အချိန်တုန်းက ဆိုရင် ရွှေရည်ကို သတ်မှတ်ရင် ဒင်္ဂါးရည်၊ မူးရည်၊ မတ်ရည်၊ ပဲရည် ဒီလိုပဲ သုံးတာ။ ဒါပေမဲ့ နိုင်ငံတကာမှာ ကျတော့ ကာရတ်နဲ့ သုံးကြ တယ်။ ဒီလို အခေါ်အဝေါ် ခြားနားမှုတွေ ရှိ တယ်။ ပြီးတော့ ပါဝင်တဲ့ percent လည်းခြား နားတယ်။ ရွှေမှာ အဝါ ရောင်အပြင် ရွှေဖြူ ဆိုတာလည်း ရှိတာ သိရ တယ်။ ပလက်တီနမ်ကို ပြောတာ မဟုတ်ပါဘူး။ ရွှေဖြူဆို တာက ရွှေထဲကို ဖြူစေတတ်တဲ့ ပစ္စည်းတစ်ခု ထပ်ထည့် ထားတာကို white gold လို့ခေါ်တာ။ ပလက် တီနမ် က Pt ၊ ရွှေက Au ဒြပ်ပေါင်း ကို မတူဘူး။ အစ်မ တို့ဆီက လူတော် တော်များများက ပလက်တီနမ် နဲ့ ရွှေဖြူ ကို သိပ် မကွဲကြဘူး။ အစ်မက ဒါတွေကို သင်ယူ ရတယ် ။ ရွှေကို အဝါရောင် အပြင် အဖြူရော ဖန်တီးလို့ ရသလို အမည်းရောင်တို့၊ လိမ္မော်ရောင် တို့ အစိမ်းရောင် တို့ဖြစ်အောင်လည်း လုပ်လို့ရတယ်။ သူတို့ထည့်ပေါင်း တဲ့ ဒြပ်ပေါင်းပေါ် မူတည် ပြီး ရွှေက အဝါရောင် ဂုဏ်သတ္တိ ကနေ ပြောင်းနိုင် တယ် ဆိုတာတွေကို လေ့လာပြီး သိလာရတယ်။
ပလက်တီနမ် နဲ့ ရွှေဖြူ ကို ဘာမှ နားမလည်တဲ့ သူ တစ်ယောက် ဝယ်မယ်ဆိုရင် ဘယ်လို ကြည့်ပြီး ခွဲနိုင်မလဲ အစ်မ။ နောက်ပြီး ဒီနှစ်ခု ရဲ့သိပ်သည်းမှု နဲ့ တန်ဖိုး ကရော ဘယ်လိုတွေ ကွာခြားလဲ ဆိုတာ စာဖတ် ပရိသတ်ကို ဗဟုသုတ အနေနဲ့ ပြောပြပေး ပါလား။
ဒီနှစ်ခု ရဲ့ Chemical Composition က တူကို မတူဘူး။ အရည်အသွေး လည်း မတူဘူး။ ပလက်တီနမ် က Pt ဒြပ်ပေါင်း၊ ရွှေက Au ဒြပ် ပေါင်း။ ဒြပ်မတူရင် ဂုဏ် သတ္တိတွေ က မတူ ဘူး။ အစ်မတို့က မြန်မာ လိုပြောရင် မီးပေါင်အား လို့ ပြောတယ်။ ပျော်ဝင်နိုင်တဲ့ အားပေါ့။ ရွှေဆိုရင် 1080ºC ဆိုရင် အရည်ပျော် သွားတယ်။ ပလက် တီနမ်က 2200ºC မှ အရည်ပျော်တယ်။ ဒီတော့ Hardness ကလည်း ကွာတယ်။ ရွှေရဲ့ မာမှု နဲ့ ပလက်တီနမ် ရဲ့ မာမှု ကွာတယ်။ နောက်ပြီး နန်းဆွဲနိုင်တဲ့ အားမှာ လည်း အရမ်း ကွာတယ်။ ဥပမာ – ရွှေ တစ်ကျပ်သား ကို ၁ဝ ပေအထိ နန်း ဆွဲနိုင်ရင် ပလက်တီနမ် က နန်းဆွဲနိုင်တဲ့ ခံနိုင်ရည် မရှိဘူး။ ရွှေက ပွန်းပဲ့နိုင်တယ်။ ပလက် တီနမ် ကတော့ ပွန်းပဲ့နိုင်မှုခံတယ်။ တန်ဖိုး လည်း ကွာတာ ပေါ့။
ဘဝမှာ ခက်ခဲ ပင်ပန်းဆုံး ဆိုတဲ့ အချိန်တွေကို ကြုံတွေ့ခဲ့ရ ဖူးပါသလား။ အဲဒီလို အချိန်တွေ မှာ အစ်မ ဘယ် လို ကျော်လွှားခဲ့ပါ သလား။
အစ်မ ဘဝမှာ အခက်အခဲ ဆို ရင် လုပ်ငန်းနဲ့ ပတ်သက် ရင်တော့ ခုန ကပြောတဲ့ နည်း ပညာသစ် တွေ ကို သင်ယူ ရတဲ့ အခက်အခဲ၊ ရိုးရာ လုပ်ငန်း ရိုးရာ အုပ်ချုပ်မှုတွေ ကို ဒီ ဘက်ခေတ် Management System ကို ပြန်ပြောင်း ရတဲ့ အခက်အခဲ၊ အရောင်းပိုင်း မှာလည်း Marketing Strategy ကို ပြောင်းရတဲ့ အခက် အခဲတွေ ရှိ ခဲ့တယ်။ ဒါတွေကို အစ်မ က ကြိုးစား လေ့လာပြီး သင်ယူရတယ်။ နောက်ပြီး အစ်မတို့ အဘိုး အဘွားတွေ ခေတ်တုန်းက ပန်းထိမ် ပညာ ဆိုတာက ပန်းထိမ် ဆရာ ဆီမှာ ထမင်းစား ကျွန်ခံပြီး သင်ယူ ရတဲ့ ခေတ်။ အစ်မ တို့ခေတ်မှာက သင် တန်း ကျောင်း တွေပေါ် လာပြီ။ ပညာတစ်ခုက အလွယ်တကူ သင်လို့ ရတဲ့ အချိန်ဖြစ် သွားပြီ။ အစ်မ တို့ခေတ် က ပညာတတ်တွေ နဲ့ အလုပ်လုပ် တဲ့ခေတ် ကို ရောက်သွားပြီ။ ဒီ လို ပြောင်းလဲမှု တွေ ကြားမှာ အစ်မတို့က အလုပ်လုပ် ရတယ်။ ဒါက Management Sector ပိုင်းပေါ့။ နောက်ပြီး Customer တွေ ရဲ့ knowledge တွေ က လည်း ပြောင်းကုန်တယ်။ အရင်တုန်း ကကျတော့ ယုံကြည်မှုနဲ့ အလုပ်လုပ် ကြတာ။ ဟိုးအရင် တုန်းက ပစ္စည်းရောင်းတာ မဟုတ်ဘူး။ ကိုယ့်ဂုဏ် သိက္ခာနဲ့ ကိုယ့် ကိုယ်ကိုယ် ရောင်းစား တာနဲ့ တူတယ်။ အစ်မတို့ခေတ်မှာ ကျတော့ ယုံကြည်မှု အပြင် ဘယ်နေရာ မှာ မဆို အရည် အသွေး ဆိုတာပါ ပါလာတယ်။ နောက်ပြီး ဒီရတနာ ပစ္စည်းကို ဝယ်ကြတာမှာ အရင်တုန်းက မရှိဝမ်းစာ၊ ရှိတန် ဆာ ဆိုပြီး ဝယ်ကြပေ မယ့် အစ်မ တို့ခေတ် မှာက အဲဒီဟာတွေ အပြင် ဖက်ရှင် တစ်ခု အနေနဲ့ ဝတ်လာကြတယ်။ ဒီတော့ ဖက်ရှင် ကျတဲ့ ဒီဇိုင်းမျိုး တွေကိုလည်း ဖန်တီး ရတယ်။ ဒီလိုစိန်ခေါ် မှုတွေကို ကျော်လွှားခဲ့ ရတယ်။ အစ်မရဲ့ ဘဝမှာ ကျတော့ သာမန်ပြောရရင် အစ်မ ဘဝက အစကတည်းက ပြည့်ပြည့်စုံစုံ နဲ့ နေခဲ့ရတယ်။ စီးပွားရေး အရ၊ ပညာရေး အရ ပြည့်စုံတယ် လို့ သာမန်အားဖြင့် ယူဆလို့ရတယ်။ အိမ်ထောင်ရေး ပိုင်းမှာလည်း အစ်မကို ချစ်တဲ့ သူနဲ့ လက်ထပ်ခွင့် ရခဲ့တယ်။ ပြည့်စုံတဲ့ဘဝ တစ်ခု ပဲပေါ့။ နှစ်ဖက် မိဘတွေ က လည်း သဘော တူ ကြည်ဖြူတယ်။ အစ်မ အသက် ၂၄ နှစ်မှာ အိမ်ထောင် ကျတယ်။ ၂၅ နှစ်မှာ သားကြီး ကို မွေးတယ်။ ၂၈ နှစ်မှာ သားငယ်လေး ကို မွေး တယ်။ သားတွေ ရဲ့ အဖေနဲ့ ချစ်ချစ် ခင်ခင် ပျော်ပျော်ရွှင်ရွှင် နဲ့ နေခဲ့ကြတယ်။ ဒီတော့ အစ်မက ဘယ်လို ထင်ခဲ့လဲ ဆိုတော့ အစ်မ တို့က ဒီအတိုင်းပဲ တစ်သက် လုံးဖြစ် နေမယ် လို့ ထင်ခဲ့တယ်။ တစ်ဦး လိုအပ်ချက် ကို တစ်ဦးက ဖြည့် ဆည်းရင်း နေခဲ့ကြ တယ်။ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး သား သမီး နဲ့ ပတ်သက်ပြီး အစ်မက ခက်ခက်ခဲခဲ မရှိခဲ့ဘူး။ ၂၈ နှစ် အရွယ်ထိ ဘာမှ မရှိခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ အစ်မ ဘယ်တုန်း ကမှ မျှော်လင့် မထားတဲ့ သေခြင်း တရားက ရောက်လာ တယ်ပေါ့။ ကိုယ့် မျက်စိ ရှေ့မှာ ဖြစ်တာတွေ ပျက် တာတွေ မြင်နေ ရပေမယ့် အစ်မ ကိုယ်တိုင် ကြုံရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ အစ်မ အသက် ၂၈ နှစ်မှာ အစ်မ ရဲ့အမျိုးသား က အစ်မ ဘယ်တုန်းက မှ မျှော်လင့် မထားတဲ့ ပုံစံနဲ့ ကွယ်လွန် သွားခဲ့ရတယ်။ သားငယ်လေးက ၆ လပဲ ရှိသေးတယ်။ အစ်မ ဘဝက ပြည့်စုံခဲ့တော့ အစ်မက ဘဝမှာ လိုချင် တယ် ဆိုတာ မရှိခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ဘဝ ရဲ့ အလိုအပ်ဆုံး အစ်မ အလိုချင်ဆုံးက ပျက်စီးသွား ခဲ့တယ်။ အဲဒီလို ဖြစ်သွားတော့ ဒီကလေးနှစ် ယောက် ရဲ့တာဝန်တွေ အကုန်လုံး က အစ်မတစ် ယောက်တည်းပေါ် လုံးဝ ရောက်လာတယ်။ အစ်မ ခင်ပွန်း ရှိစဉ်တုန်း ကတော့ အစ်မက စီးပွားရေး လုပ်တယ် ဆိုပေမယ့် အောင်မြင်ချင်လို့ ဆို တာ အပြင် မရှိခဲ့ဘူး။ ဒါပေမဲ့ ခင်ပွန်း မရှိတော့ဘူး ဆိုတော့ တာဝန်၊ ဝတ္တရား ဆိုတာပါ ပါလာရပြီ ပေါ့။ မိသားစု တာဝန်တွေပေါ့။ တာဝန်ယူ မှုတွေပါ လာတော့ သာမန် နဲ့မတူတော့ဘူး။ ဘဝအတွက် နေထိုင် ရပ်တည်မှုမှာ သားတွေ အတွက် အများ ကြီး စဉ်းစားရတယ်။ ဒီတော့အစ်မ ဘဝရဲ့ challenge က တာဝန်ယူမှု ဆိုရင် မမှားဘူး။ မိသားစု တစ်ခုကို တာဝန်ယူရင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံးပါပြီ။
