Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 17, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုရင်



ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုရင်
============================
ဆောင်းပါးလေးကို ကြိုက်လို့ မဖတ်ရသေးသူများ ဖတ်လို့ရအောင် လင်းလက်ကြယ်စင် မှ ကိုယ်တိုင်စာစီပြီး မျှဝေမှုအားကူးယူပြီး ထပ်ဆင့်ဖြန့်ဝေလိုက်ပါတယ်။
----------
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုရင်

ရေးသားသူ - ဦးဝင်းထွဋ်ဇော်

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ၂၂.၄.၂၀၁၃ရက်နေ့က သမ္မတဦးသိန်းစိန်ရရှိတဲ့ ငြိမ်းချမ်းရေးဆုကို သမ္မတကိုယ်စား နယူးယောက်မြို့မှာ လက်ခံရယူခဲ့စဉ်မှာ “၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေးအတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်”လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ ဦးအောင်မင်းဟာ နယူးယောက်မြို့မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံသားတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ယင်းသို့ ပြောဆိုသွားတာလို့ သိရပါတယ်။

၂၀၁၃ခုနှစ် မတ်လအတွင်းကလည်း အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များဖွဲ့ရန် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တယ်။ ထိုအဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၂ခုနှစ်အတွင်းကလည်း သမ္မတဦးသိန်းစိန်က ပြည်သူတွေက “ပြည်သူတွေကသာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်တွေ့ချင်တယ်ဆိုရင် လက်မခံနိုင်စရာမရှိဘူး”လို့ ပြောခဲ့တယ်။ ဒါ့အပြင် သမ္မတနဲ့သမ္မတရုံးဝန်ကြီးတွေကလည်း “ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ကူညီနေတယ်”လို့ ပြောဆိုခဲ့ပါတယ်

ဒီနောက် သမ္မတ ဦးသိန်းစိန် ၆၇ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောရာမှာလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးပြောဆိုခဲ့တယ်”လို့ သတင်းတစ်ရပ်က ဆိုပါတယ်။

ထိုထိုသော ပြောစကား ၊ ဆိုစကားတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း “ကျွန်မ သမ္မတလုပ်ချင်ပါတယ်။ ဘာဖြစ်လို့ သမ္မတလုပ်ချင်သလဲဆိုရင် သမ္မတဖြစ်မှသာ ပြည့်ဝတဲ့လုပ်ပိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ အဲဒီလိုရရှိမှ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကျွန်မ အပြည့်အ၀လုပ်ပေးနိုင်မှာပါ။ ဒါကြောင့် သမ္မတဖြစ်ချင်တယ်လို့ ပြောတာပါ”လို့ နတ်မောက်မြို့မှာ ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိစ္စကို ပြောကြားရာမှာတော့ သမ္မတဦးသိန်းစိန်ကရော ၊ ဦးအောင်မင်းကရော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပါ ပြည်သူလူထုကလိုလားရင် ဆိုတဲ့စကားကို ထည့်သွင်းပြောခဲ့ကြပါတယ်။


ဒီမိုကရေစီနိုင်ငံတွေမှာ

ဟုတ်ပါတယ်။ တကယ့်ဒီမိုကရေစီစစ်စစ် နိုင်ငံတွေမှာတော့ ပြည်သူလူထု လိုလားထောက်ခံမှသာ သမ္မတဖြစ်ကြရတာပါ။

ယခုလည်း “လက်ရှိ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအရ သမ္မတဖြစ်လာခွင့်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ရေးအတွက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်”ဆိုတဲ့ ပြောစကားတွေကို မကြာခဏကြားနေရပါပြီ။

ဒီတော့ စဉ်းစားစရာရှိလာတာကတော့ “၂၀၁၅ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမှာလားဆိုတဲ့ အချက်နဲ့ “အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာခဲ့ရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်သလဲ”ဆိုတဲ့ မေးခွန်းတို့ပဲ ဖြစ်ပါတယ်။



