အာကာသ နှင့် စကြာဝဠာ
>>နေကြတ်သော- နေ့၏ လကွယ်ညတွင် မွေးဖွားခဲ့သူ (သို့) ကမ္ဘာမြေကို သွေးအများဆုံး စွန်းစေခဲ့သူ.. ဂျင်ဂစ်ခန်<< (ပုံပြင်)
အချိန်သည်ကား-
မွန်ဂို ကုန်းမြေမြင့် တောင်တန်း တွင် နေထိုင်သူများ အဘို့- အေးမြသော
ဆောင်းဒဏ်ကို အရိုးခိုက်အောင် ခံစားကြရသည့်- စက်တင်ဘာလ ကာလ ည တစ်ည ဖြစ်တော့၏။

ဖြစ်ချင်တော့- အစွန်းရောက် သော မွန်ဂို ရာသီဥတု၏ အရိုးခိုက်အောင်
အေးမြသည့် ဆောင်းလေ တစ်သုန်သုန် တိုက်နေသည် သာ မက - ယနေ့ည
အဘို့မှာမူ- လမင်း၏ ချမ်းမြေ့သော လွှမ်းမိုးမှု အလင်းရောင် ကိုပါ
မြင်တွေ့ခွင့်မရသည့် လကွယ်နေ့ညလည်း ဖြစ်ပြန်၏။
တစ်နည်းအားဖြင့်- ဆောင်းကာလ လကွယ်ည၏ သန်းခေါင် မတိုင်မီ လေး-
မိုးတိမ်များ ကင်းစင်သော မွန်ဂိုတောင်တန်းများ တွင် လရောင်၏ လွှမ်းမိုးမှု
ကင်းမဲ့ ပျောက်ဆုံးနေခြင်းကြောင့်- အခြားသော ကြယ်၊ နက္ခတ် တာရာများကို အခြားခြား သော နေ့များနှင့် များစွာ ပိုသာလျှက်-ယနေ့ည တွင် မြင်တွေ့ရသည် ဟုဆိုနိုင်တော့၏။
အထက်ပါ- ကြယ်၊ နက္ခတ် တာရာတို့တွင်- လုံးဝ ပါဝင်ပဲ ကောင်းကင်ယံတွင်
ထူးခြားစွာ ပျောက်ဆုံး နေသည် များက- တော့ .. တနင်္ဂနွေ မှ- စနေ အဆုံး
ဂြိုဟ် ၇-လုံးတို့ ပင် ဖြစ်ကြ၏။
နေမင်း၊ လမင်း၊ ဆိုသော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊
သောကြာ၊ စနေ ဆိုသော- နေ့ ၇-နေ့ ကို အစိုးရသော ဂြိုဟ်မင်း ၇-နှစ်လုံး
တို့သည် မိုးကုတ် စက်ဝိုင်းအောက်တွင် ရောက်နေသဖြင့်- ယခု အခိုက်တွင်
မမြင်ရနိုင်။ တိုက်ဆိုင်လွန်းသည်က- ထို ၇-လုံးသော ဂြိုဟ် အားလုံးတို့သည်
ယခု ကာလတွင် မိုးကုတ်စက်ဝိုင်း အောက်ဘက် ရောက်နေသော
ကန်ရာသီတွင် တည်လျှက်- တိတိ ကျကျ အားဖြင့် ဆိုရပြန်သော်- အင်္ဂါနှင့်
ဗုဒ္ဓဟူးတို့သည် ကန်ရာသီ စိတြ နက္ခတ်၊ ကျန်ဂြိုဟ် ၅-လုံးတို့သည်- ကန်
ရာသီ- ဟဿတ နက္ခတ် တို့တွင် တစ်ပြိုင်နက် တည်ရှိနေခိုက်-
တစ်နည်းအားဖြင့်- ဆိုပြန်လျှင်လည်း- ထိုဂြိုဟ်တို့သည်- အံသာများ အလွန်နီးစပ်စွာ ပူးကပ်နေခြင်းကြောင့်- ဂြိုဟ်များ အချင်းချင်း အားပြိုင် စစ်ထိုးနေသည်ဟု ခေါ်တတ်ကြသော- ဂြဟယုဒ္ဓ အချိန်-
ပုံမှန်အားဖြင့်- ဂြိုဟ် ၂-လုံး၊ ၃-လုံးမျှသာ အားပြိုင်ရတတ်သော်လည်း- ယခု -
ယနေ့ တွင်တော့- ရှိရှိသမျှ သော ဂြိုဟ်များ အားလုံး လိုလို အားပြိုင်
စစ်ထိုးနေကြချိန်။
လူသား ကလေးငယ် တစ်ယောက်- ကမ္ဘာမြေပြင်သို့ ရှင်သန် ရောက်ရှိခဲ့၏။
ထပ်မံ၍- ထူးခြားသည်ကလည်း- မွေးဖွားလာသော ကလေးငယ်သည်- ရဲရဲနီသော သွေးခဲ တစ်ခုကို လက်တွင် ဆုပ်ကိုင်လျှက်- မိခင်၏ ၀မ်းဗိုက်မှ သည် ပြင်ပ လောက ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
ထပ်မံ၍- ဆိုရပြန်လျှင်လည်း-
ထိုနေ့သည်ကား-
ပုံမှန် လကွယ်ညမျိုး မဟုတ်-
နေကြတ်သော- နေ့၏ လကွယ်ည.....

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။