ဒီတော့ အစ်မရယ် စီးပွားရေးမှာရော အစ်မ ခင်ပွန်းမရှိတော့တဲ့ နောက်ပိုင်းမှာ အစ်မ အတွက် ခက်ခဲတယ် ဆိုတာမျိုး ရှိခဲ့ဖူးပါသလား။
အစ်မ ခင်ပွန်း ရှိတုန်းက အစ်မ စီးပွားရေး လုပ်တယ် ဆိုတာ မိသားစု စားဝတ်နေရေးအတွက် ဆိုတာထက် အစ်မတို့ရဲ့ မိဘမျိုးရိုး ရဲ့ tradition လုပ်ငန်းကို လုပ်တယ် ဆိုတာ ပါပဲ။ စီးပွားဖြစ်ချင် တာထက် အောင်မြင်မှု ရချင်တယ်။ ဒါပေမဲ့ ခင်ပွန်း ကွယ်လွန်သွားတော့ အများကြီး ကွာသွား တယ်။ အဲဒီအချိန် မှာ အသက် ၂၈ နှစ် အရွယ် မုဆိုးမ တစ်ယောက်ရဲ့ အခက်အခဲက လူမှုရေးပိုင်း တွေမှာပဲ။ အစ်မက ကိုယ့်ရဲ့ ဂုဏ်သိက္ခာပိုင်းလည်း မထိခိုက်အောင် လုပ်ငန်းပိုင်း မှာလည်း အောင် မြင်အောင် အများကြီး adjustment လုပ်ခဲ့ရ တယ်။ အစ်မတို့ရဲ့ မြန်မာ့လူမှု ဝန်းကျင်မှာက အသက် ၂၈ နှစ် အရွယ် အိမ်ထောင် မရှိတဲ့ အပျို တစ်ယောက် အတွက် အပျို ဆိုတဲ့ ဂုဏ်နဲ့ တင့်တယ် နေပေမယ့် ၂၈ နှစ်ပဲ ရှိသေးတဲ့ မုဆိုးမတို့ တစ်ခုလပ်တို့ အတွက်က ကျတော့ အကြည့်ခံရတဲ့ မျက်လုံးတွေက မတူတော့ဘူး။ ဒါက အစ်မတို့ ပတ်ဝန်းကျင် က လူတွေရဲ့ အတွေးအခေါ် တွေပေါ့။ အစ်မ ဆိုရင် စီးပွားရေးလည်း အောင်မြင်တယ်။ လူမှုရေး အရ ပြောစရာမရှိ အောင်လည်း နေခဲ့တယ်။ ဒါပေမဲ့ စီးပွားရေး လုပ်လို့ လူတွေနဲ့ ပြောဆို ဆက်ဆံတဲ့အခါ မိန်းမတွေ လည်း ပါသလို ယောက်ျားတွေ လည်း ပါတာပဲ။ ဒီမှာ မိန်းမတွေရဲ့ သဝန်တို စိတ် ဆိုတာတွေက ပါလာ ပြီ။ ဒါကြောင့် အစ်မက အများကြီး ဆင်ခြင်ရတယ်။ ဥပမာ – အစ်မက အလုပ်ကိစ္စ ဖုန်းပြောချင်တာ သူ့အမျိုးသား နဲ့ ပြောချင်တာ။ ဒါပေမဲ့ အစ်မ သူ့မိန်းမ နဲ့ပဲ ကြားခံ ပြီး ပြောရတယ်။ အစ်မ မုဆိုး မဖြစ်ပြီး ၂ နှစ်လောက် အတွင်းမှာ ဒီအခက်အခဲ တွေ အများ ကြီး တွေ့ရတယ်။ ယောက်ျားတွေထဲ မှာလည်း ကိုယ့်ကို လေးစားမှု၊ မလေး စားမှုမှာ တချို့တွေက အမြင်တစ်မျိုးလေးတွေ ရှိလာကြတယ်။ အစ်မကတော့ ကိုယ့်ရဲ့ ကိုယ်ကျင့် တရားနဲ့ ဂုဏ်သိက္ခာကိုပဲ ပိုပြီး ရှေ့တန်း တင်ပြီး ဒီအကြည့် တွေ ကြားမှာ နေခဲ့တယ်။ depression တွေလည်း ရခဲ့တာပေါ့။ လူတွေ အပေါ်မှာ ပိုပြီး နားလည် သွားတယ်။ ၂ နှစ်ကျော် ပြီးချိန်မှာ အစ်မက တော် တော်လေး အ ဆင်ပြေပြေ နေနိုင်သွားတယ်။
အမျိုးသမီး တစ်ဦး ဖြစ်တဲ့ အစ်မအတွက် mining လို အလုပ်မျိုး ကို လုပ်တဲ့အခါ ဘယ်လို အခက် အခဲတွေ နဲ့ ရင်ဆိုင် ရလေ့ ရှိပါသလဲ။
အစ်မတို့က မြန်မာနိုင်ငံ မှာဆို အသေးစား လုပ်ကွက် လို့ခေါ်တဲ့ ဧက ၅ဝ ရွှေတူးတဲ့ လုပ်ငန်း ကို စတယ်။ အခက် အခဲတွေ မှာ ဘာတွေ ရင်ဆိုင်ရ လဲ ဆိုတော့ management ပိုင်း မှာပဲ အဓိကပါ။ ဒါပေမဲ့ အစ်မ က နဂို ကတည်းက ပညာ ရှင်ကို အားကိုးတဲ့ စိတ်ရှိတယ်။ ဒါကြောင့် သူ့ရဲ့ သက် ဆိုင်ရာ ကဏ္ဍ အလိုက်မှာ တတ် ကျွမ်းတဲ့ ပညာ ရှင်ကို အားကိုး လိုက်တော့ အခက်အခဲ ကတော့ သိပ်မရှိပါဘူး။ အစ်မ ရဲ့ စိတ်ဖိစီးမှု က ဒီ ပညာရှင် တွေကို ဘယ်လို management လုပ်ရမလဲ ဆိုပြီး learning လုပ်ရတဲ့ အပိုင်းပဲ ရှိပါတယ်။
