Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 11, 2013

မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ........


မင်္ဂလာမဆောင်ခင် သတို့သား၊ သတို့သမီးတို့ သိထားသင့်သမျှ ........

ကြိုတင်စိတ်မော
လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။
မင်္ဂလာခန်းမမှာ အ...ဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။

လက်မထပ်ခင် ဆေးစစ်ခြင်း
လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။

ရောဂါတွေ့ခဲ့လျှင်
ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

သားသမီးရယူရေး
အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။

သားသမီးဦးရေ
ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။

စောင့်ထိန်းမှု
အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။Health

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။