အာကာသ နှင့် စကြာဝဠာ
>>နေကြတ်သော- နေ့၏ လကွယ်ညတွင် မွေးဖွားခဲ့သူ (သို့) ကမ္ဘာမြေကို သွေးအများဆုံး စွန်းစေခဲ့သူ.. ဂျင်ဂစ်ခန်<< (ပုံပြင်) (၂)
နေကြတ်သော- နေ့၏ လကွယ်ည.
နေတစ်ခုတည်း ကြတ် သည်မဟုတ်- များစွာသော ဂြိုဟ်တို့သည်-
လောင်ဂျီတွဒ် မျှသာ မက- Declination ခေါ် လတ္တီတွဒ်အားဖြင့်လည်း-...
ကမ္ဘာနှင့် တစ်တန်းတည်း နီးနီး ကျရောက် နေခဲ့သဖြင့်- သာမာန် ဂြဟ ယုဒ္ဓ
ခေါ် ပုံမှန် ဂြိုဟ်စစ်ထိုးချင်းမျိုး မဟုတ်ပဲ- အထူး ဂြဟ ယုဒ္ဓ ဟုပင် ခေါ်တွင်
ရမည် ဖြစ်၏။

တာတာ လူမျိုးစု - တစ်စု၏ ခေါင်းဆောင် တစ်ဦး ဖြစ်သော- “ယဆုခယ်” မှ
မွေးလာသော ထိုကလေးငယ်ဟာ “တမူးဂျင်” ဟု အမည်ပေးခဲ့ကြ၏။
ထိုကလေးငယ် သည်- နောင် နှစ်ထောင်ပေါင်း များစွာ အထိ ကမ္ဘာပေါ်ရှိ လူမျိုး အားလုံးမှ- “ဂျင်ဂစ်ခန်” ဟု သိရှိသွားကြရသော-
တစ်နည်းအားဖြင့်- ထိုစဉ်ကာလ- က ကမ္ဘာ့လူဦးရေ၏ အပုံ ၂၀ ပုံ
တစ်ပုံ- တစ်နည်းအားဖြင့် လူဦးရေ ၅ ရာခိုင်နှုန်း ခန့်ကို
အသက်ပျောက်စေခဲ့သော-
မဟာ အလက်ဇန္ဒား ဘုရင်၏ အင်ပိုင်ယာ၏ ၄-ဆ။
အနှစ် ၄၀၀ တည်ဆောက်ခဲ့ရသော ရောမ အင်ပိုင်ယာ၏ ၂-ဆ
ကျယ်ပြန့်သော အင်ပိုင်ယာ ကို အနှစ် ၂၀ ကျော်အတွင်း
တည်ဆောက်ခဲ့သည့်-
မွန်ဂို စစ်ဘုရင်ကြီး ဖြစ်လာမည် ဟု မွန်ဂို မိသားစုဝင်များက ထိုအချိန်က
မသိရှိခဲ့ရ..
သို့သော်-
အချို့သော- ကောင်းကင် နက္ခတ် ပညာကို တတ်ကျွမ်း နားလည်ကြသော-
အာရပ်၊ စပိန်၊ ဂရိ၊ ရောမ နှင့် စစ္စလီ နက္ခတ်ပညာ ရှင် အချို့တို့သည်-
ကမ္ဘာပေါ်တွင် ကြီးမားသော အန္တရာယ် မုန်တိုင်းကြီး တစ်ရပ် ကျရောက်မည်။
ထိုကာလသည်- ဂြိုဟ်များ အားလုံး- တူရာသီ အနီး အနားတွင် တစ်ပြိုင်နက်
စုစည်းတည်နေသော ကာလပိုင်း ဖြစ်မည်ဟု ဟောပြော ခဲ့ကြ၏။
ဆက်လက်ဖော်ပြပါမည်
Credit to နျူမာန် (မိုးတား)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။