လူ အများစု က အမျိုးသမီး တွေက အမျိုးသား တွေထက် စွမ်းဆောင်ရည် နိမ့်တယ် လို့ သတ်မှတ် ကြတယ်။ အဲဒီလို သတ်မှတ်ချက် ကို အစ်မ လက်ခံပါသလား။
အစ်မ အနေ နဲ့ ဆိုရင်တော့ ဒါကို လက်ခံ တယ်။ တော်တော် များများ က လက်ခံချင်မှ လက်ခံ လိမ့်မယ်။ အစ်မ က အခုဆိုရင် next marriage နဲ့ပေါ့။ ကိုယ်ချစ်တဲ့ သူ နောက် တစ် ယောက် နဲ့ လက်ထပ်ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက် ထားပါတယ်။ အစ်မ အမျိုးသား က အမြဲပြောတယ်။ ယောက်ျား နဲ့ မိန်းမ က ကွာခြားမှု မရှိဘူး ဆိုပြီးပေါ့။ အစ်မက ဒီလို မတွေးဘူး။ ကွာတယ်။ ဥာဏ်ရည်ချင်း တူတဲ့ ယောက်ျား တစ်ယောက်နဲ့ ဥာဏ်ရည်ချင်း တူတဲ့ မိန်းမချင်း ယှဉ်ရင်တော့ စွမ်းဆောင်နိုင်ရည် မှာ မိန်းမက နိမ့်တာပါပဲ။ ဥာဏ်ရည်ချင်း မတူရင်တော့ မပြောဘူးနော်။ ဘာလို့လဲ ဆိုတော့ အစ်မ တို့ရဲ့ ခန္ဓာကိုယ် မှာ အပို ပါလာတဲ့ ပစ္စည်းတွေ ကြောင့် လို့ အစ်မကတော့ ယူဆတယ်။ အစ်မ တို့မှာ ကလေး မွေးရတယ်။ မိန်းမတွေမှာ ပဲရှိတဲ့ အာဝေဏိက ဒုက္ခ ဖြစ်တဲ့ တစ်လ တစ်ကြိမ် ဓမ္မတာ လာခြင်း၊ ပြီးတော့ အစ်မတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည် ဆောက်မှုနဲ့ အစ်မတို့ရဲ့ ကြံ့ခိုင်နိုင်တဲ့ စွမ်းအားက ဘယ်လိုနည်း နဲ့မှ ယောက်ျားတွေ နဲ့မယှဉ်နိုင်ဘူး။ ယောက်ျားတွေ မှာ ဒီဒုက္ခတွေ မရှိဘူးလေ။ အစ်မက discrimination လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ထက် ညံ့တဲ့ ယောက်ျား တစ်ယောက်နဲ့ ယှဉ်ရင်တော့ နိမ့်မှာ မဟုတ် ဘူးလေ။ နောက် ပြီး အစ်မ တို့မှာ မိခင်စိတ် ဆိုတာရှိတော့ ပြတ်သားမှု မှာ ယောက်ျားတွေ နဲ့ ယှဉ်ရင် အစ်မတို့က မပြတ် သားနိုင်ကြဘူး။
အစ်မ တို့က မိဘမျိုးရိုး အလိုက် ရွှေပန်းထိမ် အလုပ်ကို အစဉ် အဆက် လုပ်ကိုင် ခဲ့တာ ဆိုတော့ မြန်မာ့ ပန်းထိမ် အဆင့် အတန်း ကို အစ်မ ဘယ်လို သုံးသပ်မိပါသလဲ။
မြန်မာတွေ ရဲ့ ကျောက်မျက် ရတနာနဲ့ ပတ်သက်တဲ့ နားလည် မှုကို သုံးသပ် ရင်တော့ မြန်မာ့ ပန်း ထိမ် လုပ်ငန်းကို နိုင်ငံတကာ နဲ့ သတ်မှတ်ရင် အဆင့်မီတယ် လို့ သတ်မှတ် ရမှာပေါ့။ ဘာလို့လဲ ဆိုတော့ ရိုးရာ ယဉ်ကျေးမှုအမွေ လေ။ အစ်မတို့ လုပ်နိုင်တာမျိုးကို တခြားနိုင်ငံတွေ မှာ လုပ်ဖို့က ခဲယဉ်းလိမ့်မယ်။ ဥပမာ – အစ်မတို့ ရဲ့ ရွှေဆိုင်း လုပ်ငန်း ဆိုပါတော့။ ပန်းထိမ် လုပ်ငန်း ဆိုတာက ယဉ်ကျေးမှု နဲ့ ဆက် နွှယ်နေတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် အစ်မတို့ရဲ့ ယဉ်ကျေးမှု နဲ့ အစ်မ တို့ရဲ့ တတ်တဲ့ knowledge တွေက အတူတူ ပဲလို့ အစ်မက ယူဆတယ်။ ဒါပေမဲ့ ခေတ် ရဲ့ demanding တောင်းဆိုမှု မှာတော့ မတူဘူး။ ဘာလို့လဲဆို တော့ ရိုးရာ တီထွင်မှု နဲ့ ခေတ်ရဲ့ တီထွင်မှု က ကွာတာကိုး။ အစ်မတို့ ဆီမှာ လိုနေ တာက quality control ပိုင်းပဲ။ quality control ဆိုတာက သင်္ချာ တွက်သလို အမြဲမှန် ကန်နေရ မယ်။ လက်မှု ပစ္စည်း တစ်ခု မဟုတ်တော့ ဘူး။ နိုင်ငံတကာ မှာက ခေတ်မီ စက် ကိရိယာတွေ ရှိ တယ်။ ဥပမာ -ရွှေရဲ့ အရည်အသွေးကို စစ်ဆေး တဲ့အခါ ရွှေရဲ့ density အတွင်းထဲမှာ ပါတဲ့ ပါဝင်မှုတွေရဲ့ percentage ကို နောက်ဆုံးပေါ် testing machine တွေနဲ့ အတိအကျ  ratio တွေနဲ့ တွက်လို့ ရတယ်။ အစ်မတို့ ရိုးရာ ယဉ်ကျေးမှု မှာတော့ မှတ်တိုက် တဲ့ နည်းပညာ နဲ့သွားတယ်။ ဒီတော့ quality control ပိုင်းမှာတော့ နိုင်ငံတကာ အဆင့်အတန်း နဲ့ ကွာတယ်။ အစ်မတို့နိုင်ငံ က လက်မှုနိုင်ငံ၊ စက်မှုနိုင်ငံ မဟုတ်ဘူး။ ဒီတော့ manufacture product လိုမျိုး အမြောက်အမြား ထုတ်လုပ်တဲ့ နေရာမှာ လူအင်အား ကို အများကြီး သုံးရတော့ ကုန်ကျ စရိတ်တွေ ပိုပြီးများ တယ်။
မြန်မာပြည်က customer တွေကရော နိုင်ငံတကာက သတ်မှတ်ချက် အဆင့်အတန်းတွေ ကို တကယ် နားလည်ပြီး လက်ခံ ကြရဲ့လား။ နိုင်ငံ တကာ မှာတော့ ဒီပစ္စည်း ကို လက်ခံပြီး ဒီမှာတော့ လက်မခံဘူး ဆိုတာမျိုးရော ရှိပါသလား။
ရှိပါတယ်။ ဒါက အစ်မတို့ အတွက် big challenge ပါပဲ။ customer တွေနဲ့ ဆက်ဆံမှု ပါ အစ်မတို့ရဲ့ အခက်ခဲဆုံး အပိုင်းပါပဲ။ ဘာလို့လဲ ဆိုတော့ customer တွေမှာ အစ်မတို့ရဲ့ မိရိုးဖလာ ရှေးရိုးစွဲ သင်ကြား လာမှုတွေမှာ အစ်မ တို့နဲ့ အခုချိန် မှာ မတူတော့။ ရွှေကို မီးရှို့လိုက်လို့ အလင်းရောင် ထွက်နေရင် ဒါက မီးလင်းခေါက်။ ၁ဝဝ ရာခိုင်နှုန်း  Gold လို့ သတ်မှတ်ကြပေမယ့် အစ်မတို့က စံချိန် စံညွှန်းစစ်တဲ့ စက်တွေနဲ့ စစ်လိုက်တဲ့ အချိန်မှာ သူက မီးလင်းပေမယ့် ၁ ရာခိုင်နှုန်း၊ ဝ.၁ ရာခိုင်နှုန်း စ သဖြင့် တခြား အရာတွေ ပါနေတတ် တာကို တွေ့ရတယ်။ ဒီတော့ အမြင် အားဖြင့် မီးလင်းပေမယ့် ၁ဝဝ ရာခိုင်နှုန်း Gold မဟုတ်ဘူး။ ဒါတွေကို ပြောပြတော့ သူတို့ က နားလည်နိုင်မှု အားက နည်းတယ်။ နောက်ပြီး ကျောက်မျက် ရတနာတွေနဲ့ ပတ်သက်တဲ့ ကိစ္စ တွေမှာလည်း ဒီလိုပဲ။ ဥပမာ – ဒီကျောက်က မိုးကုတ်က ထွက်တဲ့ ကျောက် အစစ်။ အဘွား လက်ထက်တုန်း ကတော့ ဘယ်လောက် ပေးရတယ်ပေါ့။ အဲဒီအချိန်မှာ အဲဒီ quality က အဲဒီဈေး ဖြစ်ပေမယ့် ဒီအချိန်မှာတော့ အဲဒီဈေး ဖြစ် ချင် မှပဲ ဖြစ်တော့မယ်။ အရင်တုန်းက cut လုပ်ပြီး သွေးတဲ့ နည်းပညာ မရှိသေးတော့ လုံးချော တွေ သွေးထားတယ်။ အဲဒီတော့ တချို့လုံးချော တွေက ပြန်ပြီးတော့ cut လုပ်ပြီး သွေးလို့ ရပေမယ့် တချို့ ကျောက်တွေက ပြန်သွေးလို့ မရဘူး။ ဒီ အတွက် ဈေးနှုန်း ကွာဟချက်က ရှိတယ်။ ဒါပေမဲ့ ရိုးရာ အစွဲ မှာက ပတ္တမြား လုံးချောမှ တန်ဖိုး ပိုရှိ တယ်လို့ စွဲနေတာမျိုးတွေ ရှိတယ်။ ဒါတွေကလည်း အစ်မတို့ရဲ့ အခက်အခဲ ပဲပေါ့။ နောက်ပြီး မီးဖုတ် ကျောက်တွေပေါ့။ မီးဖုတ်ထားတဲ့ ကျောက်တိုင်း က တန်ဖိုး မရှိဘူး မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေ မှာက မီးဖုတ်ကျောက် ဆိုရင် တန်ဖိုး မရှိဘူးဆိုတဲ့ အမြင်မျိုး အတွေး မျိုးရှိနေတတ်တယ်။ အခုက ခေတ်မီ နည်း ပညာ တွေကြောင့် ခေတ်က ပြောင်း သွားပြီ။ ဒါတွေကို အစ်မ တို့က အများကြီး ညှိနှိုင်း ပြီး လုပ်ရတယ်။
နိုင်ငံတကာ ဈေးကွက် မှာရော မြန်မာ့ရွှေ နဲ့ မြန်မာ့ကျောက်မျက် ရတနာတွေက ရောင်းပန်းပွင့် ပါရဲ့လား။
