MM Social Sky
Henry Ford ဆိုသူကို ကားနဲ့ပတ်သက်ပြီးတော့ တီထွင်ဖန်တီးမှုရှင်အဖြစ်လည်းကောင်း၊ စက်မှုလုပ်ငန်းရှင်တစ်ဦးအနေနဲ့လည်းကောင်း လူသိများကြပါသလို "welfare capitalism” ဆိုတဲ့ လူမှုရေးကူညီမှုအစီအစဉ်ကို စတင်တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။
အစောပိုင်းမှာ သူက သူ့ရဲ့ စက်ရုံဝန်ထမ်းတွေ မကြာခဏနှုတ်ထွက်နေတဲ့ အခြေအနေကို ပြုပြင်ဖို့ကြိုးစားခဲ့ရပါတယ်။ နှစ်စဉ် ရာထူးနေရာ အခု ၁၀၀ အတွက် ၀န်ထမ်းပေါင်း ၃၀၀ ကျော်ကို ပြန်လည် ဌားရမ်းခေါ်ယူ...နေရတာကြောင့် ရေရှည်မှာ စက်ရုံလည်ပတ်မှုကို တစ်နည်းမဟုတ်တစ်နည်း ထိခိုက်လာမှာကို Ford က ကြိုမြင်ခဲ့ပါတယ်။ 1914 ခုနှစ်မှာတော့ သူဟာ သူ့ရဲ့ ၀န်ထမ်းတွေကို တစ်ရက်လုပ်ခ $ 5 နှုန်းနဲ့ ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဈေးနှုန်းဟာ ယနေ့ခေတ် ငွေကြေးတန်ဖိုး $ 120 နဲ့ ညီမျှပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ တစ်နိုင်ငံလုံးကို အံအားသင့်သွားစေခဲ့သလို သူ့ဝန်ထမ်းများအများစုရဲ့ လုပ်ခထက် နှစ်ဆပိုမို များပြားနေပါတယ်။
Ford ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့် အကောင်းတကာ့အကောင်းဆုံးသော စက်ပြုပြင်ရေးသမားတွေဟာ Ford ဆီကို ရောက်ရှိလာခဲ့ကြပါတယ်။ ၀န်ထမ်းနှုတ်ထွက်မှုပြဿာနာလည်း လျော့ကျသွားခဲ့သလို ထုတ်လုပ်မှုတွေမြင့်လာခဲ့ပြီး training cost တွေလည်း အကုန်အကျသက်သာသွားခဲ့ပါတယ်။
ဝင်းကို ( MM Social Sky )
ဝင်းကို ( MM Social Sky )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။