Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 17, 2013

ကျွဲကောသီးအကြောင်းသိကောင်းစရာ

ကျန်းမာရေးစာတိုများစုစည်းမှု
***ကျွဲကောသီးအကြောင်းသိကောင်းစရာ***

ကျွဲကောသီးတို့ သည် အချဉ်ဓာတ်အက်ဆစ်ပါရှိသော အသီးမျိုးနွယ်ဝင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအမျိုးအစား ဖြစ်ပါသည်။ အရှေ့ တောင်အာရှနိုင်ငံများဖြစ်သော တရုပ်နှင့် အိန္ဒိနယ်စပ်တို့ တွင် စတင် ပေါက်ရောက်ကြပြီး၊ ဂျပန်၊ ကာရေဘီယန် နှင့် အမေရိကန်ပြည်ထောင်စုတို့ တွင်လည်း ကျယ်ကျယ်ပြန့် ပြန့် တွေ့  မြင်ရပါသည်။ “တရုပ်ပြည်၏ဂရိတ်ဖရုသီး” အဖြစ် ခေါ်ဝေါ်လေ့ရှိပြီး၊ တရုပ်ရိုးရာများတွင် “ နမိတ်ကောင်းတဲ့ မင်္ဂလာရှိသောအသီး” အဖြစ် အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပါသည်။ အသီး၏ ပုံသဏ္ဍာန်မှာ လုံးဝန်းပြီး၊ အချင်းမှာ ၃၀-စင်တီမီတာလောက်ရှိတတ်ပါသည်။ ရေမြေသဘာဝနှင့် အမျိုးအစားပေါ်လိုက်၍ အသီး၏ အရွယ်သည် ပေါင် ၂၀ ကျော် အလေးချိန် ရှိတတ်ပါသည်။ အပြင်ပိုင်းအခွံအရောင်သည် အစိမ်းဖျော့ရောင်ဖြစ်ပြီး၊ အသီးမှည့်လာ သောအခါတွင် အ၀ါရောင်ပြောင်း သွားပါသည်။ အပေါ်ယံအခွံသည် တော်တော်ထူသော်လည်း၊ သိပ်မမာသည့် အတွက် ခွာရလွယ်ကူပါသည်။ ထိုအခွံအောက်တွင် ရေမြှုပ်သဏ္ဌာန် အဖြူရောင်အခွံအခေါက်တို့  ရှိပါသည်။ အသီးအမြွှာ လေးများပေါ်တွင် အခွံပါးတစ်ထပ် ဖုံးအုပ်ထားပြီး၊ ထိုအခွံ ပါးတို့ သည် အရသာခါးတတ်သဖြင့် ကုန်စင် အောင် နွှာပြီးမှစားကြပါသည်။ ဂရိတ်ဖရုသီး၏ အရာသာနှင့်ခပ်ဆင်ဆင်တူပါသည်။ သို့ သော် ကျွဲကောသီးက မဆိုသလောက် အရသာခါးသက်သက် ရှိပါသည်။ အသီးထဲရှိအသားသည် များသောအားဖြင့် အဖြူ ရောင်ဖြစ်ပြီး၊ ချိုချဉ်အရသာရှိပါသည်။ တခါတရံ ပန်းရောင် (သို့ မဟုတ်) အနီရောင်တို့ ကိုတွေ့ ရတတ်ပြီး၊ ထိုအမျိုးအစားက အဖြူသီးထက် အချိုဓာတ်ပိုကဲပါသည်။ မြန်မာပြည်တွင် မွန်ပြည်နယ်၊ မော်လမြိုင် နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့  တို့ မှ ထွက်ရှိသော ကျွဲကောသီးက အလွန်နံမည်ကြီးပါသည်။ မိုးရာသီတွင် လှိုင်လှိုင်ပေါပါသည်။

