Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 17, 2013

ရေသောက်နည်းသောအခါဖြစ်တက်သောရောဂါများ

ဆေးပညာဆိုင်ရာဆောင်းပါးများ
ရေသောက်နည်းသောအခါဖြစ်တက်သောရောဂါများ
============================

လူကြီးတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရေဓာတ်သည် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းနှင့် ကလေးတစ်ဦးတွင် ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ဖွဲ့စည်းထားသည်။

ပါဝင်မှုများပြားသည့် ရေသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အင်္ဂါအစိတ်အပိုင်းများ ဟန်ချက်ညီစွာ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုလည်းဖြစ်သည်။ ရေရှိနေ၍သာ ဦးနှောက်မှအစ အသည်း၊ ကျောက်ကပ်၊ နှလုံးနှင့် အင်္ဂါအစိတ်အပိုင်းများသည် ခန္ဓာကိုယ်၏ လုပ်ငန်းများအား ဆောင်ရွက်နေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအရေးပါသည့် ရေအား လုံလောက်စွာ ဖြည့်တင်းပေးနိုင်ရန် လိုအပ်ပြီး မကြာသေးမီက နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ လေ့လာသုတေသန ဆောင်ရွက်မှုတစ်ခုတွင် ရေသောက်သုံးမှု နည်းပါးနေကြောင်း လေ့လာချက်တစ်ခုအား ဖော်ပြထားသည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။
ခန္ဓာကိုယ်တွင် ရေသည် ပုံမှန်ရာသီဥတုအရ တစ်နေ့လျှင် လူကြီးတစ်ယောက်အတွက် 2000 ml-3000 ml
(ပုံမှန်ရေဖန်ခွက် ၁၀ ခွက်ခန့်)အထိ လိုအပ်ပြီး ပူပြင်းသည့်အချိန်တွင် ထို့ထက်ပိုမိုလိုအပ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာလှိုင်စိုးဝယ်က ပြောသည်။

“ကျန်းမာတဲ့လူတစ်ဦးက ဆီးကနေ ရေစွန့်ထုတ်မှု တစ်နေ့ကို 1000-1500ml လောက်ရှိတယ်။ ဒါ့အပြင် အရေပြားကနေ ထွက်သွားတာတွေ၊ အသက်ရှူရာကနေ ထွက်သွားတာတွေ၊ မျက်ရည်အဖြစ် ထွက်သွားတာတွေ စတာတွေ ပေါင်းလိုက်ရင် 500-1000 ကြားလောက် နေ့စဉ်ဆုံးရှုံးနေတယ်”ဟု ဒေါက်တာလှိုင်စိုးဝယ်က ပြောသည်။
ထို့အတွက် ရေဓာတ်သည် ခန္ဓာကိုယ်အတွင်း မဖြစ်မနေ လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး ရေဓာတ်နည်းပါးခြင်းကြောင့် ရေတိုတွင် ချက်ချင်းကျန်းမာရေး ထိခိုက်မှုများမဖြစ်နိုင်သော်လည်း ရေရှည်တွင် ရေဓာတ်နည်းပါးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရရှိစေနိုင်သည်များလည်းရှိကြောင်း သိရသည်။

