Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 18, 2014

မုဒိန်းတပ်မတော်၏ အချုပ်ချာပိုင် နိုင်ငံတော်



မုဒိန်းတပ်မတော်၏ အချုပ်ချာပိုင် နိုင်ငံတော်

မထိရ မတို့ရ ဇော်ဂျီ ဖိုရ်ဝင်သားများကဲ့သို့၎င်း ၊ မပင့်ရ မချရ ဘုရားဌာပနာ များကဲ့သို့၎င်း ၊ မကြည့်ရ မမြင်ရ သိတြားမင်း လှံသွားကဲ့သို့၎င်း၊ မမော်ရ မဖူးရ မဟာဧကရာဇ် အုပ်ပေါင်းတော်ကဲ့သို့၎င်း ၊မမေးရ မစမ်းရ အာဏာကုန်ရထားသော ကျောင်းအုပ်ဆရာကြီးကဲ့သို့၎င်း အဆိုပါ၎င်းများဖြင့် ဥပဒေစိုးမိုးမှု၏ အထက်စီးတွင် ထပ်မံအုပ်မိုးထားသော ဂိုဏ်းဂန အဖွဲ့အား ပြပါဆိုလျှင် စာရေးသူမှ မြန်မာ့စစ်တပ်ဟုပင် တိုက်၇ိုက် ပြောပစ်လေမည်။

ပြုပြင်ပြောင်းလဲရေး လုပ်မည်ဟု လမ်းဘေးဈေးသယ်နှင့် ငါးစိမ်းသယ်ခပ်ကြမ်းကြမ်း တို့၏ အော်တတ် ခေါ်တတ် ပြောတတ်ကြသော သူများထက်ပင် တကြော်ကြော် အော်၍ တက်လာသော ၂၀၁၁ ခုနှစ် မတ်လ ၂၉ ရက် အစိုးရ၏ သက်တမ်းသည် ယခုဆိုလျှင် ၃ နှစ်သို့ ကျော်လာလေပြီ…

ပြုပြင်ပြောင်းလဲရေး အစိုးရ (Evolution Government) သည် တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော် အေးချမ်းသာယာရေးတို့အား အစဉ်တစိုက်ကြိုးပမ်းအားထုတ်လာသည်ကို ယနေ့နောက်ဆုံး ဇနာဝရီလ ၁၅ ရက်နေ့တွင် ထွက်ပေါ်လာသော မြန်မာ့စစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဒေသခံ သမီးပျို နှင့် ခလေးမိခင်များ အဖွားအိုများ နှင့် ယောက်ကျားသားများပါမကျန် အဓမ္မ မုဒိန်းကျင့်သော မိုက်ရိုင်းယုတ်မာ ကြမ်းတမ်းလှသည့် ကာမေသု မိစ္ဆာ စာရ အမှုပေါင်း ၁၄၂ မှု ကြူးလွန်ထားကြောင်း အား နိုင်ငံတကာ သတင်းစာမျက်နှာဌာနပေါင်း ၁၂၁ ခုတွင် ရေးသားဖေါ်ပြထားလေ၏။

သို့သော် မြန်မာပြည်တွင်းရှိ လက်ရှိ ဒေသပေါင်းစုံတွင်၇ှိနေပြီဖြစ်သော လွှတ်တော် အမတ်မင်းများ အမတ်မယ်များ ၁၂၀၀ ခန့်သည် ထိတ်ထိတ်ပြာ မဖြစ်ကြပဲ ဆွံအ နားမကြာသကဲ့သို့ ဥပယ်တမျှင်နှင့် ရှောင်လွဲနေသည်မှာ တိုင်းပြည်၏မဟာဘေးဆိုးကြီးအား မဟာရာဇ၀တ်မှုကြီးအား လက်ခံနေကြသော ပြုပြင်ပြောင်းလဲရေးကာလ သမယအတွင်းမှ လူယုတ်လူညံ့များဟု စာရေးသူမှ ကောက်ချက်ချပါ၏။။