ပုံမှန်အားဖြင့် ကျွဲကောသီးကို သူ့ ချည်းဘဲ အစိပ်လိုက်အခွံနွှာ၍ စားကြသလို၊ ဖျော်ရည်အဖြစ် ဖျော်သောက်ကြ ပါသည်။ အချဉ်ဓာတ်ကဲသော ကျွဲကောသီးကိုတော့ သကြား (သို့ မဟုတ်) ပျားရည် (သို့ မဟုတ်) နွယ်ချိုမှုန်၊့ ဆား အနဲငယ် နှင့် ငရုပ်သီးမှုန့် တို့ ဖြင့် ရောစပ်၍စားကြပါသည်။ ဟင်းလျာအဖြစ် အသုပ်သုပ် စားလို့ ရပါသည်။ တရုပ် နိုင်ငံတွင် ကျွဲကောသီးအခွံ၏ အနံ့ အရသာဖြင့် သကြားလုံး ပြုလုပ်ကြသလို၊ တရုပ်ရိုးရာ အချိုပွဲဟင်းရည်အဖြစ် သောက်သုံးလေ့ရှိကြပါသည်။

ဆေးပညာရှုထောင့်မှ ကြည့်ပါက၊ ၁၉၀-ဂရမ်ရှိသော ကျွဲကောသီးထဲတွင် ဆိုဒီယမ် (၂) မီလီဂရမ်၊ ကစီဓာတ် (၁၈.၃) ဂရမ်၊ ပရိုတင်း (၁.၄) ဂရမ်၊ ဗီတာမင်စီ (၁၁၅.၉) ဂရမ်၊ ကယ်စီယမ် (၈) မီလီဂရမ်၊ သံဓာတ် (၀.၂) မီလီဂရမ်၊ မဂနီစီယမ် (၁၁) မီလီ ဂရမ်၊ ဖော့စဖရက်စ် (၃၂) မီလီဂရမ်၊ ပိုတက်စီယမ် (၄၁၀) မီလီဂရမ်၊ ဇင့် (၀.၁၅) မီလီဂရမ်၊ ကော့ပါး (၀.၀၉၁) မီလီဂရမ်၊ မဂနီ စီယမ် (၀.၀၃၂) မီလီဂရမ်၊ သီအာမင် (၀.၀၆၅) မီလီဂရမ်၊ ရီဘိုဖလာဗင် (၀.၀၅၁) မီလီဂရမ်၊ နီအာစင် (၀.၀၄၁၈) မီလီဂရမ် နှင့် ကယ်လိုရီ (၇၂) ပါရှိပါသည်။ အဆိုပါ အာဟာဓာတ်များဖြင့် ပေါကြွယ်ဝသည့်အတွက် ကျွဲကောသီး က လူသားတို့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းမှများစွာ အထောက်အကူ ပြုပေးနိုင်ပါသည်။ အထူးသဖြင့် တရုပ်ရိုးရာဆေးမြီးတို ကုထုံးများတွင် ကျွဲကောသီးကို အသုံးပြုလေ့ရှိကြပါသည်။

1. ကျွဲကောသီး၏ အရေက အစာအိမ်ကို အယ်ကာလိုင်းအဖြစ် ဓာတ်ပြုပေးနိုင်သောကြောင့်၊ အစာကိုကောင်း စွာ ချေဖျက်ပေးနိုင်ပါသည်။ ထမင်းစားသောက်ပြီးနောက် အစောကြေဆေးအဖြစ် ကျွဲကောသီးကို မှီဝဲနိုင်ပါ သည်။ ၀မ်းချုပ်ခြင်းမှလဲ ကင်းဝေးစေနိုင်ပါသည်။