ဒါကိုပြော ရင်တော့ နှစ်ပိုင်းခွဲ ပြောရလိမ့် မယ်။ မြန်မာရွှေက အခုချိန်ထိ နိုင်ငံတကာ ဈေးကွက်ကို တရားဝင် export မလုပ်ဖူးသေးဘူး။ ဒီတော့ ရွှေနဲ့ပြော ရင်တော့ မြန်မာ့ရွှေ လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ရွှေ ကတော့ ဒီဒြပ်ပေါင်း ပဲဖြစ်တော့ ဘယ်က ရွှေဖြစ်ဖြစ် အတူတူပဲ ပေါ့။ အစ်မ တို့နိုင်ငံက ရွှေတွေ အများကြီး ထွက် တယ်။ ဒီတော့ နောင်တစ်ချိန် မှာ ထုတ်ကုန် တစ်ရပ် အနေနဲ့ ဖြစ်လာနိုင်တယ်။ ရတနာ ကျတော့ မတူ ဘူး။ ရတနာက သူ့ရဲ့ Crystal Composition က သူဖြစ်ပေါ် လာတဲ့ နေရာပေါ် မှာ မူတည်ပြီး အရောင် အသွေးက ကွာခြားတယ်။ ကမ္ဘာပေါ်မှာ မြန်မာ့ ပတ္တမြား၊ မြန်မာ့ ကျောက် စိမ်းပေါ့။ မြန်မာပြည်က ထွက်တဲ့ ရတနာတွေက ကမ္ဘာပေါ် မှာ အကောင်းဆုံး လို့ ဒီနေ့ ဒီအချိန် အထိ သတ် မှတ်ထားတယ်။ အဲဒီ အတွက် ကမ္ဘာ့ ဈေးကွက်မှာ မြန်မာ့ ရတနာက နံပါတ် တစ်နေရာမှာ ရှိနေပါ တယ်။
အစ်မ အနေနဲ့ ပြောရရင်တော့ ရွှေ နဲ့မြန်မာ့ ရတနာတွေကို ထုတ်ကုန် တစ်ခု အနေနဲ့ ထုတ်ပြီး ပြည်ပ ဈေးကွက်ဝင်ဖို့ ကြိုးစားသင့်တယ် လို့ ထင်ပါသလား။
ဒီကိစ္စက နူးညံ့ သိမ်မွေ့ပါတယ်။ လူတွေမှာ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ အစ်မအမြင်နဲ့ ပြောရရင်တော့ export လည်း လုပ်သင့်တယ်။ import လည်း လုပ်သင့် တယ်။ ဘာလို့လဲ ဆိုတော့ ဥပမာ – အစ်မတို့နိုင်ငံ က ရွှေတွေ ထွက်တယ်။ တချို့ ကျောက်မျက်ရတနာတွေ ကျတော့ အစ်မတို့ နိုင်ငံမှာ မထွက်တာ ရှိတယ်။ ဒါဆို ဒီ လိုကျောက် မျိုးတွေကို အစ်မ တို့က import လုပ်ပြီး အစ်မတို့ နိုင်ငံက ထွက်တဲ့ ရွှေနဲ့ ဒီက လူအင်အား နဲ့ပေါင်းပြီး value added လုပ်ပြီး export ပြန်လုပ်ရင် အစ်မ တို့နိုင်ငံ က အမြတ်အစွန်း ပိုရနိုင်တယ်။ ဒါမျိုးက လုပ်သင့်တယ်။ value added လုပ်ရင် အစ်မတို့က ဘယ်လို အကျိုးကျေးဇူး တွေရမလဲ ဆိုတော့ လူတွေ အလုပ် အ ကိုင် အခွင့်အရေး များ တယ်။ နည်းပညာ သစ်တွေကို လေ့လာနိုင်မယ်။ နိုင်ငံတော် အတွက်  tax တွေ လည်း တိုးလာနိုင် တယ်။
နိုင်ငံတကာ နဲ့ ဆက်သွယ်ပြီး လုပ်ငန်းတွေ လုပ်နေတဲ့ အစ်မ အနေနဲ့ မြန်မာပြည်ရဲ့ FDI (Foreign Direct Investment) နဲ့ ပတ်သက်ပြီး ဘာများဆွေးနွေး ချင်ပါ သလဲ။
အစ်မက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ပါ။ စီးပွားရေး ပညာရှင် တစ်ယောက် မဟုတ်ဘူး။ ဒါမျိုးက စီးပွားရေး ပညာရှင်တွေ ပြောတာက ပိုမှန်လိမ့်မယ်။ ဒါပေမဲ့ အစ်မ ရဲ့ တတ်သလောက် အမြင် အနေနဲ့ ပြောရရင်တော့ FDI က ခွင့်ပြုရ မယ်။ လုပ်ရမယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ အစ်မတို့က တိုင်းရင်းသား လုပ်ငန်း ရှင်တွေ ကိုပဲ အတင်း ကာကွယ်နေလို့ မရဘူး။ အဲဒီလိုပဲ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူတွေကိုလည်း အရမ်း favour ပေးလို့မရဘူး။ ခွင့်ပြုပေး မှ အစ်မတို့ နိုင်ငံက အထေ တိုး လာနိုင်တယ်။ အစ်မတို့နိုင်ငံမှာ လည်း နည်းပညာသစ်တွေ ရမယ်။ ပြိုင်ဆိုင်မှုတွေ လည်း ရှိလာတော့ တီထွင်မှု ရှိလာပြီး တိုးတက်မယ်။ ခွင့်ပြုတဲ့ အချိန်မှာ ဥပဒေ နည်းလမ်းက တိတိကျကျ လိုက်နာရမယ် ဆိုတဲ့ အသိပညာ ရှိသင့် တယ်။ ရရှိလာနိုင် တဲ့ အထေ တွေနဲ့ ကိုယ့်နိုင်ငံ ကို ပိုပြီးကောင်းအောင် ဖန်တီးလို့ ရမယ်။