ဒေါ်စု သမ္မတဖြစ်ရေး

အကယ်၍သာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွေအမီ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီး ၂၀၁၅ရွေးကောက်ပွဲတွေဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအဖြစ် ဧကန်အမှန်ဖြစ်ပေါ်လာမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေးဟာ ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ ဆိုရမှာပါ။

အကယ်၍ ၂၀၁၅ရွေးကောက်ပွဲတွေဟာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေဟာ လွှတ်တော်နှစ်ရပ်ရဲ့ ကိုယ်စားလှယ်အရေအတွက်ရဲ့ အများစုကြီး (overwhelming majority) ဖြစ်လာမှာပါ။

ထိုအခါမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အကယ်၍ လွှတ်တော်ကိုယ်စားလှယ်တွေက သမ္မတကို ရွေးချယ်ရတဲ့စနစ်မျိုးဆိုရင်လည်း သမ္မတဖြစ်ဖို့ အခွင့်အလမ်းများမှာ ဖြစ်တယ်။ သို့မဟုတ် သမ္မတကို လူထုက တိုက်ရိုက်ရွေးချယ်တဲ့ စနစ်မျိုးမှာဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ ၉၀ရာခိုင်နှုန်း သေချာတယ်လို့ပင် ပြောနိုင်မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅မှာ ဒေါ်အောင်ဆန်စုကြည် သမ္မတဖြစ်လာတယ်ဆိုရင်တော့
၁။ ကျွန်တော်တို့ နိုင်ငံအတွက် ရလဒ်ကောင်းတွေ အများအပြား ပေါ်ပေါက်လာမှာ သေချာပါတယ်။

၂။ ထိုရလဒ်ကောင်းတွေနဲ့အတူပဲ ဒီမိုကရေစီဖော်ဆောင်ရေးခရီးလမ်းမှာ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်လာမှာ သေချာပါတယ်။


ရလဒ်ကောင်းတွေ ရရှိလာမှာဖြစ်

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပြီး NLD အဖွဲ့ချုပ် အစိုးရဖြစ်လာခဲ့ရင် (အခြားဘယ်လိုအတားအဆီးအနှောင့်အယှက်တွေကိုမှ မတွေ့ရဘဲ အာဏာလွှဲပြောင်းမှုဖြစ်စဉ်ဟာ ချောမွေ့လိမ့်မယ်ဆိုတဲ့ ယူဆချက်တွေအပေါ်မှာ အခြေခံတွေပါ)။ ကျွန်တော်တို့ နိုင်ငံဟာ အောက်ပါအချက်ကောင်းတွေကို ရရှိလာမှာဖြစ်တယ်။

၁။ ပြည်တွင်းစစ်ပွဲတွေကို ရပ်စဲအောင်လုပ်ဆောင်ကာ တိုင်းရင်းသားအားလုံးရဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်မှာဖြစ်ခြင်း။

၂။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်ခြင်းကြောင့် နိုင်ငံကို ပြည်လည်ထူထောင်ရာမှာ ပြည်သူတွေ ပိုမိုပါစင်လာမှာဖြစ်ခြင်း။

၃။ နိုင်ငံရဲ့စီးပွားရေးအကျိုးရလဒ်တွေ ၊ သယံဇာတတွေကို ပြည်သူတွေအတွက် အပြည့်အ၀ အသုံးပြုနိုင်မှာဖြစ်ခြင်း။

၎။ ခရိုနီစနစ်ကို ဖျက်သိမ်းနိုင်တာနဲ့အမျှ ၎င်းတို့ရရှိမယ့် ဓနဥစ္စာတွေကို နိုင်ငံနဲ့ ပြည်သူတွေအတွက် အပြည့်အ၀ အသုံးပြုလာနိုင်မှာဖြစ်ခြင်း။

၅။ ယခင်စစ်အစိုးရခေတ်အဆက်ဆက်က ပြည်ပနိုင်ငံတွေကို ထွက်ခွာသွားခဲ့ကြတဲ့ အသိပညာရှင်တွေ ၊ အတတ်ပညာရှင်တွေ နိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့အတွက် ၎င်းတို့ရဲ့ စွမ်းရည်တွေ ကျွမ်းကျင်မှုတွေကို နိုင်ငံအတွက် အသုံးပြုလာနိုင်မှာဖြစ်ခြင်