2. ကျွဲကောသီး၏အသား ကို ဖုံးအုပ်ထားသော အဖြူရောင်အခွံပါးလွှာထဲတွင် bioflavonoid ဓာတ် ပါရှိပေရာ၊ ထိုဓာတ်က ခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်များပျံ့ နှံ့ မှု ကို လျော့ချပေးနိုင်စွမ်းရှိပါသည်။ ထို့ ပြင် ခန္ဓာကိုယ် အတွက် ပိုလျှံသော estrogen များကို ရှင်းလင်းပေးသည့်အတွက် ရင်သားကင်ဆာဆဲလ်များ ပြန့် ပွားမှုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါသည်။ အစာအိမ် နှင့် မုန့် ချိုအိတ် ကင်ဆာတို့ ကိုလဲ သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ အူမကြီးကင်ဆာ ကို မဖြစ်စေနိုင်ပါ။

ဗီတာမင်စီ အမြောက်မြားပါရှိသည့်အတွက် သွေးလွှတ်ကြောများကို ဆန့် ကျုံ့  ပျော့ပြောင်းစေနိုင်သည့်ပြင် pection ဓာတ် ပါရှိသဖြင့် သွေးလွှတ်ကြောများပိတ်ဆို့ မှုမဖြစ်စေဘဲ၊ သွေးကို ကောင်းစွာစီးဆင်းလည်ပတ် စေနိုင်သဖြင့် နှလုံးကို ကျန်းမာစေပါသည်။ ထို့ ပြင် ကျွဲကောသီးကို မှန်မှန်စားပေးခြင်းဖြင့် ကိုလက်စထရော ကျစေနိုင်သောကြောင့် နှလုံးရောဂါ ဖြစ်ပေါ်မှု အလားအလာကို ဟန့် တားပေးနိုင်ပါသည်။

4. ခန္ဓာကိုယ်အလေးချိန် ကျလိုသူများအတွက် ကျွဲကောသီးက ကောင်းကျိုးပြုပါသည်။ အင်ဇိုင်းကို လောင်ကျွမ်း စေပြီး၊ ခန္ဓာကိုယ်ထဲရှိ ကစီ နှင့် သကြား တို့ ကို စုပ်ယူပေးသဖြင့် ကိုယ်အလေးချိန်ကို ကျစေပါသည်။ ထို့ ပြင် ကျွဲကောသီးထဲ တွင် အမျှင်ဓာတ် အမြောက်အများပါရှိခြင်းကြောင့်၊ အစာခံနိုင်ပြီး၊ မကြာခဏ အစာစားချင် စိတ်ကို မဖြစ်ပေါ်စေပါဘူး။

ကျွဲကောသီးသည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲသန့် စင်စေပါ သည်။

6. ကျွဲကောသီး စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ဘဲမျက်စေ့ကြောင်ခြင်း၊ လည်ပင်းနာခြင်း၊ နှင့် ဆီးချိုရောဂါတို့ ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။ ကိုယ်ခံစွမ်းအားကိုလဲ တိုးတက် ကောင်းမွန်စေသော ကြောင့် အဖျားရောဂါများ မဖြစ်စေနိုင်ပါ။

7. ကျွဲကောသီးထဲတွင် ပိုတက်စီယမ် အမြောက်အများပါရှိသည့်အတွက်၊ သွေးကိုပုံမှန် ဖြစ်စေသဖြင့် သွေးတိုး ရောဂါဝေဒနာသည်များ စားသုံးသင့်ပါသည်။ ကျွဲကောသီးက သွေးတိုးရောဂါပျောက်ဆေးဝါးများထက် ပိုမို အစွမ်းထက်မြက်သည်ဟု ဆိုပါသည်။

ပန်းနာရင်ကျပ် ကို သက်သာပျောက်ကင်းစေပါသည်။

9. ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ်ဖောရောင် ခြင်းအတွက် ကျွဲကောသီး စားပေးသင့်ပါသည်။

