Nik Nayman
နယ်လ်ဆင် မန်ဒဲလား ရုပ်ထုရဲ့  နားတစ်ဘက်ထဲက အရုပ်လေးတောင် ဖြုတ်ချသင့်တယ်ဆိုရင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  ငှက်မြတ်နားတော်အောက်နားက ဆိုင်းဘုဒ်ကိုလည်း ဖြုတ်ကြသင့်တယ်။
မကြာခင်ကမှ ကွယ်လွန်သွားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား အမှတ်တရအနေနဲ့  ဒေါ်လာ ၇ သိန်းခွဲခန့်  အသုံးပြုကာ အမြင့် ပေ ၃၀ ရှိတဲ့ ကြေးရုပ်ထုကို ထုလုပ်ကြပါတယ်။
ဒီရုပ်ထုအကြောင်းကို သတင်းရေးဖေါ်ပြတဲ့ သတင်းစာစောင်ရဲ့  သတင်းစာတိုက်ကနေ ရုပ်ထုဓါတ်ပုံကို ကြည့်လိုက်ပြီးမှ အမှတ်မထင် တွေ့ ရှိလိုက်ရတဲ့ နယ်လ်ဆင် မန်ဒဲလား ရုပ်ထု နားတစ်ဘက်ထဲမှာ တွေ ရှိမှုတစ်ခုကို တောင်အာဖရိကအစိုးရကို အသိပေးအကြောင်းကြားခဲ့ပါတယ်။
ဒီတွေ့ ရှိမှုနဲ့  ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံအစိုးရက ဒီရုပ်ထုထဲမှာ ပါနေတဲ့ အပိုအရာတစ်ခုကို ချက်ချင်းပြန်ဖယ်ရှားပေးဖို့  အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ မည်သည့်ခွင့်ပြုချက်မှလည်း မရှိ၊ အမှတ်တရရုပ်ထုနဲ့ လည်း ဘာမှ ပတ်သက်ခြင်းမရှိ မိမိတို့ သဘောနဲ့  ထည့်သွင်းဖေါ်ပြခဲ့တဲ့ ပန်းပုဆရာနှစ်ဦးကို အစိုးရပိုင်းနဲ့  ပြည်သူလူထုက လေးစားမြတ်နိုးရတဲ့ နယ်လ်ဆင် မန်ဒဲလားကို ထိခိုက်စေတယ်လို့ ဆြိုပီး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား အမှတ်တရ ရုပ်ထုရဲ့  နားတစ်ဘက်ထဲ ထည့်သွင်းခဲ့တာကတော့ ယုန်ရုပ်လေး ဖြစ်ပါတယ်။ မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ သူတို့ လုပ်ဆောင်မှု အမှတ်အသားအနေနဲ့  ထည့်သွင်းမိတာပါလို့  ပန်းပုဆရာနှစ်ဦးက ၀န်ခံပြီး တောင်အာဖရိကနိုင်ငံ အစိုးရနဲ့  ပြည်သူလူထုကို ခွှင့်လွှတ်ဖို့  အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။ ထို့ အတူ မိမိတို့  သဘောဆန္ဒနဲ့  အပိုထည့်သွင်းမိခဲ့တဲ့ ယုန်ရုပ်လေးကိုလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား အမှတ်တရ ရုပ်ထုထဲကနေ ပြန်လည်ဖယ်ရှားပေးခဲ့ပါတယ်။
နိုင်ငံနဲ့  လူမျိုးအတွက် အင်မတန်မှ အလေးထားတဲ့ လေးစားမြတ်နိုးတဲ့ ခေါင်းဆောင်တစ်ဦးရဲ့  ရုပ်ထုကိုတောင် နည်းနည်းလေးမှ အထိခိုက်မခံချင်ကြတဲ့ ပြည်သူ့ အစိုးရနဲ့  ပြည်သူလူထုဟာ ဒီလိုကိစ္စလေးတွေမှာတောင် လက်သင့်မခံကြဖူးဆိုတာ သက်သေပြလိုက်တာပါဘဲ။
ကျွန်တော်တို့  မြန်မာနိုင်ငံမှာကတော့ တိုင်းပြည်နဲ့  လူမျိုး လွတ်လပ်ရေးရအောင် အသက်စွန့် ပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လွတ်လပ်ရေးကျေးဇူးရှင်ကြီးတွေရဲ့  ရုပ်ထုတွေ ဓါတ်ပုံတွေကတော့ အပစ်ပယ်ခံရရုံတင်မကဖူး အဖယ်ရှားပါ ခံရတာ ရင်နာစရာပါဘဲ။
ဒီထက်ပိုဆိုးတာကတော့ ခေတ်အဆက်ဆက်မှာ ရိုသေလေးစားစွာ ကိုးကွယ်ကြပြီး ရှေးဟောင်းသမိုင်းတန်ဖိုးကြီးမားလွန်းလှတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  ငှက်မြတ်နားတော်အောက်မှာ ကပ်ပြီး ချိတ်ဆွဲ ဖေါ်ပြထားတဲ့ မိမိသဘောဆန္ဒနဲ့ မိမိတို့ ဘာသာ ရေးသားထားတဲ့ “ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့် မိသားစုကောင်းမှု” ဆိုတဲ့ မောင်ပိုင်စီး ဖေါ်ပြမှုကတော့ ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမျှော်ရှိခိုးတိုင်း သန်းရွှေတို့  မိသားစုကိုပါ ဦးခိုက်ရှိခိုးရလေအောင် ရွှေတိဂုံစေတီတော်မြတ်ကြီးလို ထိပ်ဆုံးပိုင်းမှာ ရှိနေတယ်ဆိုတဲ့ ယတြာခြေ အရူးထတဲ့ လုပ်ရပ်က ယခုလက်ရှိထိ နိုင်ငံနဲ့  လူမျိုး ဘာသာတရား အထွဋ်အမြတ်ထားရာ ရွှေတိရုံစေတီတော်မြတ်ကြီးမှာ လုပ်ချင်ရာ လုပ်ခံနေရတာကို လက်ရှိအစိုးရပိုင်းကရော မထိရဲ မတို့ ရဲ၊ ဂေါပကအဖွဲ့ ကလည်း သိသိကြီးနဲ့  မပြောရဲ ဖြစ်နေတာ အခုထိကို ဒီကျက်သရေတုံးတဲ့ဟာကြီးက ဆက်လက်ရှိနေဆဲပါ။
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့  ငှက်မြတ်နားတော်အောက်မှာ ချိတ်ထားတဲ့ “ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့် မိသားစုကောင်းမှု” ဆိုတဲ့ ဆိုင်းဘုဒ်ကို အမြန်ဖြုတ်ချပေးဖို့  တောင်းဆိုလိုက်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။