Smart Pro Journal
ဒီဇိုင်နာ တစ်ဦးဖန်တီးတဲ့ Apple iWatch Concept
ပစ္စည်းတွေထွက်သည်ဖြစ်စေ၊ မထွက်သည် ဖြစ်စေ ဒီဇိုင်နာများက ယင်း ပစ္စည်းကို စိတ်ကူးယာဉ်ပုံဖော် ဖန်တီးပြသပြီး ယင်း ဖန်တီးထားတဲ့ ပစ္စည်းကို Concept လို့ခေါ်ပါတယ်။ imagination လုပ်ပြီး ရေးဆွဲ ဖန်တီး ထားတာမို့ တကယ့် အပြင်မှာ ဖြစ်လာဖို့ကတော့ မသေချာ ပါဘူး။
သို့ပေမယ့် တကယ်တော်တဲ့ ဒီဇိုင်နာများက Concept မှာတင် ထွက်ရှိမယ့် ပစ္စည်းနဲ့ တစ်ထပ်တည်းနီးပါးကျအောင် ဖန်တီးပေးနိုင်ကြ ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ နာရီကို iWatch concept ပါဆိုပြီးတော့ ဆန်ဖရန်စစ္စကို အခြေဆိုက် ဒီဇိုင်နာ Todd Hamilton က မိတ်ဆက်ပြသ ခဲ့ ခြင်း ဖြစ်ပါတယ်။
Nike ရဲ့  Fuel Band ကို အခြေခံပြီးတော့ ရေးဆွဲလိုက်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရင်က ထွက်ရှိတဲ့ဖူးတဲ့ သတင်းအရကတော့ ၁.၃ လက်မနဲ့ ၁.၇ လက်မ LED မျက်နှာပြင်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ အမျိုးသမီးဝတ်နဲ့ အမျိုးသား ဝတ် ဆိုပြီး ကွဲပြားခြင်း ဖြစ်ပါတယ်။ အခြားသော ထူးခြားချက်တွေလည်း ပါဝင် ပါအုံးမယ်။ Apple iWatch ကို ၂၀၁၄ ခုနှစ်အတွင်း မိတ်ဆက်ပြသ ရောင်းချသွားမယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.comm.mm )
.
Ref: pocketlint
အောင်ခမ်း ( smart.comm.mm )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။