ရေသောက်နည်းသူများတွင် အရည်ဆုံးရှုံးခြင်း လက္ခဏာများဖြစ်သည့် အစာမစားချင်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မူးမော်ခြင်း၊ မျက်တွင်းကျခြင်း၊ ဆီးနည်းခြင်း၊ နှလုံးတုန်ခြင်း ဝေဒနာများအား ခံစားကြရလေ့ရှိပြီး အကြောင်းအမျိုးမျိုးကြောင့်ရေဓာတ်ခန်းခြောက်မှု အလွန်များပြားသွားပါက သွေးလန့်ခြင်း၊ သတိလစ်မေ့မြောခြင်းများကိုပါ ခံစားကြရမည်ဖြစ်ကြောင်း သိရသည်။ ရေသောက်နည်းသူများ ရေရှည်တွင် ကြုံတွေ့ရသည့် ကြီးမားသည့် ပြဿနာတစ်ခုမှာ ဆီးနှင့်ပတ်သက်သည့် ရောဂါများဖြစ်ကြောင်း အများသိရှိပြီးဖြစ်သည်။
ရေသောက်နည်းခြင်းကြောင့် ဆီးသွားမှုနည်းပါးသည့်အခါ ဆီးလမ်းကြောင်းတွင် ဆီးထဲမှအနည်များ စုပြုံလာသည့်အတွက် ယနေ့အချိန်တွင် အဖြစ်များလာသည့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းရောဂါသည် ရေသောက်နည်းခြင်းကြောင့် ဖြစ်လာသည့် အကျိုးဆက်ရောဂါတစ်ခုလည်းဖြစ်သည်။
“အခု ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေထဲမှာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ လူနာတွေကတော့ အရမ်းများနေတယ်”ဟု ရန်ကုန်ဆေးရုံကြီးသစ်မှ ဆီးနှင့် ကျောက်ကပ် အထူးကုဆရာဝန်တစ်ဦးက ပြောသည်။

“ကျွန်တော်ဆီးလမ်းကြောင်းမှာ ကျောက်တည်တုန်းက ဆရာဝန်ကမေးတယ်။ ဆေးလိပ်သောက်လား၊ ကွမ်းစားလားဆိုတော့ တစ်ခုမှမလုပ်ဘူးဆိုတဲ့အခါ ဒါဆို ရေသောက်နည်းလို့ဖြစ်တာလို့ ပြောတယ်။ ကျွန်တော်က အိမ်မှာနေတဲ့အချိန်ပဲ ရေနွေးသောက်ဖြစ်တာ။ ကျန်တာတစ်နေ့လုံး အပြင်ရောက်နေတဲ့အချိန်ဆိုရင် ရေမသောက်ဖြစ်သလောက်ဘဲ”ဟု အသက် ၃၀ ခန့် ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။
ရေသောက်နည်းသည့်အခါတွင် အင်္ဂါအစိတ်အပိုင်းများသို့ ရေမှပို့ဆောင်ပေးရသည့် အစာထဲတွင် ပါဝင်သော ပရိုတိန်းဓာတ်များ၊ ကာဗိုဟိုက်ဒရိုက်များ၊ အဆီများ၊ ဗီတာမင်များ သွေးနှင့်အတူ လိုအပ်သည့် ဓာတ်များရောက်ရှိမှု နှေးကွေးကာ

လှုပ်ရှားမှုစနစ်များ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။
“ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေရင်တော့ အများပြောကြတဲ့ အသားအရေလှတာအပြင် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေအတွက်ပါပိုပြီးကျန်းမာစေတဲ့ အကျိုးတွေ
ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ရေကိုတစ်နေ့ ဆယ်ခွက်မပြည့်ပြည့်အောင် သောက်ရမယ်လို့ မဆိုလိုဘူး။ မပြည့်ပြည့်အောင် သောက်စရာအထိလည်း မလိုပါဘူး။ အတတ်နိုင်ဆုံး သောက်နိုင်သလောက်လေးပဲ ပုံမှန်သောက်ရင်တော့ ပိုကောင်းတာပေါ့”ဟု ဒေါက်တာလှိုင်စိုးဝယ်က ဆက်လက်ပြောသည်။
ခန္ဓာကိုယ်အတွင်း ရေဓာတ်လုံလောက်စွာ ဖြည့်တင်းရန် အရေးကြီးသည်ဆိုသည်မှာ ပုံမှန်ကျန်းမာနေသူများအတွက် မှန်ကန်သော နည်းလမ်းတစ်ခုဖြစ်သော်လည်း သောက်ခြင်းသည် ရောဂါဝေဒနာအချို့ ခံစားနေရသူများအတွက် ထိုခံစားနေရသည့် ဝေဒနာအား ပိုမိုဆိုးရွားသွားစေနိုင်သည် ဆိုသည်အားလည်း မမေ့လျော့သင့်ကြောင်း အဆိုပါ ဆရာဝန်ကပြောသည်။

