Golden Land Myanmar added 10 new photos to the album ရေမချိုးကြသူများ.
ချစ်ခင် ရသော စာဖတ် သူ များကို ဒီပိုစ့်လေးမှာတော့ တစ်သက်မှာ တစ်ခါလေး တောင် ရေမချိုး တဲ့ လူမျိုးနွယ်စု အကြောင်းလေး ပြောပြ ချင်မိ တာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုး တစ်စုဟာ နမီးဘီးယား နိုင်ငံ မြောက်ပိုင်း မှာ နေထိုင် ကြပြီးတော့ လူသိ နည်းတဲ့ မျိုးနွယ်စု ဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက် ဖွံ့ဖြိုးမှု အလွန် နည်းပါး ကြပါတယ်။ သူတို့ လူမျိုးစု ရဲ့ စိတ်ဝင် စားစရာ ကောင်းတဲ့ အချက် က သူတို့ဟာ ဘယ်တော့ ခါမှ ရေချို...း ကြသူများ မဟုတ် ကြပါဘူး။ ရေမချိုး ကြတဲ့ အတွက် သန့်ရှင်းရေး မလုပ်ဘူး လားလို့ မေးစရာ ရှိပါတယ် .. ဒီလို လည်း မဟုတ်ပါဘူး။ သူတို့ လူမျိုး တွေ ဟာ သန့်ရှင်းရေး လည်း လုပ်ကြပါတယ် ...
ဒါပေမဲ့ သူတို့ သန့်ရှင်းရေး လုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင် တာ မျိုးတော့ မဟုတ် ပါဘူး။ Ovahimba လူမျိုးတွေ ရဲ့ စိတ်ဝင်စား ဖွယ် ကောင်းတဲ့ သန့်ရှင်းရေး လုပ်တဲ့ ထုံးတမ်း စဉ်လာ နည်း ကို ဖော်ပြ ရရင် မနက်စောစော မှာ သူတို့ လူမျိုးတွေ အသုံးပြု တဲ့ ဆေးမြစ် တွေ ကို မီးရှို့ပြီး တဲ တစ်ခုလုံး မီးခိုးတွေ ဖုံးနေတဲ့ အခါ ၄င်း မီးခိုးလုံး တွေ ကြားမှာ နှစ်နာရီကြာ မျှ ထိုင်နေခြင်း ဟာ သူတို့ အတွက် သန့်ရှင်းရေး လုပ်နည်း ပါ လို့ ဆိုပါတယ်။ သူတို့ ဝတ်ဆင်တဲ့ သားရေ ထည် ပစ္စည်းတွေ ကိုလည်း ဒီလို မီးခိုးတွေ နဲ့ဘဲ သန့်ရှင်းရေး လုပ်ကြတာ ဖြစ်ပါတယ်။
သူတို့ကိုယ်ခန္ဓာ ပေါ်မှာ အဝတ်အစား ဆိုတာ မရှိ သလောက် နည်းပါး ပြီးတော့ အမျိုးသမီး ကလေး လူကြီး အားလုံးဟာ လည်းပင်း မှာ ပုတီး လို အဆင် တန်ဆာ များ ကို ဝတ်ဆင် ထားတတ် ကြပါတယ်။ သို့သော် လည်း အမျိုးသမီး တွေ မှာတော့ အိမ်ထောင် ရှိသူနဲ့ မရှိသူ ဆွဲကြတဲ့ လည်ဆွဲ ချင်း ကတော့ မတူညီ ကြပါဘူး။
အဲဒီ ဒေသ ကို ရောက်ခဲ့ ကြသူများ ကတော့ Ovahimba လူမျိုး တွေ သန့်ရှင်းရေး လုပ်တဲ့ အချိန်မှာ သူတို့ နေထိုင်ရာ တဲ အတွင်းမှာ မီးခိုးလုံး တွေ ပြည့်နေ့ ပြီးတော့ အသက်တောင် ကောင်းကောင်း ရှူလို့ မရခဲ့ ကြဘူးလို့ ပြန်လည် ပြောပြ ကြပါတယ်။ မီးခိုးတွေ နဲ့ဘဲ သန့်ရှင်းရေး လုပ်လို့လား မသိ။ သူတို့ရဲ့ အသားအရေ ကတောင် မီးခိုးရောင် ပေါက်နေ သလို ပါဘဲ။
( ရေချိုးပျင်း သူများ၊ အဝတ်လျှော် ရမှာ ပျင်းသူများ အတွက်တော့ Ovahimba လူမျိုးနွယ်စု တွေ နေထိုင် တဲ့ နမီးဘီးယား နိုင်ငံ မြောက်ပိုင်း မှာ သွားနေ ကြည့်ဖို့ အကြံ ပေးချင် ပါတယ် )
ချော ( အစိမ်းရောင် လွင်ပြင် )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။