ပုဂ္ဂိုလ်ရေးခင်တွယ်ကာ ဓါတ်ပုံအမျိုးမျိုးနှင့် လုပ်ပြနေသော နိုင်ငံရေးနာလည်မှု လုပ်ကွက် ပြကွက်မှ တိုင်းပြည်တခုလုံးအား ခင်းကျင်းတုပ်နှောင် ထိန်းကွပ် ထားသော ခုနှစ်ရက်သားသမီး ပြည်သူပြည်သားများအားလုံးတွက် မှန်ကန်ဖြောင့်မတ်သည့် တရားဥပဒေသည် အချိန် အခြေနေ တို့အား စောင့်ဆိုင်းစရာမလိုပဲ လူထုမှ တင်မြောက်ထားသော အမတ်ကြီးများ လက်တွေ့ဆောင်ရွက်၇န် လိုနေပေသည်။

နိုင်ငံတခုတွင် တရားဝင်လက်နက်ကိုင်ခွင့်ရရှိထားပြီး တိုင်းပြည်မှလည်း အဆိုပါ လက်နက်ကိုင်အဖွဲ့အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကျော်မှ အမေ၇ိကန်ဒေါ်လာ သန်းပေါင်း လေးထောင်ကျော် တရားဝင် ဘတ်ဂျက်အဖြစ် ဆပ်ကြေးသကဲ့သို့ မဖြစ်မနေပေးဆောင်ရန် လွတ်တော်မှ ချမှတ်ပေးနေကြရပြီး ယခုကဲ့သို့ တိုင်းသူပြည်သားများ၏ အသက်အိုးအိမ် စည်းဇိမ်များအားထိခိုက်ဖျက်ဆီးသည့်အပြင် ထင်ရှားသော သက်သေ အထောက်ထားများဖြင့် ပေါ်ထွက်လာသည့် မုဒိန်းအဓမ္မပြုကျင့်နေမှုအား ရေငုံတိတ်ဆိတ်နေကြသည်မှာ အလွန်ပင် ရှက်စရာကောင်းသော အရှက်တရားကင်းမဲ့သော လွှတ်တော်နှင့် သိက္ခာ အကျင့်သီလ မမှန်ကန်သော နိုင်ငံရေးစနစ်တခုထဲတွင် ဆက်လက် ပေါင်းသင်း မောင်းနှင်နေသည့် ဖုံးဆိုးမြေတိုင်းပြည်တခု ဖြစ်နေလေသည်။

ပြုပြင်ပြောင်းလဲရေးတွင် ကိုယ်ကျင့်တရားသိက္ခာပိုင်းဆိုင်ရာသည် အထွဋ်ထိပ်ကြီးမား မြင့်မားဖို့လိုကြောင့် ယနေ့လွတ်တော်၏ မူဝါဒတွင် မတွေ့ရပဲ ကိုယ့်ရာထူးနှင့် ကိုယ့်နေရာလေး ပပြောက်မသွားအောင် ရေစီးမျောလိုက်သော ရေသတ္တ၀ါကလေးများကဲ့သို့ အသီလ အသိက္ခာများ ဖြင့် အသက်ရှုကြကာ လွတ်တော်တွင်းရှိသော ပြည်သူများ အပ်နှင်းထားသည့် ထိုင်ခုံများတွင် အလှည့်ကျ အိပ်မောကျနေကြ၏။
တိုင်းပြည်၏ အရေးကြီးသော ကာကွယ်ရေးတာဝန်ယူထားသည့် အင်အားကြီးမားသော တပ်မတော်မှ ဖေါ်ပြပါ မုဒိန်းမှုများအား မရပ်မနားကြူးလွန်နေသည်မှာ အဆိုပါတိုင်းပြည်၏ တရားဥပဒေတည်တံ့မှုနှင့် ကိုင်တွယ်ကျင့်သုံးမှု ထိရောက်စွာဆောင်ရွက်မှု မ၇ှိခြင်းသည် နူနာရောဂါဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမျိုးသမီးတယောက်အား ကွန်းတောင် ပန်းတောင် ရှေ့ဆုံးမှ ကိုင်ခိုင်းကာ ရွာစဉ်လှည့်ပြ နေသည့် မောင်ရင်လောင် လှည့်ပွဲနှင့်တူနေလေသည်။