10. ဗီတာမင်စီ အမြောက်အများပါရှိခြင်းကြောင့် အနာများကို ကျက်စေပါသည်။ သွားဖုံးသွေးယိုစီးခြင်းကို ကာကွယ်ပေးပြီး သွားများကို ခိုင်မာစေပါသည်။ ခံတွင်းရနံ့ ဆိုးများ မဖြစ်ပေါ်စေပါ။ အအေးမိနှာစေး ချောင်းဆိုးခြင်းနှင့် ရာသီဖျားများကို အလွယ်တကူမကူးစက်စေနိုင်ပါ။

11. ကျွဲကောသီးထဲတွင် ပါရှိသော ပိုတက်စီယမ်က၊ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပြီး၊ အရိုးကိုခိုင်မာစေပါသည်။ ထို့ ပြင် ကြွက်သားများ ကျုံ့ ခြင်းဆန့့်ခြင်းကို အားပေးသဖြင့်  ခြေသလုံးကြွက်သားများကို ကြွက်မတက်စေ နိုင်ပါ။

12. သွေးအားနည်းရောဂါ မှ ကာကွယ်ပေးနိုင်ပါသည်။

အသားအရေအတွက် ကျွဲကောသီးအစွမ်း။

အသားအရေဆိုသည်မှာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံကာရံပေးထားသော အကြီးဆုံးအင်္ဂါတစ်ခုဖြစ်သည့် အရေပြားကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ မိမိ ၏ နေ့ တဓူဝ နေထိုင်စားသောက်မှုကြောင့် ဝက်ခြံ၊ အဖုအပိမ့်နှင့် အစက်အပြောက်များ ထွက်လာနိုင်သလိ၊ု ကြည်လင်စိုပြည်သည့် အသားအရေကိုလည်း ပိုင်ဆိုင်နိုင်ပါသည်။ ဘေးဥပါသ် ကင်းဝေးစွာဖြင့် အသားအရေလှပမှုအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာများကတော့ အရောင်အဆင်း အမျိုးမျိုးရှိသော သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်များသာ ဖြစ်ပါသည်။

ကျွဲကောသီးသည် အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအသီးဖြစ်သဖြင့် ဗီတာမင်စီ ကြွယ်ဝစွာပါရှိခြင်းခြင်းကြောင့် အရေပြားထဲက ကိုလေဂျင်ခေါ် အမျှင်ဓာတ်ကို ကျန်းမာပြီး တင်းရင်းစေသည့်အတွက် အသားအရေကို နုပျိုလှပစေ ကာ အရွယ်တင်နိုပျိုစေမှာ အမှန်ပါ။ အထူးသဖြင့် ကျွဲကောသီးအခွံထဲတွင် အသားအရေကို ဖြူစင်ဝင်းမွတ်စေသည့် ဆေးဘက်ဝင်အစွမ်းထက်မြတ်သော အဆီတစ်မျိုး ပါရှိပါသည်။ ထိုအဆီကိုအခြေခံ၍ မျက်နှာလိမ်းကရင်မ်၊ ကိုယ်လိမ်းကရင်မ် နှင့် ဂျိုင်းလိမ်း Roll On တို့  ထုတ်လုပ်ကြပါသည်။

မပင်မပန်း အလုပ်မရှုပ်စေဘဲ၊ မိမိ အိမ်မှာပင် ကျွဲကောသီး ဖြင့် အသားအရေထိန်းသိမ်းနိုင်ပါသည်။ ဦးစွာ ရေချိုးပြီး နောက်၊ မျက်နှာအနှံ့ နှင့် ဂျိုင်းသားများကို အရည်ညှစ်ထားသော ကျွဲကောသီး အရည်ဖြင့် စိမ့်ဝင်အောင် လိမ်းပေးပါ။ ကျွဲကောသီးအခွံကို အနဲငယ်ညှစ်ပြီး ထွက်လာသော သတ္တုရည်ဖြင့် ဂျိုင်းသားများကို လိမ်းကျံပေးနိုင်ပါသည်။ နောက် ၁၅-မိနစ်ခန့် အကြာတွင် မျက်နှာနှင့် ဂျိုင်းသားများကို ရေအေးဖြင့် ပြန်လည်ဆေးကြောပေးဘို့ မမေ့ပါနှင့်။ ထိုကဲ့သို့  တစ်နေ့ တစ်ကြိမ် မှန်မှန်လိမ်းပေးရုံဖြင့် ရက်သတ္တပတ်အနဲငယ်အတွင်း ဂျိုင်းသားများ ဖြူဖွေးလာပါလိမ့်မည်။ မျက်နှာ အသားအရေကို အစိုဓာတ်ထိန်းသိမ်းပေးပြီး တင်းရင်းဝင်းစိုလာခြင်း၊ ချွေးပေါက်များ ပွင့်စေပြီးဝက်ခြံပျောက်ခြင်း ...စသည်ဖြင့် အကျိုးကျေးဇူးများစွာ ခံစားနိုင်ပါလိမ့်မည်။