ခန္ဓာကိုယ်ထဲတွင် ရေနှင့် ဓာတ်ဆား အချိုးအဆညီမျှစေရန် ထိန်းချုပ်ပေးသည့် အစိတ်အပိုင်းများလည်းရှိပြီး နှလုံးကောင်းစွာ ပုံမှန်အလုပ်မလုပ်သူများ၊ အသည်းကောင်းစွာ အလုပ်မလုပ်သူများနှင့် ကျောက်ကပ်အလုပ် ကောင်းစွာမလုပ်သည့်အတွက် ရောဂါဝေဒနာ ခံစားနေရသူများသည် ပိုလျှံလွန်းသည့် ရေဓာတ်ကြောင့် ရောဂါများအား ဆိုးရွားသွားစေနိုင်ကြောင်း သိရသည်။

“အဲလိုလူနာတွေမှာ ရေဓာတ်ပမာဏများရင် ပိုပြီးဖောရောင်လာမယ်။ အသက်ရှူကျပ်မယ်။ နှလုံးခုန်မြန်တာတွေ၊ ကျောက်ကပ်ကြောင့် ဖောရောင်တဲ့ရောဂါတွေကို ခံစားရနိုင်တယ်။ ဒါကြောင့် ရေအရမ်းသောက်တာ ကောင်းတယ်ဆိုပြီးတော့လည်း အလွန်အကျွံမလုပ်ဖို့လိုတယ်။ တချို့က ရေသောက်တာ ကောင်းတယ်ဆိုတာကိုပဲ ကြည့်ပြီး ဆိုးကျိုးတွေလည်း သိပ်ဂရုမပြုဘဲ ရေတွေကို မဖြစ်မနေသောက်နေကြတာမျိုးလည်း ကြုံဖူးတယ်”ဟု အဆိုပါဆရာဝန်က ပြောသည်။

တစ်ညလုံး ခန္ဓာကိုယ်သည် အိပ်စက်အနားယူနေသော်လည်း အင်္ဂါအစိတ်အပိုင်းများမှာ အနားယူခြင်း မရှိကြပေ။ ထို့ကြောင့် မနက်မိုးလင်းသည့်အခါတွင် ထိုအစိတ်အပိုင်းများအတွက် လိုအပ်သည့် ရေအား ပြန်လည်ဖြည့်တင်းပေးခြင်းသည် သင့်လျော်သည့်အတွက် အိပ်ရာထပြီး ရေသောက်ခြင်းသည်လည်း ကျန်းမာရေးအရ ကောင်းမွန်သည့် အမူအကျင့်တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထမင်းမစားခင် တစ်နာရီခန့်ကြိုပြီး ရေသောက်ခြင်းသည်လည်း အစာကြေလွယ်သည့် အာနိသင်ကို ခံစားရနိုင်ကြောင်း နိုင်ငံတကာရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များက အကြံပြုထားသည်များလည်းရှိသည်။

ထိုခန္ဓာကိုယ်အတွက် အရေးကြီးလှသည့် ရေသည်သန့်ရှင်းရန်လည်း လိုအပ်ပြီး မသန့်ရှင်းသည့် ရေများကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်ပြီး ရောဂါများခံစားကြရသည် များလည်းရှိသဖြင့် သောက်သုံးရေသန့်ရှင်းစေရန်လည်း ဂရုပြုသင့်ကြောင်း ဒေါက်တာလှိုင်စိုးဝယ်က ဆက်လက်ပြောသည်။

မြဝတီ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။