၆။ နိုင်ငံခြားတိုင်းပြည်တွေ ၊ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ရာမှာ ကြားပွဲစားတွေနဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်း လုပ်ဟန်တွေ မရှိတဲ့အတွက် နိုင်ငံအတွက် ပိုမိုအကျိုးခံစားရနိုင်ခြင်း။

၇။ ပညာရေး ၊ ကျန်းမာရေး အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်နိုင်တဲ့အတွက် နိုင်ငံနဲ့ ပြည်သူတွေအနေနဲ့ အကျိုးရလဒ်တွေကို ပိုမိုရရှိခံစားရနိုင်ခြင်း ၊ အတတ်ပညာရှင် ၊ အသိပညာရှင်တွေ ပိုမိုပေါ်ထွက်လာနိုင်ခြင်း။

၈။ နိုင်ငံတကာမှ စီးပွားရေးအကူအညီများ ပိုမိုရရှိလာနိုင်ခြင်း။

၉။ စီးပွားရေးစနစ်ကို ဒီမိုကရေစီနည်းကျ ဆောင်ရွက်တဲ့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ ၊ စီးပွားရေး အဟောသိကံဖြစ်မှုတွေ လျော့ကျပျောက်ကွယ်နိုင်ခြင်း။

၁၀။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (good governance) ကို တည်ဆောက်နိုင်တဲ့အတွက် အုပ်ချုပ်ရေးယန္တယား ၊ ပိုမိုလွတ်လပ်မြန်ဆန်ကာ စွမ်းရည်မြင့်မားလာနိုင်ခြင်းဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။


စိန်ခေါ်မှုတွေလည်း ကြုံရနိုင်

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာခဲ့ရင် အထက်ပါအကျိုးရလဒ်တွေကို ရရှိလာနိုင်ပေမယ့် စိန်ခေါ်မှုအများအပြားကိုလည်း ကြုံတွေ့ရလာနိုင်ပါတယ်။ ယနေ့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ပါတယ်လို့ ဘယ်သူတွေ ဘယ်လိုပင် ပြောနေကြပေမယ့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို မလိုလားသူတွေ ၊ ဒီမိုကရေစီစနစ်အောင်မြင်မှာကို စိုးရိမ်ထိတ်လန့်နေကြသူတွေ အုံနဲ့ကျင်းနဲ့ ရှိနေကြပါသေးတယ်။ ထိုသူတွေကတော့ ဒီမိုကရေစီကင်းမဲ့တဲ့ နိုင်ငံရေး ၊ စီးပွားရေးစနစ်တွေ အောက်မှာ အကျိုးအမြတ်တွေ လှိုင်လှိုင်ကြီး ခံစားခဲ့ကြရသူတွေပါ။

ဒါ့ကြောင့် ထိုသူတွေဟာ ဒေါ်စု သမ္မတလုပ်တဲ့ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့အချိန်မှာ -


၁။ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် လုပ်ဆောင်ခြင်း။ လူမျိုးရေး ၊ ဘာသာရေးပဋိပက္ခတွေနဲ့ လူမှုရေး ပဋိပက္ခတွေ ပေါ်ပေါက်လာအောင် သွေးထိုးလှုံ့ဆော်ခြင်း။

၂။ စီးပွားရေး မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခြင်း။ ကုန်ဈေးနှုန်းတွေ မြင့်တက်အောင် ဖန်တီးခြင်း။ ဈေးကွက်မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခြင်း။ ဈေးကစားခြင်း။ ငွေကြေးဖောင်းပွအောင် ဆောင်ရွက်ခြင်း။

၃။ ဒီမိုကရေစီ အင်အားစုအချင်းချင်း သွေးကွဲအောင် ဆောင်ရွက်ခြင်း။

၎။ ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အယုံအကြည်ကင်းမဲ့အောင် ဆောင်ရွက်ခြင်း။ ၀ါဒဖြန့်ခြင်း။ သွေးထိုးလှုံ့ဆောင်ခြင်း။