tax ဆိုလို့ အစ်မရယ် လုပ်ငန်းရှင် တော် တော်များများ က ရှောင်ဖို့ နဲ့ ဆောင်တဲ့ အခါမှာ လည်း လျှော့ပြီးဆောင် ဖို့ပဲ ကြိုးစား ကြတယ်။ ဒီကိစ္စတွေ နဲ့ ပတ်သက်ပြီး အစ်မ ဆွေးနွေးပေးပါ ဦး။
အစ်မက အစ်မ အဖေက ဝန်ထမ်း တစ် ယောက်။ အစ်မအမေ ရဲ့မျိုးရိုးက စီးပွားရေး လုပ် ငန်းရှင်တွေ။ အစ်မ ကလည်း စီးပွားရေး လုပ်ငန်း ရှင်ပေါ့။ ဒီတော့ အစ်မ အနေနဲ့ ဆိုရင် နိုင်ငံရဲ့ အထေ ကို စားသုံးခဲ့သူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဖေက ဝန်ထမ်းကိုးနော်။ နိုင်ငံသား တစ်ယောက် အနေနဲ့ ပြောရရင် နိုင်ငံ တစ်နိုင်ငံ အ တွက် အထေ က မဖြစ်မနေ လိုအပ်တယ်။ နိုင်ငံကိုအချုပ် အချာတည်ဖို့ နိုင်ငံ တိုးတက်ဖို့အတွက် လို အပ်တယ်။ ဒါကြောင့် နိုင်ငံသား တစ်ယောက် အနေ နဲ့  tax က ပေး သင့်တယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် အနေနဲ့ ကြည့်တော့ ဒီ  tax ရဲ့ Rules & Regulation တွေက မဖြစ်သင့် တာတွေ ရှိနေပြန်တယ်။ နောက်ပြီး အစ်မ တို့ ပေး ဆောင်လိုက်တဲ့ tax  တွေ က ပြုန်းတီးမှုတွေရှိ နေတယ်။ ဒီတော့ လက် ခုပ်နှစ်ဖက် တီးသလို ရောင်းသူဝယ်သူ အသံ တူလိုမျိုး ဖြစ်သွားတာပေါ့။ ဒီတော့ အစ်မ တို့ tax တွေကို ပြုန်းတီးမှု မဖြစ်အောင် လုပ်တဲ့ system ရှိရင် စီးပွားရေး လုပ်ငန်းရှင်တွေက ပေးဆောင် ကြမှာပါ။ အစ်မ ကတော့ ကိုယ်ဆောင်ရမယ့် အခွန် အခ အားလုံး ကို ဆောင်ပါတယ်။
အစ်မက မိခင် တစ်ယောက် ဖြစ်တဲ့ အတွက် ပညာရေး နဲ့ ပတ်သက်ပြီး အကြံပြု လိုတဲ့ အချက်တွေ မိဘ အချင်းချင်း ဝေမျှချင်တာတွေ ရှိရင် ပြောပြ ပေးပါ။
လူ့ ဘောင်လောက တစ်ခုလုံးမှာ အရေးကြီးဆုံး က ပညာရေးပါ။ ပညာရေးမှာ နှစ်ပိုင်း ရှိတယ်။ သင်ယူတာ ရယ် လေ့လာတာရယ်ပါ။ နုနယ်တဲ့ ကလေးတွေ မှာ ၂ ခုလုံး လုပ် ရပါ တယ်။ အစ်မရဲ့ သားတွေ ကိုလည်း အစ်မက နှစ်ခုလုံး ကို လုပ်ပေး တယ်။ အခုခေတ်က အစ်မ တို့နဲ့ မတူတော့ဘူး။ မတူတာမှ စားသောက်ပုံ က အစ ပြောင်းသွား တယ်။ အရင်တုန်းက အစ်မ တို့က ထမင်း ကို ပဲကြိုက် နှစ်သက်ကြ ပေမယ့် ဒီခေတ် ကလေး တွေကတော့ နိုင်ငံတကာ နဲ့ ထိတွေ့ ဆက်ဆံ လာစရာ များလာ တာနဲ့ အမျှ အဲဒီက အစား အသောက် တွေဖြစ် ခေါက်ဆွဲခြောက်တွေ ဟမ် ဘာဂါ၊ ပီဇာဒါတွေပဲ ကြိုက် တာမျိုးလည်း ဖြစ် နိုင်တယ်။ ဒီလို ပြောင်းလဲ သွားတာကို မိဘတွေ လက် ခံနိုင်ရ မယ်။ အဓိက ကျန်းမာရေး နဲ့ ညီညွတ်တာကို စားသုံး တတ်အောင်ပဲ သင်ပေးရမယ်။ ပညာရေး မှာလည်း မြန်မာ့ ပညာရေး စနစ် ရှိသလို ပုဂ္ဂလိက ဖွင့် တဲ့ International School တွေ ရှိလာပြီ။ ဒီနှစ်ခုမှာ ဘာကွာလဲ ဆိုတော့ ကွာတာ မရှိပါဘူး။ International School တွေ တက်လို့ ကလေး တွေ ကိုယ်နှုတ် အမူအရာ တွေ ရိုင်းလာတယ် လို့ ပြောကြတယ်။ ဒါက မိဘနဲ့ပဲ ဆိုင်ပါတယ်။ မိဘက သွန်သင်ပေးပေါ့။ ဘာသာရေး လည်း ဒီလိုပါပဲ။ ပညာရေး နဲ့ အတူ ဘာသာရေးကို မိဘတွေ က educate လုပ်ပေး ထားရမယ်။ ကလေးတွေ ရဲ့ အတွေးက ဘာသာ ရေးနဲ့ဆိုင် တယ်။ ဘာသာတိုင်းက philosophy က လာ တာပါ။ လူတစ်ယောက်ရဲ့ ဆက်စပ် တွေးခေါ်မှု က သူ့ဘာသာရဲ့ အခြေခံပါပဲ။ လူကြီးနဲ့ လူငယ် ဆက်ဆံရေး မှာလည်း လူ့လောကရဲ့ ကျင့်ဝတ် ဝတ္တရားတွေ ကို သင်ထားပေးရမယ်။ ကလေးတွေ ရဲ့ (Why) တွေကို ပြန်ဖြေတဲ့အခါ သေချာ နားလည်အောင် ရှင်းပြပေးနိုင်ရမယ်။