မှတ်ချက်။

(၁) အသားကို ဖုံးအုပ်ထားသော အဖြူရောင်အခွံပါးသည် အတန်ငယ် ခါးသက်သက်ရှိသော်လဲ၊ ကင်ဆာဆဲလ်များကို ကောင်းစွာ နှိမ်နှင်းနိုင်သည့်အတွက် ထိုအခွံပါးကို စားပေးသင့်ပါသည်။

(၂) အလေးချိန်စီးသော ကျွဲကောသီးသည် အရည်လည်းပိုရွှမ်းပါသည်။

(၃) အဖြူရောင် သီးထက် ပန်းရောင် (သို့ မဟုတ်) အနီရောင် အသီးတို့ ကအရသာပိုချိုပြီး၊ အာဟာရဓာတ်လဲ ပိုပါသည်။

(၄) အမှည့်လွန်ပြီး ပျော့နေသော အသီးများနှင့် ဒဏ်ရာရှိနေသောအသီးများကို ရှောင်ရှားသင့်ပါသည်။
သတိပြုရန်။
(၁) အချို့ သောသူများသည် မွေးရာပါ ဗိုက်တာမင်စီ နှင့် ဓာတ်မတည့်သူများရှိပါသည့်အတွက် ဗိုက်တာမင်စီ ကြွယ်ဝ သော ကျွဲကောသီးကို စားမိပါက၊ အရေပြားပေါ်တွင် အဖုအပိမ့်အနီစက်များထွက်ပြီး၊ အရေပြားရောင်ရမ်းစေတတ် ပါသည်။

(၂) ဗိုက်တာမင်စီ ကြွယ်ဝသော သီးနှံဖြစ်သဖြင့် အလွန်အကျွံစားသုံးပါက၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ၀မ်းချုပ် ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
(၃) ကျွဲကောသီး ကို သံပုရာသီး နှင့်တွဲဖက်မစားသင့်ပါ။ သေစေနိုင်ပါသည်။

++++++++

“ အာရောဂျံ ပရမံလာဘံ ” ကျန်းမာရေး သည် လာဘ်ကြီးတစ်ပါးပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက်၊ ကြိုတင်ကာ ကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပါ။ ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်များပြီး၊ ကုသရန်ခက်ခဲသော ကင်ဆာရောဂါ ဆိုးကြီးများအတွက် ကျွဲကောသီးက တစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုပေးလျှက်ရှိရာ၊ ယခုလို မိုးရာသီတွင် သာ ပေါပေါများများ ရရှိသော ရာသီစာသီးနှံတစ်ခု ဖြစ်သည့် ကျွဲကောသီးကို ကင်ဆာကာကွယ်ဆေးအဖြစ် “ အစာလဲ ဆေး၊ ဆေးလဲအစာ ” ဆိုသလို သင့်တင့်မျှတစွာ စားသုံးပေးကြစေလိုပါကြောင်း……..။

ဘာသာပြန်သူ (ပေါက်ပေါက်)

ref : internet (health benefits of Pomelo)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။