MM Social Sky
ကျွန်တော် ငယ်စဉ် ဘ၀တုန်းက ကမ္ဘာကြီးကို ပြောင်းလဲချင်ခဲ့တယ်။
နောက်ပိုင်းမှာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ဘယ်လောက်ခက်ကြောင်း သိချိန်မှာတော့ ကျွန်တော့်ရဲ့ နိုင်ငံကိုပဲ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တယ်။
ကျွန်တော့် နိုင်ငံကို မပြောင်းလဲနိုင်တဲ့ အခါမှာတော့ ကျွန်တော့်မြိုကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပြန်တယ်။
ဒါပေမဲ့လည်း အရွယ်လွန်နေတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်မြို့ကို မပြောင်းလဲနိုင်ပြန်ဘူး။ နောက်ဆုံးတော့ ကျွန်တော့် မိသားစုကိုပဲ ပြောင်းလဲဖို့ ကြိုးစားတော့တယ်။
အခုတော့ လူကြီးတစ်ယောက် အနေနဲ့ သုံးသပ်မိတာက ကျွန်တော် ပြောင်းလဲနိုင်တာက ကျွန်တော် ကိုယ်တိုင်ပါပဲ။ ရုတ်တရက်သတိရသွားတာက ကျွန်တော်သာ အရင်ချိန်ကတည်းက ကိုယ့်ကိုကိုယ် အရင် ပြောင်းလဲထားမယ်ဆိုရင် ကျွန်တော့်ရဲ့ မိသားစုကိုလည်း ကျွန်တော် ပြောင်းလဲနိုင်လိမ့်မယ်။ ကျွန်တော့် မိသားစု နဲ့ ကျွန်တော်ကလည်း မြို့ကို ပြောင်းလဲနိုင်လိမ့်မယ်။ မြို့ကလည်း နိုင်ငံကို ပြောင်းလဲပေးနိုင်လိမ့်မယ်။ ဒါတွေကြောင့် ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်လိမ့်မယ်။
- Unknown
ဝင်းကို (MM Social Sky)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။