အမျိုးသမီး တစ်ယောက် အတွက် အရေး ကြီးဆုံး ကိစ္စက ဘာဖြစ်မလဲ အစ်မ။
အမျိုးသမီး ဆိုတာ မှာ အိမ်ထောင် မရှိတဲ့သူနဲ့ အိမ်ထောင် ရှိတဲ့ သူဆိုပြီး နှစ်မျိုးခွဲ ပြောရလိမ့်မယ်။ အိမ်ထောင် မရှိတဲ့သူ အတွက် ဆိုရင်တော့ အောင်မြင်မှု၊ သူ့ရဲ့ဘဝမှာ သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်မှု၊ နောက်ပြီး ဂုဏ်သိက္ခာပေါ့။
အဲဒါတွေက အရေးကြီးတယ်။ အိမ်ထောင်ရှိတဲ့ အမျိုးသမီး ကျတော့ အရာ အားလုံးက အရေးကြီး တယ်။ ကိုယ့်ရဲ့ လင်ယောက်ျား အပေါ် နားလည်မှု၊ သားသမီးတွေ အပေါ် ချစ်ခင်မှု၊ အတွေးအခေါ် မှန်ကန်မှု ဒါတွေက အရေးကြီးတယ်။ ဘယ်လို မိန်းမအတွက် မဆို အရေးကြီးဆုံး ကတော့ ကိုယ် ကျင့်တရားနဲ့ ဂုဏ်သိက္ခာပါပဲ။
ဒါဆိုရင် မိသားစုတစ်ခုမှာ အိမ်ထောင် ရှင်မ တစ်ယောက်ရဲ့ အခန်းကဏ္ဍက ဘယ်လောက် အထိ အရေးပါပါသလဲ။
အရမ်းကို အရေးပါတာ ပေါ့။ အစ်မတို့မှာက မိခင်စိတ် ဆိုတာရှိတယ်။ အစ်မတို့ဆိုရင် နှစ်ဦးလုံး အလုပ် လုပ်ကြတယ်။ နှစ်ယောက်လုံး မနက် ၈ နာရီခွဲ ရုံးတက်တယ်။ ညနေ ၅ နာရီခွဲ ရုံးဆင်း တယ်။ ဒါပေမဲ့ မနက်ခင်းရဲ့ breakfast ကို သူက မစီစဉ်ရဘူး။ အစ်မက စီစဉ်ရတယ်။ ဘယ်သူကမှ အစ်မကို မခိုင်းဘူး။ အစ်မက မိခင် စိတ်ကြောင့် လုပ်ချင်လွန်း လို့လုပ်တာ။ ကိုယ့်သား တွေစားဖို့။ ကိုယ့်ခင်ပွန်းစားဖို့ သူတို့ဝတ်ဖို့ အဝတ်အစား။ အရာအားလုံး စီစဉ်ပေးချင်တာလေ။ အစ်မတို့က မိန်းမ ဆိုတဲ့ ဗီဇကြောင့် လုပ်ကြတာလေ။ အိမ် ထောင်ရှင်မ ဆိုတာ coordinater လို ဖြစ်နေ တာပါ။
လုပ်ငန်းတစ်ခု အောင်မြင်ဖို့ အတွက် teamwork ကို ဘယ်လို ဖော်ဆောင်ရမယ်ဆိုတာ ရှင်းပြပေးပါလား။
လုပ်ငန်းအောင်မြင်ဖို့က  teamwork က အရေးကြီးသလို သက်ဆိုင်ရာ ပညာရှင်တွေရဲ့ ကျွမ်းကျင်မှုကို fully authority ကို တတ် နိုင်သလောက် ပေးခြင်းက ပိုပြီး အရေး ပါတယ်။ ကုမ္ပဏီတစ်ခု မှာ department တွေ အများကြီး ရှိလိမ့်မယ်။ ငွေကြေးကို ထိန်းချုပ်တဲ့ ဌာနရှိမယ်။ သုံးစွဲမယ့် ဌာနရှိမယ်။ production လုပ်တဲ့ ဌာန ရှိမယ်။ ဒီကဏ္ဍအလိုက် သူတို့မှာ လုပ်ပိုင်ခွင့် ရှိရမယ်။ အစ်မက ကိုယ့်လုပ်ငန်း က ဝန်ထမ်း တွေကို ဆိုင်ရာ ကဏ္ဍ အလိုက် ပညာရှင်တွေ ထားထားတယ်။ အစ်မ ကိုယ်တိုင်ကလည်း ဒီကုမ္ပဏီက ဝန်ထမ်း တစ်ယောက် အနေနဲ့ ခံယူ ထားတယ်။ အစ်မက ပိုင်ရှင်ပါ ဆိုတဲ့စိတ် ဘယ် တော့မှ မထားဘူး သူတို့ နဲ့ အတူတူ အလုပ် လုပ် တယ်။ ဒါကြောင့် အစ်မ အနေ နဲ့ teamwork နဲ့ ပတ်သက်ပြီး အခက်အခဲ မရှိခဲ့ပါဘူး။
ဖြိုးစုပိုပို
http://yatimagazine.com/archives/11010

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။