၅။ ပြည်သူတွေ စိတ်ဓာတ်ကျဆင်းလာအောင် စိတ်ဓာတ်ပျက်ပြားအောင် ဆောင်ရွက်ခြင်း။ မူးယစ်ဆေးဝါး ၊ လောင်းကစားစတာတွေနဲ့ မှိုင်းတိုက်ခြင်း။

၆။ တိုင်းရင်းသားတွေအကြားမှာ ညီညွတ်ရေးမရရှိအောင် ဆောင်ရွက်ခြင်း။ ပြည်တွင်းစစ်ပွဲတွေ အဆုံးမသတ်နိုင်အောင် သို့မဟုတ် ပိုမိုတောက်လောင်လာအောင် ဆောင်ရွက်ခြင်း။

၇။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြဿနာတွေ ပေါ်ပေါက်လာအောင် ဖော်ဆောင်ခြင်း။

၈။ အလုပ်သမား ၊ လယ်သမားပြဿနာတွေ ပေါ်ပေါက်လာအောင် ဖော်ဆောင်ခြင်း။

၉။ ဒီမိုကရေစီ လူထုခေါင်းဆောင်နဲ့ ဒီမိုကရေစိအစိုးရအား နိုင်ငံရေးထောင်ချောက်အမျိုးမျိုးဆင်ခြင်း ၊ အလုပ်မလုပ်ရတဲ့အထိ (defunct) ဖြစ်အောင် ဆောင်ရွက်ခြင်း စတာတွေကို လုပ်ဆောင်လာနိုင်ပါတယ်။

ဒါကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ ယခုကတည်းက မိမိရဲ့တပ်ကို ကြိုတင်ပြင်ဆင်ကြဖို့ လိုပါတယ်။ NLD ကို ပိုမိုအရည်အသွေးပြည့်ပြီး ပိုမိုအင်အားကောင်းလာအောင် လုပ်ဆောင်ရပါမယ်။

ပြည်သူလူထုကို ပိုမိုစည်းရုံးဦးဆောင်နိုင်အောင် ဆောင်ရွက်ရပါမယ်။ စီးပွားရေးဆိုင်ရာ အရိပ်စီမံကိန်းတွေကို ကြိုတင်ရေးဆွဲထားရပါမယ်။ ပြင်ဆင်ရပါမယ်။

တိုင်းရင်းသားအရေးနဲ့ ပတ်သတ်တဲ့ မူဝါဒကို ကြိုတင်ချမှတ်ထားရပါမယ်။ ဒီမိုကရေစီအင်အားစုများအကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ရပါမယ်။

လိုအပ်ရင် အရိပ်အစိုးရ (shadow government) ပင် ဖွဲ့ထားနိုင်ရပါမယ်။ NLD ဟာ ဒီမိုကရေစီအောင်ပွဲခံနိုင်ရေးအတွက် တော်လှန်ရေးသတိရှိရှိနဲ့ အထက်ပါပြင်ဆင်မှုတွေကို အပြည့်အ၀ လုပ်ဆောင်ဖို့ လိုအပ်တာတော့ အမှန်ပါ။

ဝင်းထွဋ်ဇော်

ပြည်သူ့ခေတ်ဂျာနယ်

မေလ ၂၀၁၃ခုနှစ်
-----------------------
ဤဆောင်းပါးကို pdf file ဖြင့် ရယူလိုပါလျင် အောက်ပါလင့်ခ်တွင် ရယူနိုင်ပါတယ်။
http://www.mediafire.com/view/fq3aocjuc3m9wlj/When_DASSK_Become_President_Article.pdf

စာစီဖော်ပြသူ - လင်းလက်ကြယ်စင်
www.facebook.com/linletkyalsin

အားလုံးလေ့လာနိုင်ရန် ထပ်ဆင့် ဖြန့်ဝေပါသည်။
ကိုစိုင်း@ Sai Phyo Wai Lin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။