နိုင်ငံရေးဆိုတာ ဘာလဲ
---------------------
---------------------
ကလေးငယ်တစ်ဦးက ဖခင်ဖြစ်သူအား '' ဖေဖေ နိုင်ငံရေးဆိုတာ ဘာလဲဟင်'' ဟု မေးခွန်းထုတ်လိုက်လေသည်။
ဖခင်ဖြစ်သူက ''သားနားလည်အောင် ဖေဖေရှင်းပြမယ်။ အဖေတို့ မိသားစုမှာ ဖေဖေက အိမ်ထောင်ဦးစီးဆိုတော့ အရင်းရှင်လို့ ဆိုကြပါစို့။ သားမေမေကျတော့ မိသားစုရဲ့ ငွေရေးကြေး
စီမံခန့်ခွဲသူဆိုတော့ အစိုးရပေါ့။ ဖေဖေနဲ့မေမေက သားရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း
ပေးရမယ်။ အဲဒီတော့ သားက ပြည်သူလူထုပေါ့ကွာ။ တို့အိမ်က အိမ်ဖော်မိန်းကလေး
ကိုတော့ အလုပ်သမားလူတန်းစားလို့ မှတ်ထားလိုက်။ သားရဲ့ညီးလေးကျတော့ အနာဂတ်
ပေါ့ကွာ။ ဒါတွေကို ဆက်စပ်ပြီး စဉ်းစားလိုက်မယ်ဆိုရင် သားသိလာပါလိမ့်မယ်'' ဟု ပြောလိုက်
လေသည်။

နောက်တစ်ညတွင် ကလေးငယ်သည် သူ့ညီးလေး ငိုသံကြားသောကြောင့် အိမ်ပေါ်ထပ်သို့
တက်ကြည့်ရာ ညီလေးမှာ အနှီးပိတ်စများကြားတွင် လုံးထွေးရစ်ပတ်နေသည်ကို တွေ့ရသည်။
ထို့ကြောင့် ကလေးငယ်သည် မိဘများ၏ အခန်းသို့သွားရာ မိခင်ဖြစ်သူမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေသည်ကို တွေ့ရသဖြင့် မနှိုးချင်သောကြောင့် အိမ်ဖော်မိန်းကလေး၏ အခန်းသို့သွားရာ
လော့ချထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ကလေးငယ်သည် သော့ပေါက်မှ ချောင်းကြည့်ရာ
ဖခင်ဖြစ်သူမှာ အိမ်ဖော်မလေးနှင့် အိပ်နေသည်ကိုတွေ့လိုက်ရသည့်အတွက် နှိုးမည့်အစီအစဉ်ကို
စွန့်လွှတ်လိုက်ပြီး အိပ်ခန်းထဲသို့သာ ပြန်လာခဲ့သည်။
နောက်တစ်နေ့နံနက်တွင် ကလေးငယ်က ဖခင်ဖြစ်သူအား '' ဖေဖေ သားအခုနိုင်ငံရေးအကြောင်း
နားလည်ပြီလို့ ထင်တယ်ဖေဖေ'' ဟု ဆိုလေရာ ဖခင်ဖြစ်သူက '' ကောင်းတာပေါ့သားရယ် သားနားလည် သဘောပေါက်သလို ဖေဖေ့ကို ရှင်းပြပါဦး'' ဟု ပြန်ပြောလိုက်သည်။ ထိုအခါ ကလေးငယ်က '' အရင်းရှင်က အလုပ်သမားလူတန်းစားအပေါ် သွေးစုပ်အမြတ်ထုတ်နေချိန်မှာ
အစိုးရကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်။ ပြည်သူလူထုကတော့ လျစ်လျှူ ရှုခံထားရပြီး
အနာဂတ်ကတော့ ဆိုးဆိုးရွားရွားဖြစ်နေတယ်'' ဟု ပြောလိုက်လေသည်။
Credit - Aone Soe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။