ယခုကဲ့သို့ မရပ်မနား မုဒိန်းယာဂပြင်းထန်နေကြသော တပ်မတော်အား စာရေးသူတို့ မျှော်လင့်ခဲ့သော ၈၈ ပွင့်လင်း ခေါင်းဆောင်များ မပြောရဲ မထိရဲ မတို့ရဲဖြစ်နေကြပြီး ရှောင်လွဲနေကြသည်မှာ မုဆိုးမှ အမွေးနုတ်ပြီး မကြာခင် မီးမြိုက်ကင်စားခံရတော့မည် ဒေါင်းခပ်စုပ်စုပ်နှင့် တူနေလေ၏။

ယခုကဲ့သို့ အားနွဲ့သော မိန်းမသားများအပေါ် လက်နက်ကိုင် တပ်မတော်သားကြီးများ ဆက်တိုက်ကြူးလွန်နေကြသော မုဒိန်းရာဇ၀တ်မှုအား ရပ်တန့်ရန် မတောင်းဆိုရဲသော တိုင်းရင်းသား လူမျိုးတို့၏ ခေါင်းဆောင်များ အမတ်မင်းများ တို့၏ ရှောင်လွဲ နေမှုသည် အနာဂတ်မျိုးဆက်တွင် လှပစွာပွင့်လန်းလာမည်ဖြစ်သော ပန်းဖူးကလေးများအား အက်စစ်လောင်းကာ ဖျက်ဆီးခွင့် ပြုနေသော အခြေနေဖြစ်နေလေသည်။

ယခုကဲ့သို့ တပ်မတော်မှ ကြူးလွန်နေမှု မရပ်တန့်ပဲ ဆက်တိုက်ဖြစ်ပေါ်နေသော မုဒိန်းကျင့်ယုတ်မာမှုအား တိုင်းပြည်တွင်းရှိ လုပ်ကိုင်ခွင့်ရနေသော သတင်းမီဒီယာများ ဂျာနယ်များ သတင်းစာများမှ သက်ဆိုင်ရာ အစိုးရနှင့် တပ်မတော် အရာရှိများအား မေးမြန်းအင်တာဗျူးခြင်းများ မလုပ်ရဲ မမေးရဲဖြစ်နေကြခြင်းမှာ ရေနွေးပူ တကိုယ်လုံးလောင်ကျွမ်းထားသော ခန္ဓာ မျက်နှာဖြင့် နိုင်ငံတကာ အလှမယ်ြပိုင်ပွဲတွင် ပထမဆု ရရေး ၀င်ရောက်ယှဉ်ပြိုင် နေသည့် သဘောသက်ရောက်နေလေ၏။

ထိုကြောင့် တိုင်းပြည်တွင်း၇ှိ ဒေသတွင်းရှိ နိုင်ငံတကာအတွင်းရှိ အတိုက်ခံများ လှုပ်ရှားတက်ကြွသူများ က လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင် မြန်မာ့ တပ်မတော်မှ ကြူးလွန်နေသော ဖေါ်ပြပါ အကုသိုလ်မုဒိန်းမှုများအား ပွင့်လင်းမြင်သာစွာ ကန့်ကွက်ခြင်း တောင်းဆိုခြင်း ဆန့်ကျင်ခြင်း ရှုပ်ချခြင်းများ တက်ညီလက်ညီလှုပ်ရှားမှုများ ပြုလုပ်ခြင်း မရှိကြပါလျင် မုဒိန်းတပ်မတော်အောက်တွင်ရှိသော မုဒိန်းတပ်မတော်မှ ပိုင်စိုးခွင့်နိုင်ထက်စီးနှင်း ရနေသော မုဒိန်းတပ်မတော်၏ အချုပ်ချာပိုင်သော နိုင်ငံတော် ဖြစ်နေမည်….

ကျေးဇူးတင်ပါသည်
ကြိုက်သလောက်ရှယ် အမှန်တရားများဖြစ်ပါသည်

ဂိုလ်ရှယ်လေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။